Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Horror ဇာတ်ကားကောင်းကြိုက်သူတွေ ရင်ထထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် “Raw”

$
0
0

ဒီတခါမှာတော့၂၀၁၆ ခုနှစ်က ထွက်ရှိထားပြီး IMDB rating (7.3) ရရှိထားတဲ့ Horror ဒရာမာရုပ်ရှင်အမျိုးအစား “Raw” ရုပ်ရှင်ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Julia Ducournau က ရိုက်ကူးထားတာဖြစ်ပြီး အဓိက မင်းသမီး ၂ လက်အနေနဲ့ Garance Marillier နဲ့ Ella Rumpf တို့က ပါဝင် သရုပ်ဆောာင်ထားကြတာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Justin ဟာ အသားတွေနဲ့ ဓာတ်မတည့်တာကြောင့် ငယ်ငယ်လေးတည်းကနေ သတ်သတ်လွတ်စားတဲ့ Vegetarian တယောက်ဖြစ်ပြီး သူမအပါအဝင် တမိသားစုလုံးဟာလည်း သတ်သတ်လွတ် စားကြတာပဲ ဖြစ်ပါတယ်။

Justin နဲ့ အစ်မဖြစ်သူတို့ဟာ တိရစ္ဆာန်ကုဆရာဝန်ကျောင်းမှာ အတူတက်ရောက်ကြသူတွေဖြစ်ပြီး တရက်မှာတော့ ကျောင်းရဲ့ လူသစ်တွေကို ကြိုဆိုတဲ့ Fresher Welcome ပွဲရဲ့ ထူးဆန်းတဲ့ ကြိုဆိုမှုကြောင့် အသားတွေကို စတင်စား လိုက်ရပါတော့တယ်။ Fresher Welcome ပွဲမှာ စားလိုက်တဲ့ အသားအရသာကို ခံတွင်းတွေ့သွားတဲ့ Justin တယောက် နောက်ရက်မှာတော့ အသားညှပ်ပေါင်မုန့်တွေကို စမ်းစားရာကနေ အသားစိမ်းတွေကိုပါ စားကြည့်တဲ့ အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ အသားစားချင်တဲ့ အာသီသဟာ ဒီလောက်နဲ့တင်ရပ်မသွားပါဘူး။ တရက်မှာ အစ်မဖြစ်သူဟာ မတော်တဆမှု တခုကြောင့် လက်ချောင်းလေးပြတ်သွားပြီး အဲ့ဒီလက်ချောင်းလေးကို Justin က ပြန်ဆက်ပေးမယ်ဆိုပြီး ကိုင်ထားရာ ကနေ အနံ့နမ်းကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ ကိုက်စားလိုက်ပါတော့တယ်။

ဒီအဖြစ်အပျက်ကို အစ်မဖြစ်သူက မြင်သွားပြီး အစ်မဖြစ်သူကိုယ်တိုင်ကလည်း Justin နည်းတူ ဖြစ်နေတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက် ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။

ဒီဇာတ်ကားဟာ နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေရရှိထားပြီး ရုံတင်တဲ့အချိန်ကစလို့ နာမည်ကြီးခဲ့တဲ့ ဇာတ်ကား တကားလည်း ဖြစ်ပါတယ်။ စကားလုံးအသုံးအနှုန်းတွေကတော့ ၁၈+ ဆန်ပြီး အနည်းငယ် ကြမ်းတမ်းတာကို ကြိုတင်ပြီး အသိပေးလိုက်ပါတယ်။

Horror ဇာတ်ကားကောင်း ကြိုက်သူတွေအနေနဲ့တော့ ဒီဇာတ်ကားကို အူတယားယားနဲ့ ကြည့်ရှုကြရမှာ ဖြစ်တာကြောင့် နှစ်သက်ကြမှာ ဖြစ်တယ်လို့ ယူဆရင်း ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆို ပေးလိုက်ပါတယ်။

The post Horror ဇာတ်ကားကောင်းကြိုက်သူတွေ ရင်ထထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် “Raw” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...