Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“တက္ကသိုလ် ကျောင်းတုန်းက ကောင်လေးတွေကို ပညာပေးတာမျိုး မရှိပါဘူး” ဆိုတဲ့ အိချောပို

$
0
0

သရုပ်ဆောင် အိချောပိုက မကြာခင် ရုံတင်ပြသတော့မယ့် “ကြွေ” ဇာတ်ကားမှာ “ခင်ရင်တင်” ဆိုတဲ့ ဇာတ်ကောင်နဲ့ တက္ကသိုလ်က ကျောင်းသားတွေကို အချစ်ရေးနဲ့ပတ်သက်ပြီး ပညာပေးတဲ့သူ တယောက် အနေနဲ့ ပါဝင် သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

“အိချော အရမ်းကို စိတ်လှုပ်ရှားနေတယ်။ ဒီကားကလည်း အရင်တုန်းက အရမ်းကောင်းထားတဲ့ ကားလေးကို ပြန်ရိုက်ထားတာဆိုတော့ အိချောအနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ ပြီးတော့ အိချော ရိုက်နေကျ ပုံစံ မဟုတ်ဘဲ ပြောင်းပြီးတော့ သရုပ်ဆောင်ထားပါတယ်။ ဒီကားထဲက ဝတ်စုံလေးတွေက ဒီဇိုင်နာ ကိုမျိုးမင်းစိုး လက်ရာတွေပါ။ ကိုမျိုးမင်းစိုးက အိချောနဲ့ လိုက်မယ့် ဝတ်စုံတွေကို ဆင်ပေးတာပေါ့နော်။ အောက်က ပြောင်လေးတွေနဲ့ အပေါ်က ဇာလေးတွေနဲ့တွဲပြီး အရောင်လွင်လွင်လေး ချုပ်ပေးထားတာပါ” လို့ အိချောပိုက ပြောပါတယ်။

အိချောပိုက တက္ကသိုလ်ကျောင်းသားဇာတ်ကား ရိုက်တော့ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေကို သတိရကြောင်းနဲ့ ဇာတ်ကားထဲမှာတော့ ကောင်လေးကို ပညာပေးတာမျိုးရိုက်ကူးထားပြီး တက္ကသိုလ်ကျောင်းတုန်းက ကောင်လေးတွေကို ပညာပေးတာမျိုးမရှိဘူးလို့ ပြောပါတယ်။

“အပြင်မှာ ဒီကားထဲကလို ပုံစံလေးဆိုရင် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ချစ်သူက ကိုယ်ခိုင်းသမျှ လုပ်ပေးတယ်။ ကိုယ် စိတ်ချမ်းသာအောင် ထားတယ်ဆိုရင် ဘယ်သူမဆို ပျော်ကြမှာ၊ ကျေနပ်ကြမှာပဲနော်။ ဒီကားရိုက်တုန်းက တက္ကသိုလ် ကျောင်းတုန်းက သူငယ်ချင်းတွေ ပျော်တာပါးတာကို သတိရတာပေါ့နော်” လို့ အိချောပိုက ပြောပါတယ်။

“အိချော တက္ကသိုလ် ကျောင်းတုန်းက သူများကို ပညာပေးတာတွေ ဘာတွေ မရှိပါဘူး။ အိချော ခန္ဓာကိုယ်ပိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ရတာတော့ မရှိဘူး။ တခုပဲ ပထမမိုးတွင်းမှာ ရိုက်တယ်။ မိုးတွင်းပြီးမှ ပြန်ရိုက်တာ ရှိတဲ့အတွက် မျက်နှာပိုင်းလေးတွေ ဝသွားတာတို့၊ ပိန်သွားတာတို့တော့ အနည်းအကျဉ်း ရှိပါတယ်” လို့ အိချောပိုက ဆိုပါတယ်။

“အိချောလည်း အတတ်နိုင်ဆုံးတော့ ကြိုးစားထားပါတယ်။ ဒီကားလေးကြည့်ပြီးသွားရင် မိန်းကလေးတွေ ကောင်လေးတွေကို ပညာပေးမယ်ဆို ဒီဇာတ်ကားလေးကို ကြည့်ကြည့်ပါ။ ပြီးသွားရင် ကောင်လေး ပညာပေးတဲ့ အခန်းကျရင် လက်ခုပ်တီးတာ ခံရလိမ့်မယ်”လို့လည်း အိချောပိုက ပြောပါတယ်။

သရုပ်ဆောင် အိချောပိုဟာ အနုပညာပညာပျိုးခင်းမှ စင်တင် မင်းသမီးတဦးဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ် အားပေးမှု ရရှိလာခဲ့ပြီး နောက်ပိုင်း ဇာတ်ကားများစွာကို ပီပြင်စွာ သရုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။ “ကြွေ” ဇာတ်ကားမှာတော့ အဆိုတော် လွှမ်းပိုင်နဲ့ တွဲဖက်သရုပ်ဆောင်ထားပြီး “ကြွေ” ရုပ်ရှင်ကို ဇူလိုင် ၂၀ ရက် နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

The post “တက္ကသိုလ် ကျောင်းတုန်းက ကောင်လေးတွေကို ပညာပေးတာမျိုး မရှိပါဘူး” ဆိုတဲ့ အိချောပို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...