Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Skyscraper” မှာ ခုန်ချတဲ့ ဇာတ်ဝင်ခန်းကို တကြိမ်တည်း အပြီးရိုက်ခဲ့တဲ့ Dwayne Johnson

$
0
0

အက်ရှင်မင်းသား Dwayne Johnson က လက်ရှိ ရုံတင်ပြသနေတဲ့ “Skyscraper” ရုပ်ရှင်ထဲမှ ဝန်ချီစက် ပေါ်ကနေ ခုန်ကူးရတဲ့ ဇာတ်ဝင်ခန်းမှာ တကြိမ်မက ထပ်လုပ်ရပါက ဆေးရုံရောက်သွားနိုင်တဲ့အတွက် တခါတည်းနဲ့ အပြီးအပြတ် ရိုက်ကူးဖို့ ဒါရိုက်တာကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရုပ်ရှင် ထဲမှာတော့ မင်းသား Johnson ရဲ့ ဒုက္ခိတ သူရဲကောင်း ဇာတ်ကောင်ဟာ ကရိန်းပေါ်ကနေ ဇနီးနဲ့ ကလေးတွေကို ဓားစာခံအဖြစ် ဖမ်းခံထားရတဲ့ မိုးမျှော်တိုက် တခုဆီကို ခုန်ကူးဖို့ ကြိုးပမ်းခဲ့တဲ့ ဇာတ်ဝင်ခန်း ပါဝင်ပါတယ်။

ရင်သပ်ရှုမောရတဲ့ အဲဒီဇာတ်ဝင်ခန်းဟာဆိုရင် ရုပ်ရှင်ရဲ့ အမြည်းဗီဒီယိုထဲမှာ ပါဝင်ပြီး အခုတော့ နပန်းသမားဟောင်း မင်းသားက လေထဲမှာ ပေ ၄၀ လောက် တကယ်ခုန်ချခဲ့ရတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မင်းသား Johnson က “ကျနော်စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဒါပေမယ့် ကျနော် လုပ်ခဲ့ပါတယ်။ ကျနော် ပြေးပြီးတော့ ခုန်ချလိုက်ပါတယ်။ တကြိမ်တည်းနဲ့ပါ။ ကျနော်က ဒါရိုက်တာ Marshall Thurber ကို တကြိမ်တည်းနဲ့ အပြီး ရိုက်မယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကျနော့်ရဲ့ ပေါင်ကြွက်သား ထိပ်ပိုင်းနဲ့ တင်ပဆုံကြွက်သား စုတ်ပြဲသွားခဲ့လို့ ကောင်းကောင်း ခုန်ချဖို့ ကျနော့်အတွက် တော်တော်လေးကို ခက်ခဲခဲ့တာပါ။ ဒါပေမယ့် အဲဒါဘယ်လိုလဲ ဆိုတာ ရုပ်ရှင်ထဲမှာ မြင်တွေ့ရမှာပါ ” လို့ Entertainment Tonight အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကို ယနေ့၊ ဇူလိုင်လ ၁၃ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင် ပြသနေတာ ဖြစ်ပြီး မင်းသား Johnsonကတော့ အမြင့်ကြောက်တဲ့ ပရိသတ်တွေအတွက်ပြဿနာ ဖြစ်နိုင်တယ်လို့ ဝန်ခံပြောကြားထားပါတယ်။

မင်းသားက “တကယ်လို့များ ခင်ဗျားတို့က အမြင့်ကြောက်ရင် သူငယ်ချင်း တယောက်ကို ခေါ်သွားပါတယ်။ ဒါမှမဟုတ် အမြင့်ကြောက်တတ်တဲ့ ရောဂါရှိရင် သူငယ်ချင်းတယောက်ကို ခေါ်လာပါ” လို့ ပြောကြားထားပါတယ်။

Ref:aceshowbiz

The post “Skyscraper” မှာ ခုန်ချတဲ့ ဇာတ်ဝင်ခန်းကို တကြိမ်တည်း အပြီးရိုက်ခဲ့တဲ့ Dwayne Johnson appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...