Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အက်ရှင်ရုပ်ရှင်ကား တကား တွဲရိုက်ဖို့ စိတ်ကူးထားကြတဲ့ Tom Cruise နဲ့ Dwayne Johnson

$
0
0

ကမ္ဘာပေါ်မှာရှိတဲ့ အက်ရှင်ရုပ်ရှင်ပရိသတ် သန်းပေါင်းများစွာအတွက် အိပ်မက်တခု အမှန်တကယ် ဖြစ်လာတော့မှာပါ။ ကမ္ဘာပေါ်က တကယ့် ထိတ်ထိတ်ကြဲ အက်ရှင်စတား နှစ်ဦးဖြစ်တဲ့ Tom Cruise နဲ့ Dwayne Johnson တို့ကတော့ ရုပ်ရှင်ကား တကားမှာ အတူတူပါဝင်ဖို့ ပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

အက်ရှင် မင်းသားတွေဖြစ်ကြတဲ့ Tom Cruise နဲ့ Dwayne Johnson တို့က အတူတူ ရုပ်ရှင်ရိုက်လိုတဲ့အကြောင်း ပြောကြားလိုက်ကြပြီး သူတို့ဟာ စစ်ဘုရင်တွေ၊ ဂြိုဟ်သား စစ်တပ်တွေ လက်ကနေ ကမ္ဘာကြီးကို ကယ်တင်ဖို့ ပိတ်ကားထက်မှာ ပါဝင်သရုပ်ဆောင်ခဲ့ကြတာတွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

Tom Cruise နဲ့ Dwayne Johnson တို့ဟာ ယခုနှစ် နွေရာသီအတွင်း ဒေါ်လာသန်း ပေါင်းများစွာ အကုန်အကျခံ ရိုက်ကူးထားတဲ့ နာမည်ကျော် ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ကြပေမယ့် မတူခြားနားမှုတွေ ရှိခဲ့ပါတယ်။ မင်းသား Johnson ရဲ့ ရုပ်ရှင်က CGI အထူးပြုလုပ်ချက်ကို အသားပေးပြီး မင်းသား Cruise ကတော့ သူ့ရဲ့ ရုပ်ရှင်တွေမှာ လက်တွေ့ကျတဲ့ အထူးပြုလုပ်ချက်နဲ့ တကယ့်လက်တွေ့ စတန့်ပြကွက်တွေကို အသုံးပြုထားပါတယ်။

ET Canada မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ မင်းသား Dwayne Johnson နဲ့ အလုပ်အတူ တွဲလုပ်ချင်ပါသလား ဆိုတဲ့ မေးခွန်းကို မင်းသား Tom Crusie က မဆိုင်းမတွဘဲ ပြန်လည် ဖြေကြားခဲ့ပါတယ်။ “သေချာတာပေါ့။ ပျော်ဖို့ကောင်းမှာပါ” လို့ မင်းသား Tom Crusie က ပြန်လည် ဖြေကြားခဲ့တာပါ။

မင်းသား Cruise ဟာ လက်ရှိမှာတော့ ဇူလိုင်လ ၂၇ ရက်နေ့ကစလို့ ရုံတင်ပြသမယ့် “Mission: Impossible – Fallout” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းမြင် မှတ်ချက် ပေးခံထားရပါတယ်။ Rotten Tomatoes ရုပ်ရှင် အညွှန်းကိန်းမှာလည်း ၉၃ ရာခိုင်နှုန်း ရရှိထားတာပါ။

“Skyscraper” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသား Dwayne Johnson ကတော့ “ကျနော့်ကို ယုံလိုက်ပါ အစ်ကိုရေ။ ကျနော်တို့မှာ ရှိလာမယ့် ပျော်စရာက တော်တော်လေးကို ကြည့်ကောင်းမှာပါ။ ပျော်စရာ ပြီးရင်တော့ ဒုတိယမြောက် လာမှာက ကမ္ဘာကြီးက ကျနော်တို့ကို အတူတူ ပိတ်ကားထက်မှာ ကြည့်ရှုနေကြမှာပါ။ တနေ့တော့ တကယ်ဖြစ်လာအောင် ကျနော်တို့ လုပ်ပါမယ်” လို့ Twitter မှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Ref: indianexpress

The post အက်ရှင်ရုပ်ရှင်ကား တကား တွဲရိုက်ဖို့ စိတ်ကူးထားကြတဲ့ Tom Cruise နဲ့ Dwayne Johnson appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...