Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကြက်ဥနဲ့ ပေါက်ခဲ့တဲ့အမှုမှာ ကိုယ့်ကိုယ်ကို ခုခံချေပပိုင်ခွင့် တားမြစ်ခံရတဲ့ ဂျက်စတင်ဘီဘာ

$
0
0

အဆိုတော် ဂျက်စတင်ဘီဘာဟာ အိမ်နီးနားချင်း အိမ်တခုကို ကြက်ဥနဲ့ ပစ်ပေါက်ခဲ့မှုကြောင့် တရားစွဲဆို ခံထားရတဲ့အမှုမှာ ကိုယ့်ကိုယ်ကို ခုခံချေပပိုင်ခွင့်ကို တားမြစ်ခံလိုက်ရပြီဖြစ်ပါတယ်။

“What Do You Mean?” သီချင်းအဆိုတော် ဘီဘာဟာ ၂၀၁၄ ခုနှစ်တုန်းက သူဖျက်ဆီးခဲ့တဲ့ ပျက်စီးမှုတွေကို ပြင်ဆင်ဖို့ ကန် ဒေါ်လာ ၈ သောင်း ပေးခဲ့ရပေမယ့် အဲဒီအမှုတရားခွင်ကို လာပြီး အစစ်ခံခဲ့ခြင်း မရှိခဲ့တဲ့အပြင် အခုလိုမျိုး ဖြစ်ရပ်ကို ကြုံခဲ့ရပြီးတဲ့နောက် ရရှိခဲ့တဲ့ ခံစားရမှုတွေအတွက် အိမ်ပိုင်ရှင် Jeff Schwartz က တရားထပ်မံ စွဲဆိုလိုက်တာလည်း ဖြစ်ပါတယ်။

The Blast မီဒီယာက ရရှိခဲ့တဲ့ စာရွက်စာတမ်းတွေအရ အခုလိုမျိုး တရားခွင်တွေကို အကြိမ်ပေါင်းများစွာ ပျက်ကွက်ခဲ့ပြီးတဲ့အပြင် အသက် ၂၄ နှစ်အရွယ်အဆိုတော် ဘီဘာဟာ မေးခွန်းတွေကို လာရောက် အစစ်ခံခဲ့ခြင်း မရှိခဲ့တဲ့အတွက် တရားသူကြီးက သူ့ရဲ့ ကိုယ့်ကိုယ်ကို ခုခံချေပပိုင်ခွင့်ကို ရုပ်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘီဘာဟာ တရားရုံးမှာ အစစ်ခံရုံးချိန်းတွေကို လာရောက်ဖို့ ငြင်းဆန်ခဲ့ပြီး ကြက်ဥနဲ့ ပစ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်မှာလည်း တာဝန်ရှိတဲ့အပြင် ရန်ငြှိုးနဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တဲ့အတွက် တရားရုံးမှာ ထွက်ဆိုဖို့လည်း ရှိနေပါတယ်။

အဆိုတော် ဘီဘာဟာ အခုလိုမျိုး အစစ်ခံရမယ့် ရုံးချိန်တွေကို ပျက်ကွက်ခဲ့တဲ့အတွက် ဒဏ်ခတ်တဲ့အနေနဲ့ မစ္စတာ Schwarz ကို ကန် ဒေါ်လာ ၇၅၀၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခံထားရပါတယ်။ မကြာခင်က ချစ်သူ မော်ဒယ် Hailey Baldwin နဲ့ စေ့စပ်ခဲ့တဲ့ အဆိုတော်ဟာ ရက်ပေါင်း ၂၀ အတွင်း အသားတင် ဝင်ငွေအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းတွေကို ထုတ်ပြဖို့ တရားသူကြီးက အမိန့်ပေးထားပါတယ်။

သူတို့အိမ်ဘေးနားမှာ နေထိုင်တဲ့ အချိန်တုန်းက ဂျက်စတင်ဘီဘာဟာ ကျယ်လောင်တဲ့ ပါတီပွဲတွေ လုပ်ခဲ့တဲ့ အတွက် Schwartz တို့ လင်မယားနှစ်ယောက်ကတော့ ခေါင်းကိုက်တာ၊ အစာအိမ်နာတာနဲ့ အိပ်မပျော်တာတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်လို့ သူကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် တောင်းပန်ခဲ့ပြီး ပျက်စီးမှုတွေအတွက် ငွေပေးခဲ့ပြီး ဖြစ်တဲ့ အဆိုတော် ဘီဘာဟာ စောင့်ကြည့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး အိမ်ခြေယာမဲ့တွေအတွက် လူမှုအကျိုးပြုလုပ်ငန်းတွေ ၅ ရက်လုပ်ဆောင်ဖို့ အမိန့်ချမှတ် ခံထားခဲ့ရဖူးပါတယ်။ သူတို့နှစ်ဖက်ရဲ့ အငြင်းပွားမှုကို လာမယ့် သြဂုတ်လမှာတော့ တရားရုံးမှာ ဆက်လက်ကြားနာဦးမှာ ဖြစ်ပါတယ်။

Ref: contactmusic

The post ကြက်ဥနဲ့ ပေါက်ခဲ့တဲ့အမှုမှာ ကိုယ့်ကိုယ်ကို ခုခံချေပပိုင်ခွင့် တားမြစ်ခံရတဲ့ ဂျက်စတင်ဘီဘာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...