Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဲလိဇဘက် ဘုရင်မကြီး လုံးဝ မစားတဲ့ အစားအစာ ၅ မျိုး

$
0
0

အင်္ဂလန်နိုင်ငံက ဘုရင်မကြီး အဲလိဇဘက် (Queen Elizabeth II) အနေနဲ့ ကျန်းမာရေးကြောင့် မဟုတ်ဘဲ တချို့သော အစားအစာတွေကို လုံးဝ မစားဘဲ နေလေ့ရှိတယ်လို့ တော်ဝင်မိသားစုရဲ့ စားဖိုမှူး McGrady က ဆိုပါတယ်။

တော်ဝင်မျိုးနွယ်တွေရဲ့ ထူးထူးဆန်းဆန်း အကျင့်စရိုက်တခုလို့ ပြောလို့ရအောင်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အဲလိဇဘက် ဘုရင်မကြီး လုံးဝ မစားတဲ့ အစားအစာ ၅ မျိုးကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေ လိုက်ပါတယ်။

(၁) ကြက်သွန်

တော်ဝင် မိသားစုအတွက် ဟင်းလျာတွေချက်ပြုတ်တဲ့အခါ ကြက်သွန်ကို ထည့်သွင်း ချက်ပြုတ်လေ့မရှိဘူးလို့ ဘုရင်မကြီးရဲ့ စားဖိုမှူး McGrady ကဆိုပါတယ်။ ကြက်သွန်ဖြူရော ကြက်သွန်နီပါ အနံ့ စူးရှတာကြောင့် အဲလိဇဘက် ဘုရင်မကြီးက စားသုံးဖို့ ရှောင်ကြဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

(၂) ပါစတာ (Pasta)

အဲလိဇဘက် ဘုရင်မကြီးဟာ ကစီဓာတ်ကြွယ်ဝတဲ့ ပါစတာနဲ့ အာလူးလို အစားအစာမျိုးကို စားသုံးလေ့ မရှိဘူးလို့ တော်ဝင် စားဖိုမှူး McGrady ကဆိုပါတယ်။ နေ့လည်စာအဖြစ် ပါစတာလို အစားအစာတွေထက် အရွက်သုပ်၊ ငါးကင်၊ ကြက်ကင်နဲ့ အခြား အသီးအရွက် နှစ်မျိုးလောက်ကိုသာ စားသုံးလေ့ရှိတယ်လို့ ဆိုပါတယ်။

(၃) ဥ

အဖြူရောင်ရှိတဲ့ ဥတွေထက် အညိုရောင်ရှိတဲ့ ဥတွေကိုသာ စားသုံးလေ့ရှိပါတယ်။

(၄) ပေါင်မုန့်ဘေးသား

တူနာ Sandwich ကို စွဲစွဲမြဲမြဲစားသုံးလေ့ရှိပေမယ့် ပေါင်မုန့်ဘေးသားကိုတော့ ဘယ်တော့မှ စားလေ့ မရှိပါဘူး။

(၅) ငှက်ပျောသီး

အဲလိဇဘက် ဘုရင်မကြီး အပါအဝင် တော်ဝင်မိသားစု တစုလုံးဟာ ငှက်ပျောသီးကို အလုံးလိုက်ကိုင်ပြီး ဘယ်တော့မှ စားလေ့ မရှိပါဘူး။ ငှက်ပျောသီးကို အလုံးလိုက် ကိုင်စားခြင်းဟာ မျောက်တွေသာ စားလေ့ရှိတာလို့ ယူဆကြတာကြောင့် ငှက်ပျောသီးကို လှီးဖြတ်ပြီးမှ ခရင်းကို အသုံးပြုပြီး စားလေ့ရှိကြပါတယ်။

Ref ; www.rd.com

The post အဲလိဇဘက် ဘုရင်မကြီး လုံးဝ မစားတဲ့ အစားအစာ ၅ မျိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ချယ်ရီရိပ်က မြတ်ဆရာများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


မနောမယအိမ်ခြံမြေရောင်းနည်း


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


Sao Kun Hoo (2012) 18+


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ