Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အလှူတွေ ဆက်တိုက်လုပ်နေတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်

$
0
0

သရုပ်ဆောင် ခင်လှိုင်တို့ ဇနီးမောင်နှံဟာ မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင် စေတီတော်မြတ်ကြီး တည်ထား ကိုးကွယ်မှုအတွက် အလှူငွေ ၃ သိန်း ၁ သောင်းကျပ်နဲ့အတူ ကျောက်ပြားအချပ် ၅၀၀ တို့ကို ပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မိဘကျေးဇူးဆပ် အနန္တမေတ္တာရှင် aစတီတော်မြတ်ကြီးမှာ ဆရာတော် ဝိဇ္ဇာဝရသိဒ္ဓိအောင်အား ဝါဆိုသင်္ကန်းကပ်၊ ဘုရားရင်ပြင်တော် နေပူခံ ကျောက်ပြားအချပ် ၅၀၀ ပထမ အကြိမ်အလှုတော်နှင့် ဝတ္ထုငွေ ၃၁၀၀၀၀ ကျပ် လှုဒါန်းခြင်းနှင့် အဘအောင်မင်းခေါင် ပုံတော်ပေးအပ် လှူဒါန်း မှု ကောင်းမှုအစုစုတို့ကို ခင်မွန်းကြီးဆယ်ပါးနှင့် ၇ ရက်သားသမီး ပရိတ်သတ်အပေါင်းကို ရည်စူးပြီးလှုဒါန်းခဲ့ပါတယ်” လို့ သရုပ်ဆောင် ခင်လှိုင်က သူ့ Facebook မှာ ရေးသားထားပါတယ်။

သရုပ်ဆောင် ခင်လှိုင်ဟာ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူ တဦးလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကွင်း ပြီးတိုင်းမှာလည်း ပံ့ပိုးပေးခဲ့ကြတဲ့ စက်အဖွဲ့သားတွေကို မကြာခဏ အလှူအတန်း ပြုလုပ်လေ့ ရှိပါတယ်။

 

 

ဒါ့အပြင့် ရေလိုအပ်တဲ့ ကျေးရွာတွေအတွက်ကိုလည်း ရေအကျိုးတော်ဆောင် တဦးအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အခု လက်ရှိမှာလည်း ခင်လှိုင် ဦးဆောင်လျက်ရှိတဲ့ “ရေအကျိုးတော်ဆောင်” အသင်းကနေ တတိယ အကြိမ်မြောက်အဖြစ် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် မန်းကျည်းကုန်းအုပ်စု မန်းကျည်းကုန်း ကျေးရွာအတွက် စက်ရေတွင်း ဆောက်လုပ်လှူဒါန်းဖို့ အတွက် အလှူငွေတွေ ကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။

ခင်လှိုင်ဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ အနုပညာရှင်တဦး ဖြစ်ပြီး အနုပညာသက်တမ်း ကြာနေပြီဖြစ်တဲ့ ခင်လှိုင်က ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ဟာသဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်“ဘော်ဘော်ကထှော်”မှာ တကိုယ်လုံးက တက်တူးတွေကို ဖျောက်ပြီး သရုပ်ဆောင်ထားတဲ့ ခင်လှိုင်

The post အလှူတွေ ဆက်တိုက်လုပ်နေတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...