Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အမျိုးတခြမ်းယုတ်”ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအဖြစ် မြင်တွေ့ရမယ့် ခင်လှိုင်

$
0
0

ဟာသ၊ ဒရာမာ၊ အက်ရှင် ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး ပရိသတ် အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် ခင်လှိုင်က “အမျိုးတခြမ်းယုတ်” ဇာတ်ကားကို ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“အမျိုးတခြမ်းယုတ် ရုပ်ရှင်ကတော့ ကျနော်တို့အားလုံး ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရတဲ့ ဇာတ်ကားပါ။ အဲဒီလို ဇာတ်ကားမျိုး ရိုက်ဖို့ ကျနော်တို့ကိုယ် ကျနော်တို့ မယုံကြည်ရဲဘူးပေါ့။ ဇာတ်လမ်းက ရိုမန့်စ် ဒရာမာ ဖြစ်နေတယ်။ မိသားစု ဇာတ်လမ်းကို အခြေခံထားတယ် ဆိုပေမယ့် ရိုမန့်စ်တွေလည်း ပါနေတယ်။ ဒီလို ဇာတ်မျိုးက ပြေတီဦး၊ နေတိုး၊ ဇေရဲထက်တို့လို မင်းသား ချောချောလှလှတွေ ရိုက်ရမယ့် ကားမျိုးပါ”လို့ သရုပ်ဆောင် ခင်လှိုင်က ပြောပါတယ်။

“မင်းသမီးဆိုလည်း ဖွေးဖွေး၊ ဝတ်မှုံရွှေရည်တို့လို ရိုက်ရမယ့် ကားမျိုးပါ။ အခုတော့ ကျနော်ရယ်၊ ဒိန်းဒေါင်ရယ်၊ မဂွမ်းရယ်ဆိုတော့ ဇာတ်ကကြီးနေတယ်။ ဒါပေမယ့် ကျနော်တို့အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ ပရိသတ်တွေကိုလည်း အမြန်ဆုံး ကြည့်ခွင့်ရစေချင်နေပါပြီ”လို့ ခင်လှိုင်က ဆိုပါတယ်။

ဟာသ သရုပ်ဆောင် ၃ ဦးကို ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေက လိုင်းတခု ပြောင်းကြည့်ချင်တာကြောင့် ဒီကားကို ရိုက်ခဲ့တာ ဖြစ်ပြီး တကားလုံး ခေါင်းဆောင်အနေနဲ့ သရုပ်ဆောင်ရတော့ တာဝန်ပိုကြီးတယ်လို့လည်း ခင်လှိုင်က ဆိုပါတယ်။

“ဒီဇာတ်လမ်းက ဒရာမာ ဖြစ်နေပေမယ့် ကျနေ်ာတို့ ၃ ယောက်စလုံး ကိုယ်လုပ်တတ်သလောက်တော့ ကြိုးစားထားကြတယ်။ ဒါပေမယ့် ဇာတ်ကားနာမည်ကလည်း အမျိုးတခြမ်းယုတ်ဆိုတော့ ပရိသတ်တွေက ဟာသကား ထင်ပြီး လာကြည့်ပြီးတော့မှ ဒရာမာ ဖြစ်နေမှာကို မချင့်မရဲဖြစ်မှာ စိတ်ပူတာပါ။ ဒီကားကိုရိုက်မယ်ဆိုတော့ အတည်ဟာသပုံစံ ရိုက်မယ်ဆိုပြီး ဒါရိုက်တာနဲ့ တိုင်ပင်ပါသေးတယ်။ ဒါပေမယ့် ထုတ်လုပ်သူရော၊ ဒါရိုက်တာရော ကျနေ်ာတို့ကို လိုင်းတခု ပြောင်းပေးကြည့်ချင်တယ် ဆိုပြီး ဒီကား ကိုရိုက်ပေးခဲ့တာပါ”

“ကျနော် အက်ရှင်၊ ဒရာမာတွေ ရိုက်ဖူးပေမယ့် တကားလုံးစာ လုပ်ရတာ မဟုတ်ဘူး။ အမျိုးတခြမ်းယုတ်မှာ ကျတော့ တကားလုံးကို ခေါင်းဆောင်အနေနဲ့ လုပ်ရတာဆိုတော့ တာဝန်ကြီးတယ်လို့ ခံစားရပါတယ်။ ဒီကားက ကျနေ်ာတို့အတွက် အမှတ်တရအနေနဲ့ ရင်ထဲမှာ ရှိပါတယ်။ ဟာသကားတွေအရိုက်များတဲ့ သရုပ်ဆောင်တွေ အနေနဲ့ ဒရာမာစစ်စစ် ဇာတ်ကား တကားကို ရိုက်ခွင့်ရခဲ့တာ ဆိုတော့လေ။ အနုပညာမှတ်တိုင်တခု ဖြစ်နိုင်မလား မဖြစ်န်ုင်ဘူးလား ဆိုတာတော့ ရုံတင်မှပဲ ပရိသတ်အတိုင်းအတာကို ကြည့်ပြီးဆုံးဖြတ်ရမှာပေါ့”လို့ ခင်လှိုင်က ပြောပါတယ်။

သရုပ်ဆောင် ခင်လှိုင်ဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ အနုပညာသက်တမ်း ကြာနေပြီဖြစ်တဲ့ ခင်လှိုင်က ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ ဇာတ်ပို့ သရုပ်ဆောင်တဦး ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်အလှူတွေ ဆက်တိုက်လုပ်နေတဲ့ ဟာသ သရုပ်ဆောင် ခင်လှိုင်

The post “အမျိုးတခြမ်းယုတ်” ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအဖြစ် မြင်တွေ့ရမယ့် ခင်လှိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...