Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Ip Man 4” ရုပ်ရှင်မှာ Donnie Yen နဲ့ Jackie Chan တို့ကို အတူတွဲပြီး မြင်တွေ့ရမည်

$
0
0

ကမ္ဘာ့သိုင်းစတားတွေ ဖြစ်ကြတဲ့ Jackie Chan နဲ့ Donnie Yen တို့ဟာ “Ip Man 4” ရုပ်ရှင်မှာ ရင်ဆိုင်တွေ့ကြမယ်လို့ သိရပါတယ်။ ဟောင်ကောင် မီဒီယာတခုဖြစ်တဲ့ Jayne Stars ရဲ့ အဆိုအရ “Ip Man” ရုပ်ရှင်စီးရီးရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းမှာ Ip Man ရဲ့တပည့် ဘရုစ်လီဟာ သူ့ရဲ့ ကိုယ်ပိုင် ကိုယ်ခံပညာကျောင်းကို ဖွင့်လှစ်ဖို့ အမေရိကန်နိုင်ငံဆီ ရောက်ရှိလာခဲ့ပုံကို ဇာတ်အိမ် တည်ထားပါတယ်။

ဒါပေမယ့် ဘရုစ်လီဟာ ဒေသပြည်သူတွေကို ထိခိုက်စေခဲ့ပြီး တရုတ်တန်းမှာ အင်အားတရပ် ခိုင်ခိုင်မာမာ ထူထောင်ဖို့ တရုတ်တန်းကို Ip Man ရောက်ရှိလာခဲ့ပါတယ်။ ဒါရိုက်တာ Wilson Yip ရိုက်ကူးထားတဲ့ အဲဒီရုပ်ရှင်မှာ ဗြိတိသျှမင်းသား Scott Akins၊ ထိုင်ဝမ်စတား Vanness Wu နဲ့ အထူးဧည့်သည် သရုပ်ဆောင်အဖြစ် Jackie Chan တို့က ပါဝင်လာမှာ ဖြစ်ပါတယ်။

မင်းသားတွေဖြစ်ကြတဲ့ Yen နဲ့ Chen တို့ရဲ့ တိုက်ခိုက်တဲ့ဇာတ်ဝင်ခန်းဟာ တရုတ်နိုင်ငံမှာ မကြာသေးခင်က ရိုက်ကူးမှု ပြီးစီးသွားပြီး အခုနှစ်နှောင်းပိုင်းမှာ ရုံတင်မယ့် ရုပ်ရှင်ရဲ့ အကြီးမားဆုံးအလေးပေးပြကွက် တခုဖြစ်တယ် လို့ဆိုပါတယ်။

အသက် ၅၄ နှစ်အရွယ် မင်းသား Yen ဟာတခြားအလုပ်တွေကြောင့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်သရုပ်ဆောင်တွေ၊ ရိုက်ကူးရေး ဝန်ထမ်းတွေနဲ့အတူ အဲဒီသမိုင်းမှတ်တိုင်ပြု ရိုက်ကူးမှုကို ဂုဏ်ပြုနိုင်ခဲ့တာမရှိပေမယ့် Weibo မှာတော့ ရုပ်ရှင်ရိုက်ကွင်းက ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။

မင်းသား Yen ရဲ့ လူမှုကွန်ရက် မီဒီယာတွေမှာ တင်ထားတဲ့သတင်းတွေအရ အခုနှစ်အတွင်းမှာ ရုံတင်မယ့် သူ့ရဲ့ ရုပ်ရှင်တော်တော်များများ ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့တုန်းက သူ့ရဲ့ Instagram အကောင့်မှာ သူနောက်ဆုံးရိုက်ကူးထားတဲ့ “Big Brother” ဆိုတဲ့ ရုပ်ရှင်ပိုစတာနဲ့ အမြည်းဗီဒီယိုကို တင်ခဲ့ပါတယ်။

အဲဒီနောက် မတ်လ ၂၀ ရက်နေ့မှာတော့ သူ့ရဲ့ Facebook အကောင့်မှာ “Ip Man 4, Big Brother, Enter The Fat Dragon နဲ့ Crossfire” အစရှိတဲ့ ရုပ်ရှင်တွေရဲ့ ပိုစတာတွေကို တင်ခဲ့ပါတယ်။ အဲဒီ ပိုစတာတွေအရ ဆိုရင် မင်းသား Yen ဟာ အဲဒီရုပ်ရှင် ၄ ကားလုံးကို ကိုယ်တိုင် ရိုက်ကူးထုတ်လုပ်ပြီး သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

မင်းသား Jackie Chen ကတော့ အမေရိကန် နပန်းသမားဟောင်း John Cena နဲ့အတူ “Project X” ဆိုတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်မှာ ပါဝင်ဖို့ ပြင်ဆင်နေပါတယ်။

Ref: asiaone

The post “Ip Man 4” ရုပ်ရှင်မှာ Donnie Yen နဲ့ Jackie Chan တို့ကို အတူတွဲပြီး မြင်တွေ့ရမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ