Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးအေးအေးနဲ့ ရင်တထိတ်ထိတ် ကြည့်ရမယ့် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင် “Blackmail”

$
0
0

ဒီတခါမှာတော့ IMDB rating (7.1) အထိရရှိထားတဲ့ Thriller Drama (သည်းထိတ်ရင်ဖို ဒရာမာ) ရုပ်ရှင် အမျိုးအစား ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Abhinay Deo က ရိုက်ကူးထားတာဖြစ်ပြီး ဘောလိဝုဒ်ရဲ့နာမည်ကြီးမင်းသား Irrfan Khan နဲ့ မင်းသမီး Kirti Kulhari တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ သာမန်ကုမ္ပဏီဝန်ထမ်းတယောက်ဖြစ်တဲ့ ဒေးဗ်ဟာ အိမ်ထောင်သည် တဦး ဖြစ်ပေမယ့် အေးတိအေးစက် အိမ်ထောင်ရေး အခြေအနေကြောင့် အိမ်ကို စောစောမပြန်ဖြစ်ဘဲ ရုံးမှာပဲ နောက်ကျတဲ့အထိ နေတတ်သူတဦးပါ။ တရက်မှာတော့ ဒီလို အေးစက်စက်ဖြစ်နေတဲ့ အိမ်ထောင်ရေး အခြေအနေကို ပြန်လည် အဆင်ပြေစေဖို့ မိန်းမဖြစ်သူကို Surprise လုပ်မယ်ဆိုပြီး အိမ်ကို စောစော ပြန်လာတဲ့ရက်မှာပဲ သူ့မိန်းမဟာ တခြား ယောကျာ်းတယောက်နဲ့ ဖောက်ပြန်နေတာကို တွေ့လိုက်ရပါတယ်။

ထင်မထားတဲ့ အခြေအနေတခုကြောင့် ဒေးဗ်တယောက် ဒေါသထွက်ပြီး နှစ်ယောက်လုံးကို အသေ သတ်လိုက်မယ်လို့ စဉ်းစားလိုက်ပေမယ့် သတ်ပစ်တာထက် ပိုကောင်းတဲ့ အကြံဉာဏ်တခုကို စဉ်းစားမိလိုက်တဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားမှာ ဒေးဗ်ပြောသွားတဲ့ ဒိုင်ယာလေ့ာခ် တခုကိုတော့ တော်တော်လေး နှစ်သက်မိပါတယ်။ “လက်ထပ်တယ် ဆိုတာဟာ နယ်တွေမှာတော့ ပျော်ပွဲရွှင်ပွဲပဲ၊ မြို့ကြီးမှာတော့ နောင်တရစရာပဲ” ဆိုတာပဲ ဖြစ်ပါတယ်။

ဒေးဗ်အဖြစ် မင်းသား Irrfan Khan က သရုပ်ဆောင်ထားတာဖြစ်ပြီး သူ့ထုံးစံအတိုင်း ထုံပေပေ၊ မျက်နှာ ပုံစံကလည်း ဒီဇာတ်ကားနဲ့ တထပ်တည်းကျစေပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုရတာဟာ လူ့သဘာဝ၊ လူ့စရိုက် တော်တော်များများကို တစေ့တစောင်း အကဲခတ်ခွင့်ရခဲ့ပြီး တခါတရံမှာတော့ တချို့လူတွေကို သေခြင်းထက် ပိုဆိုးတဲ့ လူမှုဒုက္ခတွေကိုသာ ခံစားခိုင်းစေတာဟာ ပိုမိုကောင်းမွန်လှတယ် ဆိုတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

“Blackmail” ဇာတ်ကားနဲ့ ပတ်သက်ပြီး နောက်ထပ် ပြောချင်တာတခုကတော့ ဒီဇာတ်ကားမှာ ဘာကိုမှ ကြိုတင် ခန့်မှန်းထားလို့ မရဘူးဆိုတာရယ်နဲ့ ထင်မထားတဲ့ Twist တွေကြောင့် အံ့အားသင့်စွာ ကြည့်ရှုရမှာ ဖြစ်တယ်ဆိုတာ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းပေးလိုက်ပါတယ်။

The post မိုးအေးအေးနဲ့ ရင်တထိတ်ထိတ် ကြည့်ရမယ့် သည်းထိတ်ရင်ဖို ဒရာမာ ရုပ်ရှင် “Blackmail” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...