Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“နှာခေါင်းနဲ့ မျက်ရစ်ပြင်ပြီး ချောတယ်ပြောတဲ့ သူတိုင်းကို တကယ် ကျေးဇူးတင်တာပါ”

$
0
0

မကြာခင်ကမှ ကိုရီးယားနိုင်ငံမှာ နှာခေါင်းနဲ့ မျက်ရစ်ခွဲစိတ်ပြုပြင်ခဲ့တဲ့ Beauty Blogger နေခြည်ဦးက အခုဆိုရင်တော့ မျက်နှာပုံစံလေးတွေက အရင်ကနဲ့ မတူအောင် ပိုပြီး လှလာတယ်လို့ ပြောကြတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း သူရဲ့ Facebook ပေါ်မှာ အခုလိုရေးသားထားပါတယ်။

”ဘဝမှာလေ တခါမှ ဒီလောက် “ချောတယ်” ဆိုတဲ့ စကား အပြောမခံခဲ့ရဘူး။ တအိမ်လုံးကလည်း ချော၊ သူငယ်ချင်းတွေကလည်း ချော၊ လမ်းထိပ်က အန်တီကြီးကလည်း ချော၊ ကိုယ့်ကိုယ်ကို ကြည့်တော့ အဲ့လောက် ပြောင်းလဲတယ်လို့ မထင်ရပေမယ့် ချောတယ်ပြောတဲ့ သူတိုင်းကို တကယ် ကျေးဇူးတင်တာပါ” ဆိုပြီး နေခြည်ဦးက သူ့ရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။

”ကိုရီးယားမှာ သွားပြင်မယ်လို့ ပေါ်တင် ပြောခဲ့တာတောင် သူငယ်ချင်းတွေ အားလုံးက မသိရင် မွေးကတည်းက ဒီလို ထွက်လာသလို ပြောကြတော့ အရမ်းပျော်မိတယ်။ Vlog လေးကို ၂ လလောက် အရောင်ကျတဲ့ အထိ ခဏစောင့်ပေး၊ အားလုံးကို ဘယ်လိုပြင်တယ်။ ဘယ်လောက်ကျတယ် ပြောပြမှာပါဆို” လို့ နေခြည်ဦးက ဆိုပါတယ်။

သူဟာ ကိုရီးယားနိုင်ငံမှာရှိတဲ့ JW Clinic မှာ သူ့ရဲ့ မျက်လုံး ခွဲစိတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ် အနေနဲ့ အမေရိကန် ဒေါ်လာ ၂၈၀၀ ကျသင့်ခဲ့ပြီး နှာခေါင်း ခွဲစိတ်ရာမှာတော့ အမေရိကန်ဒေါ်လာ ၅၅၀၀ ကုန်ကျခဲ့တဲ့ အကြောင်း ပရိသတ်တွေကို Facebook ပေါ်ကနေ အသိပေးပြောကြားထားပါတယ်။

နေခြည်ဦးက ဆက်လက်ပြီး အခုလိုခွဲစိပ်ရာမှာ မျက်နှာခွဲစိတ်ပြုပြင်တာဟာ လူယောက်နဲ့ တယောက် ပုံစံ မတူတာကြောင့် ဈေးနှုန်း မတူဘူးလို့လည်း ပြောပါတယ်။

နေခြည်ဦးကတော့ သူ့ရဲ့အလှအပ ပြုပြင်ခြင်းနဲ့ ပတ်သက်ပြီး တဖက်မှာလည်း ဝေဖန်တိုက်ခိုက်ခြင်း ခံရသလို တဖက်မှာလည်း သူမပြုပြင်သမျှ အလှအပရေးရာများကို မကွယ်မဝှက် ပြောလေ့ရှိတဲ့ သူတယောက်ဖြစ်ပါတယ်။ နေခြည်ဦးက သရုပ်ဆောင်တယောက် အနေနဲ့လည်း “ဧည့်သည်” နဲ့ “ရန်သူ” ဇာတ်ကားကြီးနှစ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပါသေးတယ်။

The post “နှာခေါင်းနဲ့ မျက်ရစ်ပြင်ပြီး ချောတယ်ပြောတဲ့ သူတိုင်းကို တကယ် ကျေးဇူးတင်တာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...