Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အိမ်ထောင်ပြုဖို့ အချိန်မကျသေးလို့ မယူဖြစ်ကြသေးတာပါ”

$
0
0

မျက်နှာချိုချိုလေးနဲ့ ပရိသတ် ချစ်ခင်အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင် ချစ်စနိုးကတော့ ချစ်သူရှိပေမယ့်လည်း အိမ်ထောင်မပြုဖြစ်သေးဘဲ အိမ်ထောင်ပြုဖို့အချိန်မကျလို့ မယူဖြစ်သေးတာလို့ ဧရာဝတီကို ပြောပါတယ်။

“အချိန် မတန်သေးလို့ ဖြစ်မှာပါ။ အသက်အရွယ်အရလည်းပါတယ်။ စဉ်းစားတာတွေလည်း ပါတယ်။ နောက်ပြီးတော့ တယောက်နဲ့တယောက် ကံတို့၊ အချိန်တို့လည်း လိုသေးတယ် ထင်တယ်။ ကျမတို့ယူဖို့ အချိန်မကျသေးလို့ ဖြစ်မယ်။ အချိန်ကျရင်တော့ ယူကြမှာပါ” လို့ ချစ်စနိုးဦးက ဧရာဝတီကို ပြောပါတယ်။

ရွယ်တူတွေထဲမှာဆိုရင် အိမ်ထောင်ပြုပြီး မိသားစုဘဝကို တည်ဆောက်ထားကြတဲ့သူတွေလည်း အများကြီးရှိနေပြီး သူမရဲ့အိမ်ထောင်ရေးကို ဘယ်လိုမျှော်မှန်းထားလဲ ဆိုတာကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

“အကောင်းဆုံးပေါ့နော်။ လူတိုင်းကတော့ အဆင်ပြေဆုံးနဲ့ အကောင်းဆုံး လိုချင်ပါတယ်။ ကျမလည်း လိုချင်ပါတယ်။ ဒါပေမယ့်လည်း ကျမတို့လုပ်ခဲ့တဲ့ ကံတွေနဲ့ ဆိုင်တာပေါ့။ ဘယ်လိုဖြစ်မလဲ ဆိုတာကတော့ ယူပြီးမှပဲ သိရမှာပေါ့။ လက်ရှိမှာတော့ နှစ်ယောက်စလုံး အဆင်ပြေပါတယ်” လို့ ချစ်စနိုးဦးက ပြောပါတယ်။

ချစ်စနိုးဦးကတော့ အကယ်ဒမီ ရရှိပြီးနောက်ပိုင်းမှာ ဖခင်ရဲ့ကျန်းမာရေး အခြေအနေကြောင့် ရုပ်ရှင်ရိုက်ကူးမှု များနည်းပါးသွားခဲ့ပြီး သီချင်းသီဆိုတဲ့ဘက်ကိုသာ အများဆုံးလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“သိပ်မရိုက်ဖြစ်တာလည်းပါတယ်။ သီချင်းဆိုတဲ့ဘက်ကို အားသန်သွားတာလည်း ပါတယ်။ အဆိုတော်တွေနဲ့လည်း ချိတ်ဆက်မိနေတာလည်းပါတယ်။ ဟိုဘက်မှာက ကျမအဖေရဲ့ ကျန်းမာရေးကြောင့်လည်း နားလိုက်တာရော၊ ကျမကိုယ်တိုင်ရော ရွေးတာအရမ်းများသွားပြီးတော့ မရိုက်ဖြစ်တော့တာပါ”

“ကျမကို လာကမ်းလှမ်းတာတွေကို ကြည့်ပြီးတော့ ငယ်ငယ်ကစိတ်နဲ့ဆို ရိုက်ဖြစ်ပါတယ်။ ကြီးလာတော့ ကိုယ့်ရဲ့အချိန်တွေလည်း ဘာမှမဟုတ်ဘဲနဲ့လည်း အကုန်မခံချင်တော့ဘူး။ စိတ်ဆင်းရဲလည်းမခံချင်တော့ဘူး။ မရိုက်ဖြစ်တော့ဘူး။ သီချင်းပဲဆိုဖြစ်တော့တယ်” လို့ချစ်စနိုးဦးက ပြောပါတယ်။

ရုပ်ရှင်ပြန်လည် ရိုက်ကူးဖြစ်ရင်လည်း သဘာဝဆန်တဲ့ဇာတ်ရုပ်၊ ဖြစ်ရပ်မှန်ဇာတ်လမ်းများကို ပြန်လည်ရိုက်ကူးတဲ့ ဇာတ်လမ်းများနှင့် ပရိသတ်အတွက် Message တခုခု ပေးနိုင်တဲ့ ဇာတ်လမ်းများမှာ သရုပ်ဆောင်ချင်တယ်လို့ လည်းဆိုပါတယ်။

ချစ်စနိုးဦးကတော့ ၂၀၁၁ခုနှစ်ရဲ့ အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီရရှိခဲ့ပြီး သီချင်း သီဆိုမှု အပိုင်းမှာလည်း တကိုယ်တော်သီချင်းခွေ ထွက်ရှိထားပါတယ်။

The post “အိမ်ထောင်ပြုဖို့ အချိန်မကျသေးလို့ မယူဖြစ်ကြသေးတာပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...