မကြာသးခင် အချိန်တုန်းက သရုပ်ဆောင် ညီဘွားညီဟာ Facebook ပေါ်မှာ ဒိန်းမတ်နိုင်ငံက အသက် ၇၀ ကျော်အမျိုးသမီး တဦးနဲ့ ငွေကြေး အရှုပ်အရှင်းတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီလို ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ညီဘွားညီက ဒီလိုပြဿနာမျိုး အကြီးအကျယ် တခု ဖြစ်ပြီးသွားပြီဆိုတော့ ဝဋ်ကြွေးတခု ကျေသွားတယ်လို့ သတ်မှတ်ပါတယ်လို့ ပြောပါတယ်။
“ကျနော် ဒီပြဿနာ စဖြစ်လာကတည်းက ကျနေ်ာစဉ်းစားပြီးသား ကျနော် ဝဋ်ကြွေးပါလာလို့ ခံစားရတယ်လို့ သတ်မှတ်ပါတယ်။ ဒီလိုပြဿနာမျိုး အကြီးအကျယ်တခုဖြစ်ပြီး သွားပြီဆိုတော့ ဝဋ်ကြွေးတခု ကျေသွားတယ်လို့ သတ်မှတ်ပါတယ်။ ဒေါ်တူးတူးတင် ဖြေရှင်းချက်က ဟုတ်ပါတယ်။ ကျနော့် အဒေါ်ပြလို့ ကျနော် ဖတ်လိုက်ပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှလည်း ဘယ်သူမှားတယ်။ ဘယ်သူ မှန်တယ် ဆိုပြီး မပြောချင်တော့ပါဘူး”လို့ ညီဘွားညီက ပြောပါတယ်။
“ပရိသတ်တွေကိုလည်း ရှင်းပြသင့်သလောက် ရှင်းပြပြီးသလို ကျနော့် အသိုင်းအဝိုင်းကိုလည်း ရှင်းပြသင့်သလောက် ရှင်းပြပေးပြီးသွားပါပြီ။ ဘယ်လောက်ပဲ ရှင်းပြ ရှင်းပြပေါ့။ တချို့ကျတော့လည်း သူတို့ရဲ့ တယူသန် စိတ်က ရှိနေတာပေါ့။ သူတို့က ဒီလိုထင်တယ်ဆိုတဲ့ သူတွေအတွက်လည်း ထင်ချင်သလို ထင်လို့ ရတယ်”
“ကျနော်ရှေ့ဆက်ပြီး ဒီထက် ကောင်းမွန်အောင် ဘဝကို ရိုးရိုးသားသား ကြိုးကြိုးစားစား ဖြတ်သန်းပါလို့ ပြောတဲ့ ပရိသတ်အတွက်လည်း နောက်နောင် နာမည်ပျက် မရှိအောင်၊ ကျနော်လည်း နာမည်ပျက် မရှိအောင် တော်တော်ထိန်းခဲ့ပါတယ်။ ထိန်းခဲ့တဲ့ကြားက ဒီအမဲစက်လေးကို ဖျောက်နိုင်အောင် အမြဲ ကြိုးစားနေပါတယ်”လို ညီဘွားညီက ဆိုပါတယ်။
လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖြစ်သွားတဲ့ကိစ္စတွေကြောင့် ညီဘွားညီဟာ ပရိသတ်မြင်ချင်တဲ့ ဘဝမျိုး ရိုးသား ဖြောင့်မတ်ပြီး အနုပညာလောကမှာ တကယ်ကိုကြိုးကြိုးစားစားနဲ့ ဘဝကို ရိုးရိုးသားသားနဲ့ နေထိုင်ပြီး အနုပညာရှင် ကောင်းတယောက် ဖြစ်အောင် ကြိုးစားပါ့မယ်လို့လည်း ဧရာဝတီကို ဆိုပါတယ်။
“ကျနေ်ာ ဒီကိစ္စတွေဖြစ်ပြီးကတည်းက ဖုန်းတောင် မကိုင်တော့ဘူး။ ကျနော့် ဖုန်းကို သီချင်းနားထောင်တယ်။ ဓာတ်ပုံ ရိုက်တယ်။ ဖုန်းလာရင်တောင် ကျနော် မကိုင်တော့ဘူး။ ဖုန်းကိုတော်တော် ကြောက်နေပြီ။ ကျနော့် အဒေါ် နွယ်နွယ်ဆိုတဲ့ အကောင့်မှာ ကျနော်ပုံလေးတွေ တင်ရင်တောင်မှ ရင်တုန်ပန်းတုန်နဲ့ Commentလေးတွေ ဝင်ဖတ်သေးတယ်။ ငါ့များ ဘာပြောကြမလဲ ဆိုပြီးတော့ ဝင်ဖတ်တယ်”
“ဒါပေမယ့် အားပေးမှုတွေက များလာပါတယ်။ ကျနော့်ကိုလည်း ဝိုင်းပြီး ဖေးမကြပါတယ်။ အဲ့အတွက် ကျနော်သည် ပရိသတ်မြင်ချင်တဲ့ ဘဝမျိုး ရိုးသားဖြောင့်မတ်ပြီး အနုပညာလောကမှာ တကယ်ကို ကြိုးကြိုးစားစားနဲ့ ဘဝကို ရိုးရိုးသားသားနဲ့အနုပညာရှင်ကောင်းတယောက် ဖြစ်အောင်ကြိုးစားပါ့မယ်” လို့ ညီဘွားညီက ပြောပါတယ်။
“အရင်တုန်းကညီဘွားညီကို သိမှမသိတာ အခုဒီလိုပြဿနာဖြစ်ပြီးတော့မှ ညီဘွားညီတင်မဟုတ်တော့ပဲ နာမည်တွေ အများကြီးပဲ ရလာတယ်။ ကတုံးမင်းသားတဲ့၊ အစုံပဲတော်တော်များတယ်။ စဉ်းစားမိတယ်။ ငါ့ကိုပေးထားတဲ့ နာမည်တွေ ထဲက နာမည်တခုကိုပြန်ရွေးထုတ်ပြီး ညီဘွားညီဖျောက်ပြီး အဲ့နာမည်နဲ ရိုက်ဖို့တောင် တွေးမိတယ်”
“ပရိသတ်ကြီးက ကောင်းသည်ဖြစ်ဖြစ် ဆိုးသည်ဖြစ်ဖြစ် ကျနော်ကိုသိသွားတယ်။ အဲ့အတွက် အကာင်းဆုံး ကြိုးစားပြီးကျနော်ချစ်ရတဲ့ သားလေးဘဝမှာ ကျနေ်ာရဲ့ အရိပ်မဲ တစက်တောင် အကျမခံနိုင်တဲ့ အတွက် ရိုးသားစွာပဲ နေပါတော့မယ်”လို့ ညီဘွားညီက ပြောပါတယ်။
ညီဘွားညီက ပြဿနာတွေဖြစ်ခဲ့တဲ့ ကြားက ကားရိုက် မပျက်ခဲ့ဘဲ “သာဓုခေါ်ပါ ဒကာမကြီး” ဇာတ်ကားကိုလည်း ထွက်နိုင်ရှိနိုင်အောင် ကြိုးစားခဲ့ပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် – “ကျမက ဘယ်သူနဲ့မှ လက်ထပ်ထားခြင်း မရှိတဲ့ အပျိုကြီးပါ” ဆိုတဲ့ ဒေါ်တူးတူးတင်
The post ဝဋ်ကြွေးတခု ကျေသွားတယ်လို့ သတ်မှတ်လိုက်တဲ့ ညီဘွားညီ appeared first on ဧရာဝတီ.