Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အွန်လိုင်းမှာ ရုပ်ရှင်တွေ ပျံ့နှံ့တာ တော်တော် မကောင်းတဲ့ အခြေအနေပါ”

$
0
0

လက်ရှိအွန်လိုင်းပေါ်မှာ ပျံ့နှံနေတဲ့ မြန်မာရုပ်ရှင် ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနာခီက ဒါဟာ တော်တော်မကောင်းတဲ့ အခြေအနေတခု ဘက်ကို ရောက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အွန်လိုင်းမှာ ဒီလို ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ပျံ့နှံ့သွားတာက တော်တော် မကောင်းတဲ့ အခြေအနေတခုဘက်ကို ရောက်သွားတယ်။ “ဇာတိမြေ” ကတော့ ကျမတို့နဲ့ မတူတာ တခုကတော့ ဂျပန်ကနေ ဖြစ်သွားတယ်ပေါ့။ ဒါပေမယ့် ကျမ နားမလည်တာက ဂျပန်လိုနိုင်ငံမျိုးမှာ ဒီလို ချိုးဖောက်ရဲတယ်ဆိုတော့ နိုင်ငံခြားမှာ ရှိတဲ့ ဂျပန်ကုမ္ပဏီက Take Action (အရေးယူမှု) တော့ ကောင်းကောင်း လုပ်ပေးသင့်တယ်ပေါ့။ ကျမတို့ဆီမှာက ဒီဥပဒေကလည်း အားနည်းနေသေးတာ” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

“ဥပဒေက အားနည်းနေသေးတယ် ဆိုပေမယ့်လည်း ကျမတို့ ပြဿနာကနေကြည့်ပြီး ကျမပြောတတ်တာက ဝိုင်းဝန်းလုပ်ပေးနေတဲ့သူတွေ ရှိတော့ ဒါလေးက မဆိုးဘူးပေါ့။ “ဥပါယ်တံမျဉ်” ဇာတ်ကားကို အွန်လိုင်းကနေ တရားမဝင် ဖြန့်ချိခဲ့တာကြောင့် အမှုဖွင့်ထားရာမှာ CID က ကိုင်တွယ်နေပြီး မကြာခင် ရုံတင်တော့မယ့် ဇာတိမြေ ရုပ်ရှင်ဇာတ်ကားပါ တရားမဝင် ထပ်မံ ပျံ့နှံ့ခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ တယောက်ယောက် အဖမ်းခံရပြီ၊ တခုခုဖြစ်ပြီဆိုမှ အကြောက်တရားရှိလာမှာဖြစ်သလို အကြောက်တရားရော အသိတရားပါရှိမှ ကောင်းမွန်တဲ့ လူမှုအသိုင်းအဝန်းဖြစ်လာမှာပါ” လို့ ခရစ္စတီးနားခီက ဆိုပါတယ်။

ဆက်လက်ပြီးလည်း “ဘယ်အရာမဆို အများကြီး နောက်ကျ ကျန်ခဲ့တဲ့ နိုင်ငံက ဖြစ်နေတာဆိုတော့ ချက်ချင်းလက်ငင်းကြီး ဖြစ်ဖို့ဆိုတာ မလွယ်ဘူး” လို့ ခရစ္စတီးနားခီက ပြောပါတယ်။

ကိုယ်တိုင်ရိုက်ကူးထားတဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကို CANAL + ရုပ်သံလိုင်းကနေ ပြသဖြစ်တဲ့ အကြောင်း ပြောပြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီက အသိပေးပြောပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“CANAL+ ကို အရမ်း ကျေးဇူးတင်ဖို့ကောင်းပါတယ်။ ဥပါယ်တံမျဉ် ဇာတ်ကားကို ရုံတင်ခွင့် မရခင်ကတည်းက သေသေချာချာ လေးလေးစားစားလေး ဖိတ်ပြီးတော့ ကြည့်တယ်။ ကြည့်ပြီးတော့ Offer (ကမ်းလှမ်းမှု) ပေးတယ်။ သူတို့ပေးတဲ့ Offer နဲ့ ကျမတို့ လိုချင်တာနဲ့ ညှိကြတယ်။ အဲ့အချိန်တုန်းက မြန်မာရုပ်ရှင် Organization MMPO ၁ နှစ် ပြခွင့် မရှိဘူးဆိုတဲ့ ဥပဒေတောင် မထုတ်ရသေးဘူး။ အဲဒီအတွက် ကျမတို့ ကံကောင်းသွားတယ်။ Online Channel တခုကလည်း ကမ်းလှမ်းထားတယ်။ “မုဒြာခေါ်သံ”ကလည်း Channel တွေရော Online Channel တွေရော ကမ်းလှမ်းလာပါတယ်”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ်အနုပညာ ဖန်တီးတဲ့အခါ ကျီးလန့်စာ စားရသလို ခံစားလာရတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ
ပြောင်းလဲမှုကို လိုလားရင် “ဥပါယ်တံမျဉ်” ကို Share မလုပ်ဖို့ တောင်းဆိုလိုက်တဲ့ ဇဏ်ခီ

The post “အွန်လိုင်းမှာ ရုပ်ရှင်တွေ ပျံ့နှံ့တာ တော်တော် မကောင်းတဲ့ အခြေအနေပါ” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...