Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“တိုက်တန်းနစ်”သင်္ဘောကို ပြန်လည် ဆယ်ယူဖို့ ဒါရိုက်တာ James Cameron ကန့်ကွက်

$
0
0

ကမ္ဘာကျော် “Titanic” ရုပ်ရှင် ဒါရိုက်တာ James Cameron (ဂျိန်းစ်ကင်မရွန်) က အင်တာဗျူးတခုမှာ နာမည်ကျော် တိုက်တန်းနစ် သင်္ဘောပျက်ရဲ့ အစိတ်အပိုင်းတချို့ကို တူးဖော်ရေးကိစ္စ ဆွေးနွေးခဲ့စဉ်မှာ အဲဒီသင်္ဘောကြီးကို ပင်လယ်ကြမ်းပြင်မှာသာ ထားရှိသင့်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

အသက် ၆၃ နှစ်အရွယ် ဒါရိုက်တာ Cameron က အဲဒီသင်္ဘောပျက်ကို ပြန်လည်ဆယ်ယူဖို့ရာ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ကုန်ကျနိုင်ကြောင်း၊ အထိမ်းအမှတ်နေရာနဲ့ သချုၤိင်းတခု အနေနဲ့ ယူဆပြီး ဆယ်ယူမယ့် ဘယ်သူ့ကိုမဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

သူက “သင်္ဘောပျက်ကို ပြန်လည်ဆ ယ်ယူရေးရဲ့ ဖြစ်နိုင်ချေဟာ သုညထက် မပိုပါဘူး။ တကယ်လို့များ ဒီပြဿနာကို ငွေပုံအော သုံးချင်တဲ့သူကတော့ အင်္ဂါဂြိုဟ်ပေါ်မှာသာ နယ်ချဲ့လိုက်စမ်းပါ။ ကျနော်တို့က ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ အကြောင်း ပြောနေတာပါ။ ပင်လယ်မျက်နှာပြင်အောက် နှစ်မိုင်လောက်မှာ လုပ်ရတဲ့ စိတ်ပျက်ဖွယ် အလုပ်ပဲ ဖြစ်ပါတယ်”

“ကျနော် ရုပ်ရှင်ထဲမှာ ထည့်ရိုက်ခဲ့တဲ့ ကမ္ဘာကျော် သင်္ဘောဦး ပိုင်းလိုမျိုးဟာအတွက် ဖြစ်နိုင်ချေက အလွန် နည်းပါတယ်။ သူတို့တွေက ဖြတ်တောက်ပြီး ပင်လယ် မျက်နှာပြင်ပေါ်ကို ကြီးမားတဲ့ အပိုင်းကြီး ယူလာတာဟာ သိပ်ကို ဆိုးရွားပြီး အပိုင်းအစတွေ ပုံဖော်လို့တောင် ရမှာမဟုတ်တော့ပါဘူး” လို့ Press Association ကို ပြောကြားခဲ့ပါတယ်။

ဒါရိုက်တာ Cameron က ၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှာ နစ်မြုပ်ခဲ့တဲ့ သင်္ဘောဟာ ပင်လယ်သမုဒ္ဒရာ အောက်ခြေမှာ ရှိနေဆဲဖြစ်ပေမယ့် ထူးဆန်းတဲ့ အလှအပတခုကို ပိုင်ဆိုင်ထားဆဲ ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

သူက “အထိမ်းအမှတ် တခုလိုရော၊ သချႋုင်းတခုလို ပိုကောင်းတဲ့ ရည်ရွယ်ချက်နဲ့သာ ထမ်းဆောင်နေတယ်လို့ ကျနော်ခံစားရပါတယ်။ အဲဒီအောက်ကို တယောက်ယောက် ဆင်းပြီး သင်္ဘောရဲ့ ကြီးမားတဲ့အပိုင်းတွေကို ဖော်ထုတ်ပြီး ကမ္ဘာတဝန်းကို လှည့်ပြမယ်ဆိုတာကို ကျနော် ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” လို့ ပြောဆိုထားပါတယ်။

ရုပ်ရှင်ဒါရိုက်တာ တဦးအနေနဲ့ အဲဒီသင်္ဘောပျက်ကို စိတ်ကူးယဉ်ပုံဖော်ဖို့သာ ချန်ထားဖို့ မျှော်လင့်တဲ့အကြောင်းနဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်တခုရဲ့ အထိမ်းအမှတ်တခုလိုမျိုး ဓာတ်ပုံရိုက်တာ၊ နားလည်သဘောပေါက်တာ၊ ဂုဏ်ပြုတာမျိုး ဆက်လက် လုပ်ဆောင်သွားနိုင်တဲ့ အကြောင်းလည်း သူကပြောဆိုခဲ့ပါတယ်။

သင်္ဘောကနေ ရရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်း ၅၅၀၀ ကိုပိုင်ဆိုင်ဖို့ ဗြိတိသျှပြတိုက်အဖွဲ့တခုက ကြီးမားတဲ့ လေလံတင်ပွဲ တခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါသေးတယ်။

Ref: etcanada

The post “တိုက်တန်းနစ်” သင်္ဘောကို ပြန်လည် ဆယ်ယူဖို့ ဒါရိုက်တာ James Cameron ကန့်ကွက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...