Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘဝမှာ ရှုံးနိမ့်ခဲ့ကြဖူးတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ

$
0
0

ရှုံးနိမ့်မှုကို ကြောက်ရွံ့နေခြင်းဟာ ပုံမှန် မဟုတ်တဲ့ သဘာဝ စိတ်တမျိုး ဖြစ်ပြီး အဆုံးအရှုံးတွေကို သိလိုက်ရချိန်မှာ ပြင်ဆင်ဖို့ အခွင့်အရေးတခုကတော့ ရှိနေစမြဲဖြစ်ပါတယ်။

သမိုင်းတလျှောက် နာမည်ကျော်ကြားခဲ့တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေမှာလည်း ဘဝမှာ တကြိမ်တခါ ရှုံးနိမ့်မှုတွေကို ရင်ဆိုင်ခဲ့ကြဖူးတာပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အင်တိုက်အားတိုက် ကြိုးစားခဲ့ကြပေမယ့် ရှုံးနိမ့်ခဲ့ဖူးတဲ့ နာမည်ကျော် ပုဂ္ဂိုလ်တွေကို ဧရာဝတီ စာဖတ်ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဂျေကေရိုးလင်းန်(စာရေးဆရာမ)

 

 

ဟယ်ရီပေါ်တာ ဝတ္ထုတွေနဲ့ နာမည်ကြီးခဲ့သူ စာရေးဆရာမ ဂျေကေရိုးလင်းန် (JK Rowling) ဟာ ဆိုရင်လည်း သူမရဲ့ ဝတ္ထုစီးရီးတွေအတွက် အခက်အခဲတွေကြားကနေ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။

ကွာရှင်းပြတ်စဲမှု၊ အလုပ် လက်မဲ့ဘဝနဲ့ လူမမယ်ကလေးငယ်ကို ပြုစု စောင့်ရှောက်ရမှုတွေဟာ ဝတ္ထုရေးခြင်းထက် ခက်ခဲတဲ့ လူမှုကိစ္စတွေအဖြစ် တည်ရှိနေခဲ့ပြီး နောက်ပိုင်းကာလတွေမှာတော့ သူမရဲ့ဝတ္ထုတွေဟာ ရုပ်ရှင်ရိုက်သည်အထိ အောင်မြင်လာခဲ့ကာ ရုပ်ရှင်ကားတိုင်းဟာလည်း ပရိသတ်အင်အား အများအပြား ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

(၂) ဖလောရင့်စ်နိုက်တင်ဂေးလ်(အမျိုးသမီးသူနာပြု)

 

 

ဖလောရင့်စ် (Florence) ဟာဆိုရင်လည်း မိသားစုနဲ့ဝေးကွာရာ အရပ်ဒေသဖြစ်တဲ့ စစ်မျက်နှာပြင်မှာ ကူးစက်ရောဂါ ခံစားနေသူ စစ်သားတွေကို ပြုစုဖို့ အမျိုးသမီးသူနာပြုအနနဲ့ သွားရောက်ခဲ့ရတာဖြစ်ပြီး သူမရဲ့အခက်အခဲတွေကို စစ်ဘက်ဆိုင်ရာ ဆေးရုံတွေကို တင်ပြခဲ့ပေမယ့် ဘယ်သူ တဦးတယောက်ကမှ တာဝန်ယူခဲ့ခြင်း မရှိပါဘူး။

တိုင်းမ်သတင်းစာနဲ့ အင်တာဗျူးတခုလုပ်ရင်းကနေ လူထုရဲ့ဂရုစိုက်မှုကို ရခဲ့ပြီး အဲဒီကနေမှ လုံလောက်တဲ့ အလှူငွေ တချို့ကို ရရှိခဲ့ကာ မလိုအပ်ဘဲ သေဆုံးမှုတွေကို ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။

(၃) ဝေါ့တ်ဒစ်စနေ(ကာတွန်းဇာတ်ကောင်များဖန်တီးသူနဲ့ Walt Disney တည်ထောင်သူ)

 

 

Animation ရုပ်ရှင်တွေရဲ့အစမှာ မပါမဖြစ်ဖြစ်တဲ့ “Walt Disney” ဟာဆိုရင်လည်း ၁၉၁၉ ခုနှစ်မှာ Kansas City Star သတင်းစာကနေ အယ်ဒီတာအဖြစ်ကနေ အလုပ်ဖြုတ်ခံခဲ့ရပြီး နောက်ထပ် Animation Studio တခုမှာ အလုပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ငြင်းဆိုခြင်း ခံခဲ့ရပါတယ်။

စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး အခုအချိန်မှာတော့ Walt Disney ဟာ မသိသူမရှိသလောက် ဖြစ်နေပါပြီ။

(၄) ဂျင်မ်ကာရေး(သရုပ်ဆောင်)

 

 

“The Mask” ရုပ်ရှင်ဇာတ်ကားနဲ့ လူသိများခဲ့ပြီး အခုအချိန်အထိ အကောင်းဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်နေဆဲ ဖြစ်တဲ့ Jim Carrery ကတော့ ရုပ်ရှင်တွေထဲမှာ ပြုံးပြုံးရွှင်ရွှင်နဲ့ မြင်တွေ့ရပေမယ့် လက်တွေ့ဘဝကတော့ လွယ်ကူပြီး ပျော်စရာတွေနဲ့ ပြည့်နှက်နေခဲ့တာတော့ မဟုတ်ပါဘူး။

၁၉၈၀-၈၁ ခုနှစ် ကာလတွေမှာ သူဟာ အလှောင်အပြောင်ခံနေရဆဲ အလုပ်လက်မဲ့ဘဝမှာပဲ ရှိနေခဲ့ပြီး “The Law of Attraction” စာအုပ်ကို ရေးသားခဲ့ရာကနေ အကျိုးအမြတ်တွေ စတင်ရရှိခဲ့ပြီး အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

Ref ; thedailynet.com

The post ဘဝမှာ ရှုံးနိမ့်ခဲ့ကြဖူးတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles