Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက်ကြီးလာလို့ အနုပညာအလုပ်ထက် စီးပွားရေးဘက် ပိုလုပ်ချင်တဲ့ မေကဗျာ

$
0
0

သရုပ်ဆောင် မေကဗျာက အခုအခါမှာ အနုပညာအလုပ်များ သိပ်မလုပ်ဖြစ်တော့ဘဲ မိခင်ဖြစ်သူရဲ့ ဒီဇိုင်နာအလုပ်၊ စက်ချုပ်တဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ဖြစ်နေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ကိုယ်ကလည်း အနုပညာအလုပ်ကို အသက်ကြီးလာလို့ မလုပ်ချင်တော့ဘူးပေါ့နော်။ သိပ်လည်း မပျော်တော့ဘူး။ မပျော်တော့တဲ့ အခါကျတော့ ကိုယ်ကလည်း စက်ချုပ်တဲ့အပိုင်း လုပ်လာတဲ့အခါကျတော့ ဒီအလုပ်နှစ်ခုက အဆင်ပြေတယ်လေ။ ဒါကြောင့် မေမေ့အလုပ်ကိုပဲ ဝင်လုပ်ဖြစ်တယ်” လို့ မေကဗျာက ဧရာဝတီကို ပြောပါတယ်။

မိခင်ဖြစ်သူနဲ့အတူ အထည်လုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကိုင်နေတာ အချိန် ၁ နှစ်ရှိပြီဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင် စီးပွားရေးဘက်ကိုပဲ ပိုမိုလုပ်ကိုင်သွားဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။

“မေမေ ထောင်ထားတာက Rose Princess ဆိုတဲ့ နာမည်နဲ့ စက်ရုံပေါ့နော်။ ဇာထိုး ၊ ပန်းထိုးစက်ရုံ ထောင်ထားတာပါ။ မေမေ လုပ်နေတာကတော့ ၂ နှစ်လောက်ရှိပြီ။ သမီး ဝင်လုပ်ဖြစ်တာကတော့ တနှစ်လောက်ပဲ ရှိသေးတယ်ပေါ့နော်။ နောက်ပိုင်း မှာ မေမေကလည်း ကဗျာ့ကိုစီးပွားရေးထဲကို ဝင်စေချင်တယ်”လို့ မေကဗျာက ဆိုပါတယ်။

မေကဗျာ့မိခင်က သမီးဖြစ်သူ မေကဗျာကို ငယ်စဉ်ကတည်းကနေ အနုပညာလောကထဲ ရောက်တဲ့အချိန်ထိ ၊ ခေါင်းကနေ ခြေဖျားအထိ ဖက်ရှင်ပိုင်းကို ကိုယ်တိုင် စီစဉ်ဝတ်ဆင်ပေးခဲ့သူတဦလည်း ဖြစ်ပါတယ်။

“Fashion Design ပိုင်းက အမှန်အတိုင်းပြောရလို့ရှိရင် အမေက ကိုယ့်ထက်ပိုပြီးတော့ အမြင်ရှိတာပေါ့နော်။ ဆိုတော့ များသောအားဖြင့် ချိတ်ကာလာ၊အရောင်စပ်တာတို့ဘာတို့ အမေပဲလုပ်တာ။ ကဗျာကျတော့ အစဝယ်တာတို့၊ စက်ရုံမှာ အော်ဒါလာရင် လက်ခံပေးတာတို့၊ စက်တွေ ကြည့်ပေးရတာတို့၊ အထည် ပို့တာတို့ပေါ့နော်။ ကဗျာက အနုပညာအလုပ်လုပ်တဲ့အခါ ကျတော့ အော်ဒါပိုများတာပေါ့နော်။ အော်ဒါ လက်ခံတာ ပိုများတယ်။ ကိုယ်လည်းဒီအလုပ် လုပ်နေတဲ့အခါကျတော့ ကောင်းကောင်းလေးလုပ်ပေးတော့ ယုံကြည်မှု ပိုရှိတယ်” လို့ မေကဗျာက ဆိုပါတယ်။

ဒါ့အပြင် မေကဗျာရဲ့သမီးဖြစ်သူကလည်း ဖက်ရှင်ဒီဇိုင်းပိုင်းကို စိတ်ဝင်စားသူတဦးပါ။ ဒါနဲ့ပတ်သက်လို့လည်း မေကဗျာက အခုလိုဆိုပါတယ်။

“သမီးလေးက ဝါသနာပါတယ် ။ ငယ်ငယ်လေးကတည်းကပဲ။ သူက ဒီဇိုင်းသင်တန်းလည်း တက်ထားတယ်။ ကွန်ပျူတာ ပန်းထိုး ဒီဇိုင်းကိုလည်း သင်တန်းသီးသန့် တက်ထားသေးတယ်။ သူက အမြင်ပိုရှိတယ်။ ပိုနားလည်တယ်။ အဲ့ကလေးလေးက အံသြစရာလေး။ သူလည်းတတ်တယ်။ ကိုယ်လည်းသင်တယ်။ သူက လေ့လာတော့လေ။ တခုခုဆို ဒါကဘာကို ပိုထပ်လုပ်လို့ရတယ်။ ဒါက ထပ်လုပ်လို့ မရဘူးဆိုတာ သူက သိနေပြီ။ ကိုယ်က သင်ပေးရင် သင်ပေးတာပဲ ရတယ်။ အဲ့ကလေးလေးက အဲဒါတခု ထူးခြားမှု ရှိတယ်။ ဘယ်အရာကိုမဆို သူကိုယ်တိုင် သိချင်တဲ့စိတ်နဲ့ လေ့လာတဲ့အခါကျတော့ သူကအိမ်မှာ အားလုံးထက် ပိုသိ၊ ပိုတတ်ဖြစ်နေတယ်” လို့လည်း မေကဗျာက ပြောပါတယ်။

မေကဗျာတို့ စက်ရုံကထိုးထားတဲ့ ချိတ်ဝတ်စုံများကိုလည်း “နှင်းဆီရင်ခွင်” အငြိမ့်အဖွဲ့သားများ ဝတ်ဆင်ပြီး ကပြဖျော်ဖြေတယ်လို့ သိရပြီး ဒီဇိုင်းတွေကိုတော့ သမီးဖြစ်သူက ကူညီဆွဲပေးထားတာလို့ ဆိုပါတယ်။

“တခါတလေကျရင် သမီးကို အပူကပ်ရတယ်။ သူက အိမ်မှာ ဒီဇိုင်းဆွဲတယ်လေ။ ဒီတော့ သမီးလေး မေမေ့ကို လုပ်ပါဦး။ လုပ်ပါဦး။ သူဆွဲပေးထားတာလေးတွေတော့ ရှိပါတယ်။ဒါပေမယ့် စက်ရုံသာလုပ်တယ်။ကိုယ့်ဟာကို ဝတ်စရာကို မရှိဘူး။ အိမ်မှာစက်ကနှစ်လုံးပဲ အခုမှစတာဆိုတော့လေ အော်ဒါထည်နဲ့ပဲ လုပ်နေရတဲ့ အတွက်ကြောင့် ရောင်းဖို့လည်း မထုတ်နိုင်ဘူး။ ကိုယ့်ဖို့လည်းမထုတ်နိုင်ဘူး” လို့ မေကဗျာက ဆိုပါတယ်။

မေကဗျာက လတ်တလောမှာ ဇာတ်ကားရိုက်ကူးရေးတွေ သိပ်မလုပ်ဖြစ်ဘဲ ကြော်ငြာနဲ့ VCD ရိုက်ကူးရေးတွေပဲ လုပ်ဖြစ်နေပြီး မန္တလေးမှာ VCD တပုဒ် သွားရိုက်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

The post အသက်ကြီးလာလို့ အနုပညာအလုပ်ထက် စီးပွားရေးဘက် ပိုလုပ်ချင်တဲ့ မေကဗျာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...