Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အွန်လိုင်းမှာ ရုပ်ရှင်များ ပျံ့နှံ့လာခြင်းကို အရေးယူဖို့ ဇာဂနာ တောင်းဆို

$
0
0

လက်ရှိ ရုံတင်ပြသနေဆဲ ဇာတ်ကားများနဲ့ မပြသရသေးတဲ့ ရုပ်ရှင်ဇာတ်ကားများ အွန်လိုင်းပေါ်မှာ ဇာတ်ကား အစအဆုံး ပျံ့နှံ့လာတာနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဇာဂနာက ပြတ်ပြတ်သားသား အရေးယူပေးပါလို့ သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်ကနေတဆင့် ရေးသားကာ တောင်းဆို လိုက်ပါတယ်။

“ကျနော့်တုန်းက အီလက်ထရောနစ် အက်(Act) ၃၃၊ ၃၄ တွေနဲ့ ထောင် ၄၅ နှစ်တောင် ချခဲ့ဖူးပါတယ်။ လုပ်ချင်ရင် အလွယ်လေးပါ။ သူခိုးထက် သူဝှက်ကြောက်နေရတဲ့ အဖြစ်မျိုး ဒီတိုင်းပြည်မှာ မရှိစေချင်ပါ။ ပြတ်ပြတ်သားသား စံပြ အရေးယူပေးပါ။ ၆၆ ဃ လောက်က အာ မစွတ်ပါဘူး။ လူတယောက် ထောင် မကျစေချင်ပါဘူး။ ကျနော်ချစ်တဲ့ ရုပ်ရှင်အဖွဲ့အစည်း အသိုင်းအဝိုင်းတခုလုံး နစ်နာစေတဲ့အတွက် ရင်နာနာနဲ့တောင်းဆိုတာပါ” လို့ ဇာဂနာက တောင်းဆိုထားပါတယ်။

ရုံတင်ဆဲ ဇာတ်ကားများ ၊ ရုံတင်ပြီး ဇာတ်ကားများ ခိုးကူးခံရတာနဲ့ ပတ်သက်ပြီး ပြသခွင့် လိုင်စင် ထုတ်ပေးတဲ့ သူများမှာ ပြန်ကြားရေးနှင့် ရုပ်ရှင်အစည်းရုံးကဖြစ်ပြီး ဘယ်ရုံမှာ ဘာနဲ့ပြတယ်၊ ဘယ်လိုစက်အမျိုးအစား ဘယ်လိုပရိုဂျက်တာ များနှင့် ပြနေတာဆိုတာကို သိရက်နှင့် လိုင်စင်ထုတ်ပေးခဲ့တဲ့အကြောင်းများကိုလည်း အခုလို ရေးသားထားပါတယ်။

“ရုံတင်ဆဲ ရုံတင်ပြီးတွေ ခိုးကူးခံရတယ်။ ပြသလိုင်စင် ထုတ်ပေးသူတွေက ပြန်ကြားရေးနဲ့ ရုပ်ရှင် အစည်းအရုံးက လူတွေပါ။ မြန်မာတပြည်လုံး ၇၁ ရုံ ပိတ်ကား ၁၂၁ ပဲ ရှိပါတယ်။ ဘယ်ရုံ ဘာနဲ့ပြနေတယ်။ တိတိကျကျပြောရရင် ဘယ်လိုစက် အမျိုးအစား ၊ ဘယ်လို ပရိုဂျက်တာတွေနဲ့ ပြနေတယ်ဆိုတာ သိရက်သားနဲ့ လိုင်စင် ထုတ်ပေးခဲ့ ကြတယ်။ ၂၀၁၆ ဖိုရမ်ထဲက အတန်တန်ပြောခဲ့ပေမယ့် မသိချင်ယောင်ဆောင်ကြလို့ HD အကြည် လိုင်းပေါ် တက်လာတယ်။ အခုတခါ ကြည်ဖြူသျှင်ရဲ့ကား ရုံမတင်ရသေးဘူး။ တက်လာတယ်။ တင်တာဘယ်ကလဲ သိနေတာပဲ” လို့ ဇာဂနာက ဆိုထားပါတယ်။

ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားတဲ့ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ်ကားကြီးမှ စတင်ပြီး ရုံဆင်နေဆဲ ဇာတ်ကားတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး မကြာခင်ကလည်း ဒါရိုက်တာ ခရစ္စနားခီ ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ယခုလတ်တလော ရုံတင်ပြသရခြင်း မရှိသေးတဲ့ “ဇာတိမြေ” ရုပ်ရှင်ကားကြီးလည်း ဇာတ်ကား အစအဆုံး အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်ကားများ ပျံ့နှံ့လာရတဲ့ အကြောင်းအရင်းနဲ့ ဖြန့်ဝေခဲ့သူကိုတော့ လက်ရှိအချိန်ထိ ဖမ်းမိခြင်း မရှိသေးတဲ့ အနေအထားသာ ရှိနေပါသေးတယ်။

The post အွန်လိုင်းမှာ ရုပ်ရှင်များ ပျံ့နှံ့လာခြင်းကို အရေးယူဖို့ ဇာဂနာ တောင်းဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...