လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သရုပ်ဆောင် သီဟတင်စိုးရဲ့ အိမ်အကူအပေါ် အဓမ္မပြုကျင့်မှုကို တိုင်ကြားခံရတာနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ် ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ သရုပ်ဆောင် သီဟတင်စိုးနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မင်းသား နေထက်လင်းကလည်း သူ့ရဲ့အမြင်ကို ဧရာဝတီနဲ့ တွေ့ဆုံစဉ်မှာ အခုလို ဖြေကြားထားပါတယ်။
“တွေ့ရမြင်ရသလောက်ကတော့ ငွေညှစ်တာပေါ့နော်။ လူတယောက်ဆီက ပိုက်ဆံလိုချင်လို့ နည်းမျိုးစုံ သုံးပြီးတော့ လုပ်တာပေါ့။ အဲ့လိုမျိုးမြင်မိပါတယ်။ ကျနော်တို့အစ်ကိုက ကျနော်တို့လေးစားရတဲ့ အစ်ကို တယောက်ပါ။ အဲ့လိုလုပ်မယ့် လူ မဟုတ်ပါဘူး။ ဇာတ်ကားတွေလည်း အများကြီး ရိုက်ခဲ့တယ်။ မဇင်မာဆိုလည်း ကျနေ်ာတို့ အရမ်းလေးစားရတဲ့သူ ဖြစ်တယ်။ မဇင်မာ အလှကလည်း အရမ်းကို ငေးယူရတဲ့ အလှဖြစ်တယ်။ ဒီလို အဆင့်အတန်းမျိုးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” လို့ သရုပ်ဆောင် နေထက်လင်းက ဧရာဝတီကို ပြောပါတယ်။
“အမှန်တရားကတော့ ပေါ်လာမှာပါ။ အဲ့အချိန်ထိတော့ စောင့်ရမှာပေါ့။ ကိုသီဟကိုရော မဇင်မာကိုပါ အကြံပေး ပြောချင်တာက သူတို့အမှု ပြန်လုပ်မယ်။ တရားစွဲစေချင်တယ်’’လို့ သရုပ်ဆောင် နေထက်လင်းက အမှုမှန် မပေါ်ခင်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
သရုပ်ဆောင် သီဟတင်စိုးအမှုကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ ပါဝင်ကူညီပေးပြီး အဲဒီအပေါ်ကိုလည်း နေထက်လင်းက အခုလို ဆိုပါတယ်။

“မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက နည်းနည်းတောင် နောက်ကျနေတယ်လို့ ထင်တယ်။ မနက်ကတောင် စဉ်းစားနေတာ ရုပ်ရှင်အစည်းအရုံးက ဘာလို့ငြိမ်နေတာလဲပေါ့။ လုပ်ပေးရမယ်ပေါ့။ တခြားအမှုတွေတောင် လိုက်လုပ်ပေးနေတာပဲ၊ ဆေးမှုတို့ ဘာတို့တောင် လုပ်ပေးနေသေးတာပဲ။ ဒါကိုယ်ကျင့်သိက္ခာကို စော်ကားတဲ့ အမှုလေ။ မင်းသားတွေအတွက် တကယ့်ကို အရေးကြီးတဲ့ မိန်းကြီး” လို့ နေထက်လင်းက ပြောပါတယ်။
“ကိုယ်မမှားဘဲနဲ့ မှားတယ်လို့ စွပ်စွဲခံရတာလောက် ခံရခက်တာမရှိဘူး။ အဲ့အတွက်လည်း တော်တော်လေးကို အသည်းနာတယ်။ ကျန်တဲ့ မင်းသား၊ မင်းသမီးတွေရဲ့ Impression လည်း ထိခိုက်တယ်။ ကျနော်တို့လေးစားရတဲ့ သူထိတော့ ခေါင်ထိရင် အကုန်ထိတယ်ဆိုတဲ့ သဘောပဲ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နောက် ကျတယ်လို့ ထင်တယ်။ စဖြစ်တဲ့နေ့ကတည်းက အားပေးစကား သွားပြောရမယ်။ ပြီးရင် ဝန်းရံရမယ်။ အကုန်လုံး ကိုသီဟဘက်က ဝန်းရံရမယ့် အခြေအနေပါ”လို့ နေထက်လင်းက ပြောပါတယ်။
သရုပ်ဆောင် သီဟတင်စိုးကို စွပ်စွဲသူ အိမ်အကူ မခင်မာမြင့်(ခ) ခင်မာညိုကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က လိမ်လည် တိုင်ကြားသူအဖြစ် ယနေ့၊ ဇူလိုင်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းက ဖော်ထုတ်ကြေညာခဲ့ပြီး အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြထားပါတယ်။
The post “ကျနော်တို့ လေးစားတဲ့ သူကိုထိတာ ခေါင်ထိရင် အကုန်ထိတယ်လို့ ခံစားရတယ်” appeared first on ဧရာဝတီ.