လွန်ခဲ့တဲ့ ၁၇ ခုနှစ်တုန်းက အာရှတခွင်မှာ အောင်မြင်ခဲ့ပြီး မင်းသားတွေဖြစ်တဲ့ Jerry Yan, Vic Zhou, Ken Zhu နဲ့ Vannes Wu တို့ိကို နာမည်ကျော်ကြားစေခဲ့တဲ့ “Meteor Garden” ဇာတ်လမ်းတွဲကို အခုတဖန်မူရင်း ထုတ်လုပ်သူ Angie Chai ကပဲ ပြန်လည်ရိုက်ကူးပြသနေပြီ ဖြစ်ပါတယ်။
အမျိုးသမီးထုတ်လုပ်သူ တယောက်ဖြစ်တဲ့ Chai က အဲဒီဇာတ်လမ်းတွဲကို Dylan Wang, Darren Chen, Connor Leong နဲ့ Caesar Wu တို့လိုမျိုး မျက်နှာသစ် သရုပ်ဆောင်တွေနဲ့ ပြန်လည်ထုတ်လုပ်မယ့်အကြောင်း ပြီးခဲ့တဲ့နှစ်က ထုတ်ပြောပြီးတဲ့ နောက်မှာတော့ မူရင်းဇာတ်လမ်းတွဲကို ကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိသတ်တွေကလည်း ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအသစ်နဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားခဲ့ကြပါတယ်။
အဲဒီသတင်းထွက်လာပြီးတဲ့နောက် ပရိသတ်တော်တော်များများကလည်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်လာမယ့် မင်းသားတွေကို သူတို့ရဲ့ လူမှုကွန်ရက်မီဒီယာ အကောင့်တွေကနေတဆင့် ရှာဖွေခဲ့ကြပါတယ်။ ပထမဆုံး အပိုင်းကို မထုတ်လွှင့်ခင်မှာပဲ အာရှတလွှားက ပရိသတ်တွေက အွန်လိုင်းမှာလည်း ထုတ်လွှင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
Viu နဲ့ Netflix တို့ကလည်း အဲဒီ ဇာတ်လမ်းတွဲကို ထုတ်လွှင့်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲကိုတော့ Viu Indonesia ကနေတဆင့် ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
“Meteor Garden 2018” ဇာတ်လမ်းတွဲအတွက် သတင်းစာရှင်းလင်းပွဲကို ဒါဇင်နဲ့ချီတဲ့ မီဒီယာ ကိုယ်စားလှယ်တွေနဲ့ ရာနဲ့ချီတဲ့ ပရိသတ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီလိုမျိုး ပြန်လည်အသက်သွင်း ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲ အောင်မြင်မှုရဖို့ တော်တော်လေးကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်လို့ ထုတ်လုပ်သူ Chai က ပြောဆိုထားပါတယ်။
မူရင်း F4 ဇာတ်လမ်းတွဲကို တောင်ကိုရီးယားနိုင်ငံက “Boys Over Flower” ဆိုတဲ့ အမည်နဲ့ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးခဲ့ရမှာလည်း အာရှတွင်သာမက တကမ္ဘာလုံးမှာ အောင်မြင်မှု အထူးရရှိခဲ့ပါတယ်။
ပရိသတ်တွေက dramacool နဲ့ dramanice တို့လိုမျိုး အွန်လိုင်း site တွေကနေတဆင့် ပထမဆုံးအပိုင်း ၆ ပိုင်းကို ကြည့်ရှုပြီးခဲ့ပြီးကြတဲ့ ဒရမ်မာဟာ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ စာရေးဆရာ Yoko Kamio ရဲ့ ဂျပန်ကာတွန်း Hana Yori Dango ကို အခြေတည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
အခုပြန်လည် ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲသစ်မှာတော့ F4 သူငယ်ချင်း ၄ ဦးနဲ့ အဓိကဇာတ်ဆောင်တို့ကြားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း တပုဒ်ကို အပိုင်း ၄၄ ပိုင်းနဲ့ သရုပ်ဖော်မှာလည်း ဖြစ်ပါတယ်။
Ref:asiaone
The post လူကြိုက်များနေတဲ့ တရုတ် F4 ဇာတ်လမ်းတွဲသစ် “Meteor Garden 2018” appeared first on ဧရာဝတီ.