Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“သားသမီးစိတ်နဲ့ အဓိဋ္ဌာန် ပျက်ပြီး အရက်လည်း ပြန်သောက်ဖြစ်တယ်”

$
0
0

ဟာသသရုပ်ဆောင် ဒိန်းဒေါင်က မကြာသေးခင်က အွန်ုလိုင်းစုမဲ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငွေကြေး အရှုပ်အရှင်းတွေဖြစ်ပေါ်ခဲ့တဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်ကို အမွေဖြတ် စွန့်လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး မီဒီယာများနဲ့ တွေ့ဆုံစဉ် အခုလို ပြောပါတယ်။

“ကျနော် မလိမ်ပါဘူး။ ကျနော့် နာမည် လာထိခိုက်လို့ ကျနော် စိတ်ဆိုးသွားတာ။ ကျနော့် သမီးက နှစ်လုံးထီ ထိုးလိုက်တယ်။ ဘောလုံးပွဲ လောင်းလိုက်တယ်။ ချဲထိုးလိုက်တယ်။ သူများပိုက်ဆံတွေ ယူပြီးတော့ ဖဲရိုက် လိုက်တယ်။ မကောင်းတာ လုပ်လိုက်တယ်ဆို ကျိန်းသေ ကျနော် လုပ်ပေးမယ်။ အခုက သူတို့လောဘစိတ်နဲ့ ရတုန်းက ပိုက်ဆံတွေယူကြ၊ မရတော့ ပြဿနာတွေတက်ကြနဲ့ ကျနေ်ာ့သမီးလည်း ပိုက်ဆံ သိန်း ၃၆၀ ပါသွားတယ်” လို့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က ပြောပါတယ်။

“လိုင်းပေါ်မှာလည်း ဒိန်းဒေါင်သမီး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့၊ ဂျာနယ်တွေမှာလည်း ပါလာတော့ ကျနော်လည်း မခံနိုင်ဘူး။ ကျနော့် ပရိသတ်လည်း မုန်းနိုင်တယ်။ ကျနော့်ကို ပရိသတ် မုန်းအောင် မလုပ်နဲ့။ ကျနေ်ာက ပရိသတ်ချစ်အောင် နေချင်တာ။ ကျနော် ဂုဏ်သိက္ခာလည်း ကျနိုင်တယ်။ အဲ့အတွက် ကြောင့် ကျနေ်ာလည်း ကြေညာလိုက်ရတာ’’လို့ ဒိန်းဒေါင်က သမီးဖြစ်သူကို အမွေဖြတ်စွန့်လွှတ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဒါ့အပြင့် ဒိန်းဒေါင်က သမီးစိတ်နဲ့ အဓိဋ္ဌာန်တွေ ပျက်ကာ အရက်တွေလည်းသောက်ခဲ့ပြီး သောကတွေလည်း မျိုးစုံရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

 

သရုပ်ဆောင် ဒိန်းဒေါင်နဲ့ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်

 

“သားသမီးစိတ်နဲ့ စဖြစ်တဲ့နေ့ကစပြီး ၂ လနီးပါး အဓိဋ္ဌာန်လည်း ပျက်ပြီး အရက်လည်း ပြန်သောက်ဖြစ်တယ်။ ၁၅ ရက်ပဲ ရှိသေးတယ်။ ကျနော်နဲ့ မဆိုင်တော့ဘူးဆိုပြီး။ ဒီအရက်ကို ကျနော်မသောက်တော့ဘူး ဆိုပြီး အဓိဋ္ဌာန်ဝင်ခဲ့တာ ကြာပြီ။ ဘုရားကိုတောင်မှ သစ္စာဆိုထားတာ စည်းပေါက်သွားတယ်။ အဲ့အတွက်လည်း တော်တော်လေးကို ပေးဆပ်လိုက်ရတယ်။ သောကတွေလေ။ ကားတွေ တိုက်တယ်။ အမျိုးမျိုးပေါ့။ ပိုက်ဆံတွေလည်း တော်တော်ကုန်ခဲ့တယ်။ တော်တော်လည်း ခံစားလိုက်ရတယ်” လို့ ဒိန်းဒေါင်က ဆိုပါတယ်။

“မိဘပဲ သောကတော့ ရောက်မှာပေါ့။ သမီးနဲ့ ဖုန်းအဆက်အသွယ် ရတယ်။ ဒါပေမယ့် သိပ်တော့ စကား မပြောဖြစ်ပါဘူး။ သူတို့ကိစ္စ သူတို့ရှင်း။ သူတို့မှာလည်း သက်သေတွေ ဘာတွေ ရှိတယ်။ တခုဆိုးဝါးတာက ဒီဥပဒေ မရှိဘူး ဖြစ်နေတယ်။ လက်ရှိ အခြေအနေေတော့ ဘယ်တရားရုံးကလည်း ဘာမှ မပြောသလို ဘယ် ရဲစခန်းကမှလည်း ဘာမှ မပြောဘူး” လို့ ဒိန်းဒေါင်က ပြောပါတယ်။

ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ဟာ သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် (ခ) မမြတ်နိုးဦးနဲ့ ပတ်သက်ပြီး မေလ ၂၈ရက်နေ့က နိုင်ငံပိုင် သတင်းစာကနေတဆင့် အမွေပြတ် စွန့်လွှတ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒိန်းဒေါင်ဟာ လက်ရှိ “ရန်ကုန် လူရွှင်တော်အသင်း” ရဲ့ ဥက္ကဋ္ဌ တဦးလည်း ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ“ခင်ပွန်းနဲ့အတူ နေထိုင်နေတဲ့ သမီး ဒိန်းပိုပိုဒေါင်ရဲ့ ကိစ္စများကို တာဝန်မယူဘူး” လို့ဆိုတဲ့ ဒိန်းဒေါင်

ဒိန်းပိုပိုဒေါင်ရဲ့ စုကြေးလေလံမဲ ငွေကြေးအရှုပ်အရှင်း

 

The post “သားသမီးစိတ်နဲ့ အဓိဋ္ဌာန် ပျက်ပြီး အရက်လည်း ပြန်သောက်ဖြစ်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...