Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုရီးယားရုပ်ရှင်ကို ပြန်ရိုက်မယ့် ဘောလိဝုဒ်ကား “Bharat” မှာ မင်းသား Salman Khan ပါဝင်

$
0
0

မင်းသား Salman Khan ဟာ ဒါရိုက်တာ Ali Abbas Zafar ရဲ့ “Bharat” ရုပ်ရှင်မှာ ပါဝင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ Sultan နဲ့ Tiger Zinda Hai တို့လိုမျိုး ရုပ်ရှင်တွေမှာ လက်တွဲ ရိုက်ကူးခဲ့ကြတဲ့ ဒါရိုက်တာနဲ့ မင်းသားတို့ဟာ အိန္ဒိယ နိုင်ငံသမိုင်းမှာ နှစ်ပေါင်း ၇၀ နေထိုင်ခဲ့တဲ့ အမျိုးသား တဦးရဲ့ ဘဝခရီးလမ်းအကြောင်း ရိုက်ကူးထားတဲ့ ဒရာမာမှာ အတူတွဲပြီး ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

မင်းသား Salman ရဲ့ Stylist တယောက်ဖြစ်တဲ့ Ashley Rebello က “Bharat မှာ Salman ဟာ တရက် ကုန်ဆုံးသွားပြီး ရက်ပေါင်းများစွာအတွက် ရှေ့ဆက်ရပြန်တယ်” လို့ Instagram မှာ မင်းသားရဲ့ ပုံနဲ့အတူ တွဲတင်ခဲ့ပါတယ်။

ရုပ်ရှင်ထဲမှာ ပါဝင်မယ့် မင်းသား Salman ရဲ့ ပုံစံကို မြင်တွေ့ခဲ့ရပြီး အဲဒီဓာတ်ပုံ ထဲမှာတော့ မင်းသားဟာ သားရေဂျာကင် အကျီင်္အောက်မှာ အနက်ရောက် တီရှပ်ကို ဝတ်ဆင်ထားခဲ့ပြီး သာမန် အနေအထားတိုင်းသာ မြင်တွေ့ရပါတယ်။ ဒါပေမယ့် အသက် ၅၂ နှစ်အရွယ် မင်းသားဟာ ရုပ်ရှင်ထဲမှာ အပြောင်းအလဲတချို့ကို လုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါရိုက်တာ Ali ကတော့ ရုပ်ရှင်ကို စတင်ရိုက်ကူးနေပြီဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ဇူလိုင်လ ၂၂ ရက်နေ့မှာ ကြေညာထားပါတယ်။ “Bharat” ရုပ်ရှင်ဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Ode to My Father” အမည်ရတဲ့ ကိုရီးယားရုပ်ရှင်ကို တရားဝင် ပြန်လည်ရိုက်ကူးမှာလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်တခုက “ဆက်ကပ် ပြင်ဆင်မှုပါဝင်တဲ့ အရေးကြီးတဲ့ အပိုင်းတခုကို ကျနော်တို့ စတင် ရိုက်ကူးနေပါပြီ။ ဒါရိုက်တာ Ali က အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်လို့ တော်တော်လေးကို တိကျပြီး အဲဒီရုပ်ရှင်အပိုင်းမှာ ကိုယ်ကာယလှုပ်ရှားမှုကို ဖျော်ဖြေမယ့် ဘူဂေးရီးယား ဘားဂျွမ်းအားကစားသမားတဦးကို ထည့်သွင်း ထားပါတယ်”

“ကျနော်တို့ဟာ Salman Khan, Disha Patani, Sunil Grover တို့နဲ့ ရိုက်ကူးသွား မှာပါ။ ဒါရိုက်တာ Ali ဟာ “Fan” ရုပ်ရှင်မှာ မင်းသား ရှာရွတ်ခန်းနဲ့အတူ အလုပ်အတူတွဲလုပ်ဖူးတဲ့ ကိုရီးယား အက်ရှင်ဒါရိုက်တာ SeaYoung Oh နဲ့လည်း အလုပ်အတူ တွဲလုပ်မှာဖြစ်ပါတယ်” လို့ IndiaExpress မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ မင်းသား Salman အပြင် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Priyanka Chopra, Tabu, Disha Patani, Sunil Grover နဲ့ Varun Sharma တို့ကလည်း ကူညီပါဝင်ပေးကြမှာဖြစ်ပါတယ်။ မင်းသားရဲ့ တခြား ရုပ်ရှင်တွေလိုပဲ “Bharat” ရုပ်ရှင်ကို Eid ပွဲတော်ကာလမှာ ဖြန့်ချိမှာဖြစ်ပါတယ်။ ပြီးတော့ ရုပ်ရှင်ထုတ်လုပ်သူက သူ့ရဲ့ ယောက်ဖ Atul Agnihotri ဖြစ်ပါတယ်။

Ref:indiaexpress

The post ကိုရီးယားရုပ်ရှင်ကို ပြန်ရိုက်မယ့် ဘောလိဝုဒ်ကား “Bharat” မှာ မင်းသား Salman Khan ပါဝင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...