Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လက်ရှိမှာ ဗီဒီယိုဈေးကွက်က မရှိသလောက် ပျက်သုဉ်း သွားပါပြီ”

$
0
0

ယခင်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လုပ်ကိုင်ခဲ့ပြီး ဒါရိုက်တာတဦးလည်းဖြစ်တဲ့ သရုပ်ဆောင် လူမင်းက အခုချိန်မှာ ဗီဒီယိုဈေးကွက်က မရှိသလောက်ကို ပျက်သုန်းသွားပါပြီလို့ ဧရာဝတီကို ပြောပါတယ်။

“ခေတ်ရေစီးကြောင်းကတော့ နေရာတိုင်းမှာ ပြောင်းလဲနေပါတယ်။ ကိုယ်တို့ အနုပညာလောကမှာလည်း နည်းပညာ တိုးတက်လာတာနဲ့အမျှ ဖြန့်ချိပုံစနစ်တွေလည်း ပြောင်းလဲလာပါတယ်။ ဗီဒီယိုဈေးကွက် နည်းနည်းလေး လျော့သွားတာ မဟုတ်ဘူး။ မရှိသလောက်ကို ပျက်သုဉ်းသွားတာပါ” လို့ လူမင်းက ဧရာဝတီကို ပြောပါတယ်။

“ဗီဒီယိုဆိုတာကလည်း ဘယ်နိုင်ငံမှာမှာတော့ မရှိဘူး။ ဗီဒီယိုရိုက်ပြီး ဗီဒီယိုဈေးကွက်အနေနဲ့ ဖြန့်ချိ ရောင်းချရတယ် ဆိုတာ မရှိပေမယ့် ကျနော်တို့ဆီမှာက ဒီအပေါ်ပဲ အားကိုးခဲ့ကြရတာလေ။ အခုတော့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ရုပ်ရှင် တွေ အများကြီးရိုက်လာကြတယ်။ ရုပ်ရှင်ကရိုက်ရတာ နည်းပညာပိုင်း အရလည်း လွယ်ကူလာတယ်။ တဖက်မှာလည်း နည်းပညာရဲ့ တိုးတက်မှုကို မဟန့်တားနိုင်တဲ့ ခိုးကူးတို့ ဘာတို့တွေကိုလည်း ဘယ်တိုင်းပြည်မှာမှ မနှိမ်နင်းနိုင်သေးပါဘူး။ ရာနှုန်းပြည့်ပေါ့နော်” လို့ လူမင်းက ဆိုပါတယ်။

ဆက်လက်ပြီး လူမင်းက “နောက်တခါ Channel တွေ ပေါ်လာတယ်။ အခုဆိုရင် လူတိုင်းလက်ထဲမှာ ဖုန်းကိုင်နိုင်တဲ့ အခြေအနေ မှာ အွန်လိုင်း Movie တွေလည်း ပေါ်လာတယ်ဆိုတော့ ဗီဒီယိုဈေးကွက်ဆိုတာက ပြန်လည် နလံထူဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့ ကိစ္စပါ။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်း ဈေးကွက် Trend ပေါ်မှာပဲ လုပ်ရမှာပါပဲ”လို့ ပြောပါတယ်။

ဗီဒီယိုဈေးကွက် လျော့နည်းလာမှုကြောင့် ရုပ်ရှင်လောကအချို့ အလုပ်လက်မဲ့ ဖြစ်လာကြတဲ့အပေါ် သရုပ်ဆောင် လူမင်းက ရုပ်ရှင်လောကသားတွေ ကျရာနေရမှာ ကိုယ့်အလုပ်ကို ကောင်းအောင် လုပ်ကြရင် ကောင်းလာမှာ လို့လည်း ဧရာဝတီကို ပြောပါတယ်။

“ရုပ်ရှင်လောကသားတွေ ကျရာနေရမှာ ကိုယ့်အလုပ်ကိုကောင်းအောင်လုပ်ကြရင် ကောင်းလာမှာပါ။ အရာ အားလုံးကတော့ တိုင်းပြည်ရဲ့ ဈေးကွက်အခြေအနေပေါ်လည်း မူတည်နေသေးတာကိုး။ ဥပမာ- ရုပ်ရှင်ဆိုရင် ရုပ်ရှင်ဈေးကွက်က ကားပေါင်းကို ရာနဲ့ချီပြီး ရိုက်နေကြတယ်ဆိုတာ ကိုယ်တို့မှာ ဒီတခုတည်း ရှိလို့ ဒီတခုကို တွန်းရိုက်နေသလိုဖြစ်နေတာ အဲ့မှာကလည်း ပြသရေးစနစ်နဲ့ ကရုပ်ရှင်ရုံတွေကလည်း အဆင်မပြေသေးဘူး”

“ရိုက်တဲ့ကားတွေက များပြီးတော့ ပြသနိုင်တဲ့ရုံတွေကလည်း ဒီထက်ပိုပြီးမပြနိုင်ဘူး။ ရိုက်ကူး ထုတ်လုပ်မှု များတာနဲ့ ပြသနိုင်မှုနည်းတာနဲ့ အဲ့ဒီမျှခြေလေးတခုကို မတွေ့မချင်းတော့ အကျပ်အတည်းတော့ တွေ့နေကြဦးမှာပါပဲ’’ လို့ လူမင်း ပြောပါတယ်။

သရုပ်ဆောင်လူမင်းက “မုန်း”ဆိုတဲ့ ဗီဒီယိုကားကို ဒါရိုက်တာစွမ်းပိုင်နဲ့ ရိုက်ကူးနေပြီး မိန်းမတွေကို မုန်းတဲ့ ကာရိုက်တာနဲ့ ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားကြောင်း သိရပါတယ်။

The post “လက်ရှိမှာ ဗီဒီယိုဈေးကွက်က မရှိသလောက် ပျက်သုဉ်း သွားပါပြီ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...