Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

One Direction အဖွဲ့ ဂီတလုပ်ငန်းများ ပြန်လည် လုပ်ကိုင်တော့မယ်လို့ သတင်းထွက်ပေါ်

$
0
0

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက လက်မှတ် အရောင်းဝက်ဘ်ဆိုက် တခုပေါ်မှာ နယ်လှည့်ဖျော်ဖြေပွဲ တပွဲအတွက် ရက်ကို ဖော်ပြခဲ့ပြီးခဲ့တဲ့နောက် ကမ္ဘာကျော် One Direction အဖွဲ့ပရိသတ်တွေဟာ စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ကြပါတယ်။

ပရိသတ်တဦးက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ လက်မှတ်အရောင်း ဝက်ဘ်ဆိုက် ဖြစ်တဲ့ Ticketmaster မှာ တင်ထားတဲ့ အကြောင်းအရာတခုကို သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့ပါတယ်။

အဲဒီ အကြောင်းအရာထဲမှာ လာမယ့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ Etihad Stadium မှာ “One Direction: On the Road Again Tour” အမည်ရှိတဲ့ ပွဲတခုကို ၂၀၁၆ ခုနှစ် အစပိုင်းကတည်းက အနုပညာလှုပ်ရှားမှု မရှိတော့တဲ့ One Direction အဖွဲ့က ပြုလုပ်မယ့်အကြောင်း ရေးသွင်းထားတာကို မြင်တွေ့ရပါတယ်။

Ticketmaster ဝက်ဘ်ဆိုက်ရဲ့ မျက်နှာဖုံးပုံမှာလည်း One Direction အဖွဲ့ရဲ့ပုံကို အသုံးပြုထားပြီး Spotify မှာ ရှိတဲ့ အဖွဲ့ရဲ့ Upcoming Shows နေရာမှာလည်း ပွဲစာရင်းကို ဖော်ပြထားခဲ့ပေမယ့် အလျင်အမြန် ဖယ်ရှားလိုက်တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ပရိသတ်တွေကတော့ အဲဒီသတင်းကို ဂုဏ်ပြုဖို့ လူမှုကွန်ရက် မီဒီယာအသီးသီးမှာ တင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့တုန်းကတော့ အဖွဲ့ရဲ့ တရားဝင် Twitter အကောင့်ဟာ အခုနှစ်မှာ ကျရောက်ပြီး ၂၀၁၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဗြိတိန်ရဲ့ “The X Factor” အစီအစဉ်ကနေ အစပြုလို့ အဖွဲ့ရဲ့ ၈ နှစ်ပြည့်နှစ်ပတ်လည်ကို ဂုဏ်ပြုဖို့ ၂၀၁၈ ခုနှစ်အတွင်း မှာ ပထမဆုံးအကြိမ်အနေနဲ့ ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့ပါတယ်။

အဲဒီ Twitter အကောင့်ကို ထိန်းချုပ်ထားသူတွေကတော့ အဲဒီနေ့ တနေ့လုံးမှာ အဖွဲ့ရဲ့ သီချင်းစာသားတွေကို တင်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

အခုနှစ်ကစလို့ “The X Factor” အစီအစဉ်မှာ ဒိုင်လူကြီးတဦး ဖြစ်လာခဲ့တဲ့ အဖွဲ့သား Louis Tomlinson ဟာ သူ့ရဲ့ Twitter အကောင့်မှာ အဖွဲ့ရဲ့ နှစ်ပတ်လည်အတွက် ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ သူက “အချိန်တွေ ဘယ်ရောက် ကုန်တာပါလိမ့်။ ကျနော်တို့ကို ထောက်ခံပေးခဲ့ကြတဲ့ လူတယောက်ချင်းစီတိုင်းကို ကျေးဇူးအရမ်းတင်ပါတယ်။ အရမ်းချစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

အဖွဲ့ဝင်တဦးဖြစ်တဲ့ Liam Payne က “ကျနော့် ညီအစ်ကိုတွေနဲ့အတူ ထူးခြားတဲ့ ၈ နှစ်တာ ကာလကို ဖြတ်သန်းခဲ့ပါပြီ။ အခုအချိန်အထိ ထောက်ခံပေးနေပြီး ကျနော်တို့ရဲ့ ခရီးလမ်းတလျှောက်လုံး လိုက်လာခဲ့ကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Louis နဲ့ Liam တို့အပြင် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်အဖွဲ့သားတွေဖြစ်တဲ့ Harry Styles နဲ့ Niall Horan အခုလိုမျိုး အဖွဲ့လိုက် အစီအစဉ် တွေရပ်နားနေစဉ်မှာ တကိုယ်တော် ဂီတလှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ အဖွဲ့ပြန်လည် ပေါင်းစည်းရေးဟာ မကြာတော့တဲ့ တနေ့မှာ ဖြစ်လာမယ်လို့ မျှော်လင့်တဲ့အကြောင်း Liam က ပြောဆိုထားဖူးပါတယ်။

အဖွဲ့ဝင် Niall ကတော့ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ပြန်လည်ပေါင်းစည်းမှုဖြစ်လာနိုင်တယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြီးခဲ့တဲ့နှစ်မှာ Billboard ကိုပြောကြားခဲ့ပါတယ်။

Ref: aceshowbiz

The post One Direction အဖွဲ့ ဂီတလုပ်ငန်းများ ပြန်လည် လုပ်ကိုင်တော့မယ်လို့ သတင်းထွက်ပေါ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...