Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လန်ဒန်နဲ့ ဒေလီမှာရှိတဲ့ Madame Tussauds ပြတိုက်မှာ Deepika Padukone ရဲ့ ဖယောင်းရုပ်တု ထားရှိမည်

$
0
0

ဘောလိဝုဒ်နာမည်ကျော် မင်းသမီး Deepika Padukone (ဒိပိကာ ပဒူခုန်) ရဲ့ပုံတူ ဖယောင်း ရုပ်တုကို လန်ဒန်နဲ့ ဒေလီမြို့တို့မှာရှိတဲ့ Madame Tussauds ပြတိုက်တို့မှာ ပြသသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Madame Tussauds ပြတိုက်ရဲ့ ကျွမ်းကျင်အနုပညာရှင်အဖွဲ့က မင်းသမီး Deepika နဲ့ ဖယောင်းရုပ်တု ထားရှိရေး ကိစ္စအတွက် လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ပြီး မင်းသမီးရဲ့ အသေးစိတ်ကျတဲ့ အတိုင်းအထွာ ၂၀၀ ကျော်နဲ့ အတူ စစ်မှန်တဲ့ ပုံသဏ္ဍာန်ကို ဖန်တီးနိုင်ဖို့အတွက် ဓာတ်ပုံတွေကိုလည်း ယူသွားကြတယ်လို့ ဆိုပါတယ်။

မင်းသမီး Deepika ကတော့ ဖယောင်းရုပ်တု ထားရှိမယ့်ကိစ္စနဲ့ ပတ်သက်လို့ မကြာသေးက ပြုလုပ်ခဲ့တဲ့ Facebook တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တခုအတွင်းမှာ ပြောကြားခဲ့ပါတယ်။

သူက “အရိုးသားဆုံး ပြောရမယ်ဆိုရင် တော်တော်လေးကို အံ့သြဖို့ကောင်းတယ်လို့ ခံစားရပါတယ်။ ပျော်ဖို့ကောင်းပြီး စိတ်လှုပ်ရှား ရပါတယ်။ ပြီးတော့ ပရိသတ်တွေထဲကနေ ကျေးဇူးတင်မှုကို အများကြီး ရရှိတယ်လို့ ခံစားနေရတယ် ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မင်းသမီး Deepika ရဲ့ ပုံတူ ဖယောင်း ရုပ်တုကို လာမယ့်နှစ်အစောပိုင်းမှာ စတင်ပြသမှာ ဖြစ်ပါတယ်။

လန်ဒန်မြို့မှာရှိတဲ့ ပြတိုက်မှာ ဖယောင်းရုပ်တုကို ပထမဆုံး ဖွင့်လှစ်မှာဖြစ်ပြီး သူ့ရဲ့ ရုပ်တုဟာ ပြတိုက်ထဲမှာ ဟယ်လင်မီရန်းလိုမျိုး သရုပ်ဆောင်တွေနဲ့အတူ ထားရှိခံရမှာ ဖြစ်ပါတယ်။

ဒေလီမြို့မှာရှိတဲ့ Madame Tussauds ပြတိုက်မှာတော့ လန်ဒန်မှာ ဖွင့်ပွဲပြသပြီးရင် ဆက်လက်ထားရှိပြသမှာ ဖြစ်ပါတယ်။ ထုတ်လွှင့်ခဲ့တဲ့ Facebook Live အတွင်းမှာတော့ မင်းသမီး Deepika က လန်ဒန်မြို့မှာရှိတဲ့ ပြတိုက်ရှေ့မှာ လက်မှတ်ဝယ် ဖို့ ပထမဆုံး တန်းစီခဲ့ရချိန်မှာ ခံစားခဲ့ရတဲ့ ခံစားချက်အကြောင်း ပြောဆိုခဲ့ပါတယ်။

မင်းသမီးက “ဘဝမှာ တခါမှာ မဆုံဖူးတဲ့ တယောက်ယောက်ကို တွေဆုံရတဲ့ ခံစားချက်ပါ။ ခရီးလမ်းတခုလုံးကို မေ့ဖျောက်လို့ရမှာ မဟုတ်ပါဘူး။ အခုတော့ ကျမတို့နောက်နှစ်မှာ ကျမရဲ့ ရုပ်တုရှိတဲ့ ပြတိုက်ကို ပြန်သွားရဦးမှာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

ဖယောင်းရုပ်တုမှာ ဝတ်ဆင်ထားမယ့်အဝတ်အစားနဲ့ ပတ်သက်လို့ ဖြေကြားရာ မှာတော့ မင်းသမီးက “အိန္ဒိယကို ကိုယ်စားပြုမယ့် တခုခုဖြစ်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါတွေက ကျမလာခဲ့တဲ့ နေရာဖြစ်ပါတယ်။ ကျမရဲ့ အခြေခံအရင်းအမြစ်ဖြစ်ပါတယ်။ ကျမရဲ့ ယဉ်ကျေးမှု ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ကမ္ဘာ့ပရိသတ်နဲ့ ဆက်နွယ်မှုရှိမယ့် အရာတခုလည်း ဖြစ်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။

Ref: indianexpress.com

The post လန်ဒန်နဲ့ ဒေလီမှာရှိတဲ့ Madame Tussauds ပြတိုက်မှာ Deepika Padukone ရဲ့ ဖယောင်းရုပ်တု ထားရှိမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...