Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် ဆေးရုံရောက်သွားတဲ့ အဆိုတော် Demi Lovato

$
0
0

အဆိုတော် Demi Lovato ဟာ ယနေ့၊ ဇူလိုင်လ ၂၄ ရက် မနက်ပိုင်းမှာ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲခဲ့မှုကြောင့် အမေရိကန် ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မှာရှိတဲ့ ဆေးရုံတခုကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

သူ့ရဲ့ ကိုယ်စားလှယ်တွေက “Demi ဟာ သတိရလာပါပြီ။ သူ့ကိုချစ်ကြတဲ့သူတွေ၊ ဆုတောင်းပေးခဲ့ကြတဲ့ သူတွေ၊ ထောက်ခံခဲ့ကြသူတွေအားလုံးကို သူနဲ့ သူမိသားစုက ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတချို့က အမှန် မဟုတ်ပါဘူး။ သူနဲ့ သူ့မိသားစု ကိုယ်ပိုင်လုံခြုံမှုအတွက် တလေးတစား တောင်းဆိုက်ပြီး သူ့ကျန်းမာရေးနဲ့ ပြန်လည်ကျန်းမာလာရေးကသာ အခုအချိန်မှာအရေးအကြီးဆုံးဖြစ်ပါတယ်” လို့ ET Canada မီဒီယာကို ပြောကြားခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးအရာရှိတွေကလည်း အသက် ၂၅ နှစ်အရွယ် အဆိုတော် Demi ဟာ ဘိန်းဖြူလွန်ကဲစွာ သုံးစွဲခဲ့မှု အတွက် ကုသမှုခံယူနေရတယ်လို့ TMZ မီဒီယာကို ပြောကြားထားပါတယ်။

Demi ကို မူးယစ်ဆေးဝါး သုံးစွဲမှုလွန်ကဲခြင်းရဲ့ အကျိုးဆက်တွေကို ဖယ်ရှားနေတဲ့နေရာမှာ အသုံးပြုလေ့ရှိတဲ့ Narcan ကုသမှုနဲ့ ကုသပေးလျက်ရှိပြီး အခုလောလောဆယ်တော့ အဆင်ပြေပြီး တည်ငြိမ်နေတဲ့အကြောင်း People မီဒီယာက သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အဆိုတော် Demi နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကတော့ ဘိန်းဖြူနဲ့ ပတ်သက်တဲ့ ဆေးလွန်တာ မဟုတ်ဘူးလို့ ET Canada မီဒီယာကို ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက အဆိုတော် Demi ဟာ ရောဂါဟောင်း ပြန်ထတဲ့အကြောင်း ရေးသားထားတဲ့ “Sober” လို့ အမည်ရတဲ့ Single သီချင်းတပုဒ်ကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီသီချင်း မဖြန့်ချိမီမှာ ၆ နှစ်လောက် အရက်စွဲခဲ့ပြီးတဲ့ နောက် ရောဂါဟောင်း ပြန်ထနေနိုင်တယ်ဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

အဆိုတော် Demi ဟာ The Jonas Brothers အဖွဲ့နဲ့အတူပါဝင်ခဲ့တဲ့ “Camp Rock” ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး နာမည် ကျော်ကြားလာခဲ့သူဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်အဖြစ်ဖြန့်ချိခဲ့တဲ့ “Don’t Forget” အယ်လ်ဘမ်ကြောင့် အနုပညာအရရော၊ စီးပွားရေးအရပါ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။

Ref: etcanada

The post မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် ဆေးရုံရောက်သွားတဲ့ အဆိုတော် Demi Lovato appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...