Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သူတို့ကို တရားပြန်စွဲမယ်လို့ ပြောတယ်၊ အတိအကျတော့ မသိသေးပါဘူး”

$
0
0

ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးကို မုဒိမ်းမှုဖြင့် အရေးယူပေးရန် အမှုဖွင့်ခဲ့သူ အိမ်အကူ မခင်မာမြင့်၏ တိုင်တန်းမှုသည် မှန်ကန်မှု မရှိကြောင်း၊ မုဒိမ်းမှု ဖြစ်အောင် ပြုလုပ်ရန် ပွဲစား ဒေါ်ညို၏ သင်ကြားပေးချက်အရ ပူးပေါင်းလီဆယ်ကာ တိုင်တန်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇူလိုင် ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“သူတို့ (အိမ်အကူ မခင်မာမြင့်နဲ့ ပွဲစား ဒေါ်ညို) ကိုတော့ တရားပြန်စွဲမယ်လို့ ပြောပါတယ်။ အတိအကျတော့ မသိသေးဘူး။ ကျနော်ကတော့ စဖြစ်တဲ့နေ့က ဒေါသ အရမ်းထွက်တယ်။ သူတို့ကို ဘာမှ လုပ်ချင်တာတော့ မရှိပါဘူး။ အခုလို အဖေ မဟုတ်ဘူး ဆိုပြီး သိရတော့ ဝမ်းသာတယ်။ အဖေ့ကိုက အရင်ကတည်းက ယုံတယ်။ ကျနော် ကားရိုက်တွေ ဘာတွလည်း အဖေနဲ့ အတူ လိုက်ဖူးကတည်းက ယုံကြည်ပါတယ်”လို့ သီဟတင်စိုးရဲ့ သားဖြစ်သူ စစ်နိုင်သီဟဦးက မီဒီယာများနှင့် တွေ့ဆုံစဉ်မှာ ပြောပါတယ်။

“သူတို့ တရားစွဲတော စိ့တ်မကောင်းတော့ ဖြစ်မိတယ်။ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော့် အဖေကို ဝန်းရံပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ စစ်နိုင်သီဟဦးက ဆိုပါတယ်။

တိုင်ကြားသူ အိမ်အကူ မခင်မာမြင့်ဟာ သီဟတင်စိုးရဲ့ နေအိမ်မှာ အိမ်အကူလုပ်ရန် ဒေါ်ညိုရဲ့ ဆက်သွယ်ပေးမှုကြောင့် ဇူလိုင် ၅ ရက်မှာ ရောက်ရှိခဲ့ပြီး အသက် ၇၅ နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦးရဲ့မိခင်အား ပြုစုပေးရန် ခေါ်ယူထားခြင်းဖြစ်ပြီး ဒေါ်ဇင်မာဦး မရှိခိုက် သီဟတင်စိုးက သားမယား ပြုကျင့်ခဲ့ကြောင်း လိမ်ညာပြောဆိုရန် ဒေါ်ညို သင်ပြသည့်အတိုင်း လိမ်ညာပြောဆို ကြံစည်ကာ အမှုရေးဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အသက် ၆၅ နှစ်အရွယ် ပွဲစား ဒေါ်ညိုကိုစစ်ဆေးခဲ့ရာ သီဟတင်စိုးက ခင်မာမြင့်(ခ) ညိုညို (ခ) ဇင်မာမြင့်အား သားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းက ဈေးစကားပြောမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး သီဟတင်စိုး၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးအား နစ်နာမှုအတွက် ငွေကျပ်သိန်း ၁၀၀ ပေးပါက ကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်း မရှိသဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

သတင်းထုတ်ပြန်တဲ့နေ့၊ ဇူလိုင်လ ၁၈ ရက်နေ့မှာ တိုင်ကြားခံရသူ သီဟတင်စိုးအား မေးမြန်းရန်အတွက် သီဟတင်စိုးရဲ့ နေအိမ်ရှေ့မှာ သတင်းဌာနများမှ သတင်းထောက်များ တနေကုန် မိုးချုပ်သည်အထိ သွားရောက် စောင့်ဆိုင်းခဲ့သော်လည်း သရုပ်ဆောင် ဒေါ်ဇင်မာဦးရဲ့ အစ်ကိုဖြစ်သူက “အခြေအနေ တခုခုကြောင့် သူတို့တွေ့ဖို့ အဆင်မပြေသေးပါဘူး။ လုပ်စရာတွေ ကျန်နေသေးလို့ ဖြေမပေးနိုင်သေးပါဘူး။ အဓိကနဲ့ သာမညတွေ ကျန်သေးတယ်” လို့ မီဒီယာများကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

ဆက်စပ် သတင်းလင်ခ့်များ – “အစ်ကို ဖြစ်သူအတွက် ကျနော့် ဇနီးကလည်း မအိပ်နိုင်၊ မစားနိုင်တွေ ဖြစ်ခဲ့ရတယ်”

“ကျနော်တို့ လေးစားတဲ့ သူကိုထိတာ ခေါင်ထိရင် အကုန်ထိတယ်လို့ ခံစားရတယ်”

The post “သူတို့ကို တရားပြန်စွဲမယ်လို့ ပြောတယ်၊ အတိအကျတော့ မသိသေးပါဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...