Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေးရဲ့ မိသားစုကို လှူဒါန်းခဲ့တဲ့ အနုပညာရှင်များ

$
0
0

မကြာသေးခင် ရက်ပိုင်းက တောင်ဥက္ကလာပ မြို့နယ်မှာ ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေး အတွက် သရုပ်ဆောင် မြင့်မြတ်နဲ့ ယုန်လေးနဲ့ အဆိုတော် သားစိုးတို့ မိသားစုများက ထောက်ပံ့ကြေးငွေများကို ကျန်ရစ်သူ မိသားစုအတွက် သွားရောက် ဇူလိုင် ၁၆ ရက်နေ့က သွားရောက်ပေးအပ်ခဲ့ပါတယ်။

”ဒီသတင်းကို တကယ် စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ နှစ်ယောက်၊ ကျောင်းသားလေးရဲ့မိဘတွေကို တတ်နိုင် သလောက် ၁၀သိန်း ကူချင်ပါတယ် ။ ရူတင်ပြီးတာနဲ့ နှစ်ယောက်လုံး အိမ်တိုင်ရာရောက် သွားအားပေးမှာပါ။ ဓာတ်လိုက်ပြီး အသက်ဆုံးရူံးခဲ့သော ညီလေးအတွက် တတ်နိုင်သလောက် ကျနော်တို့ နဲ့အတူ ဝိုင်းဝန်းကူပေးတဲ့ ညီအစ်ကိုများကိုလည်း အရမ်းကျေးဇူးတင်ပါတယ်” လို့ အဆိုတော် ယုန်လေးက သူရဲ့ Facebook မှာ ရေးသားထားပါတယ်။

 

ကျောင်းသားလေးရဲ့မိဘများကို ထောက်ပံ့ကြေးပေးခဲ့တဲ့ အနုပညာရှင်များ

 

သွားရောက် လှူဒါန်းတဲ့အခါမှာ သရုပ်ဆောင်မြင့်မြတ်နဲ့ယုန်လေးက ကျပ်၁၀သိန်းစီ၊ အဆိုတော် သားစိုးတို့ ဇနီးမောင်နှံက ကျပ် ၁သိန်း၊ Lucky Seven ထုတ်လုပ်ရေးက ကျပ် ၅သိန်း၊ Media 7 က ကျပ် ၁သိန်း အပြင် အခြားအနုပညာရှင်များ ပါဝင်လှူဒါန်းငွေ စုစုပေါင်း ကျပ် ၃၃သိန်း ၅သောင်းကို သွားရောက်ပေးအပ်ခဲ့ကြတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသားလေးက အဋ္ဌမတန်းကျောင်းသားလေးဖြစ်ပြီး တောင်ဥက္ကလာမြို့နယ် သံသုမာလမ်းပေါ်မှာ ပြတ်ကျနေတဲ့ ဓါတ်ကြိုးကို ထိမိပြီး နေရာမှတင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ယုန်လေးနဲ့ မြင့်မြတ်တို့ဟာ အရမ်းကို ရင်းနှီးတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ပြီး “Original Gangster” ဇာတ်ကားတွေမှာ အတူလက်တွဲအလုပ်လုပ်ခဲ့ကြသူတွေ ဖြစ်ကြပြီး အခုလိုစိတ်မကောင်းဖြစ်စရာ အဖြစ်အပျက်အတွက် သူတို့ တတ်နိုင်သလောက်သွားရောက်ပြီး လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

The post ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ ကျောင်းသားလေးရဲ့ မိသားစုကို လှူဒါန်းခဲ့တဲ့ အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...