Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အနုပညာလောကထဲ စတင် ဝင်ရောက်လာခဲ့တဲ့ အမီတာဘဂျမ်းရဲ့ သမီး “ရွှေတာဘဂျမ်း”

$
0
0

ကမ္ဘာကျော် ဘောလိဝုဒ်မင်းသားကြီး Amitabh Bachchan (အမီတာဘဂျမ်း) ရဲ့ သမီး Shweta Bachchan-Nanda (ရွှေတာဘဂျမ်း နန္ဒာ) ဟာ သရုပ်ဆောင်လောကထဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ဖခင်နဲ့ သမီးတို့ နှစ်ဦး သရုပ်ဆောင်ထားတဲ့ Kalyan Jewellers ကြော်ငြာတခုမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အချိန် ၁ မိနစ်ခွဲလောက်ပဲ ကြာတဲ့ အဲဒီကြော်ငြာမှာတော့ မင်းသားကြီး အမီတာဟာ သူ့နာမည် ရေးမထားတဲ့အတွက် ပင်စင် မရရှိတဲ့ သက်ကြီးပိုင်း ပုဂ္ဂိုလ်တဦးအနေနဲ့ ပါဝင်ထားပါတယ်။ သူဟာ သမီးဖြစ်သူ ရွှေတာနဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုထဲမှာတော့ ရွှေတာဟာ ရိုးရိုးရှင်းရှင်းနဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို ထုံးဖွဲ့ ချည်နှောင်ထားပါတယ်။ အဲဒီ ကြော်ငြာထဲမှာတော့ ဖခင်နဲ့ သမီးတို့ကြားက ချိုမြတဲ့ ဆက်ဆံရေးကို ပြသထားပါတယ်။

ရွှေတာဟာ “Rendezvous with Simi Garewal” နဲ့ “Koffee with Karan” တို့လိုမျိုး ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ခဲ့ဖူးပေမယ့် သူ့မိဘတွေဖြစ်တဲ့ အမီတာနဲ့ ဂျာယာဘဂျမ်း၊ မောင်ဖြစ်သူ အဘိရှက်ဘဂျမ်းတို့လိုမျိုး သရုပ်ဆောင်အလုပ်ကို ဇောက်ချ လုပ်ကိုင်ခဲ့တာ မရှိပါဘူး။ အဲဒီကြော်ငြာဗီ ဒီယိုကိုတော့ အမီတာကရော ရွှေတာကပါ Twitter မှာ ဝေမျှခဲ့ပါတယ်။

ရွှေတာက “ကျမတို့ရဲ့ ချစ်ခြင်းမေတ္တာ အလုပ်လေး တခုပါ” လို့ ရေးသားခဲ့ သလို မင်းသားကြီး အမီတာကလည်း “ဒါကို ပြန်ကြည့်တဲ့အချိန်တိုင်း မျက်ရည်ကျမိပါတယ်။ သမီးတွေသာ အကောင်းဆုံးပါ” လို့ ရေးသားခဲ့ပါတယ်။

ဘောလိဝုဒ်ရဲ့ အထင်ကရမင်းသားကြီး အမီတာဘဂျမ်းဟာ လက်ရှိမှာ မင်းသား Ranbir Kapoor ၊ မင်းသမီး Alia Bhattand  တို့နဲ့အတူ သဘာဝလွန် ရုပ်ရှင် “Brahmastra” ကို ရိုက်ကူးနေပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးကို နာမည်ကျော် သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Aamir Khan ၊ မင်းသမီး Katrina Kaif  တို့နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs of Hindostan ဆိုတဲ့ ရုပ်ရှင်မှာ မြင်တွေ့ရဦးမှာပါ။

Ref:indiaexpress

The post အနုပညာလောကထဲ စတင် ဝင်ရောက်လာခဲ့တဲ့ အမီတာဘဂျမ်းရဲ့ သမီး “ရွှေတာဘဂျမ်း” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...