Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်နေတဲ့ မင်းသား Henry Cavill

$
0
0

စူပါမန်းမင်းသား Henry Cavill ကတော့ ကမ္ဘာကျော် ဇာတ်ကောင်တခုမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စား နေပြန်ပါတယ်။ “Mission: Impossible – Fallout” ရုပ်ရှင် သတင်းစာရှင်းလင်းပွဲအတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသား Cavill ကို အနာဂတ် ကာလတခုမှာ နာမည်ကျော် စပိုင်ဇာတ်ရုပ်ဖြစ်တဲ့ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်ပါသလားလို့ မေးမြန်းခဲ့ပါတယ်။

“Man of Steel” ရုပ်ရှင်မင်းသား Cavill က “သေချာတာပေါ့။ ကျနော် သရုပ်ဆောင်ချင်ပါတယ်။ ဂျိမ်းစ်ဘွန်းဟာ တကယ့်ကို ပျော်ဖို့ကောင်းမယ့် ဇာတ်ရုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဗြိတိသျှပုံစံပါ။ တော်တော်လေးမိုက်ပါတယ်” လို့ Yahoo UK မီဒီယာကို ပြောကြားခဲ့ပါတယ်။

ဆက်ပြီးမင်းသားက “အခုကတော့ ကျနော့်ရဲ့ “Mission: Impossible” ရုပ်ရှင်မှာ တကယ့် စတန့်ပြကွက်တွေကို လုပ်နိုင်ခဲ့ပြီး အင်ပြည့်အားပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျနော် အဲဒီမှာ လေ့လာခဲ့ရတဲ့အရာကို “Bond” လိုမျိုး ရုပ်ရှင်မှာ လုပ်ဆောင်နိုင်မယ် ဆိုရင် ပျော်ဖို့ကောင်းမှာပါ”

“ကျနော်က ဗြိတိသျှတယောက်အနေနဲ့ သရုပ်ဆောင် ရတာ သဘောကျပါတယ်။ အရင်တုန်းက ကျနော် ဗြိတိသျှလူမျိုး ဇာတ်ကောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာ မရှိပါဘူး။ အဲဒီ အခွင့်အရေးကို ကျနော်သဘောကျပြီးတော့ သူတို့လုပ်မလားလို့ မေးလာရင် လုပ်ပါ့မယ်လို့ ဖြေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

“Mission: Impossible — Fallout” ရုပ်ရှင်ဒါရိုက်တာ Christopher McQuarrie ရဲ့အဆိုအရ မင်းသား Cavill ဟာ သူ့ရုပ်ရှင်မှာပါဝင်ရမယ့် နှုတ်ခမ်းမွှေးကို ရိတ်ပစ်ပြီး “Justice League” ရုပ်ရှင်ကို ရိုက်ကူးခဲ့ရတဲ့အတွက် MI ရုပ်ရှင် ထုတ်လုပ်ရေးကို ခေတ္တရပ်နားခဲ့ရတယ်လို့သိရပါတယ်။

အဲဒီ့အတွက် MI ရုပ်ရှင်မှာ ပါဝင်မယ့် မင်းသား Cavill ရဲ့ နှုတ်ခမ်းမွှေးကို CGI အထူးပြုလုပ်ချက်နဲ့ ပြန်လည်ထည့်သွင်းဖု့ိ ကုန်ကျစရိတ် ဒေါ်လာ ၃ သန်းကို DC ရုပ်ရှင်ထုတ်လုပ်ရေးက ပေးချေခဲ့ရတယ် လို့လည်း ဆိုပါတယ်။

မင်းသား Cavill ဟာ ဂျိမ်းစ်ဘွန်းအဖြစ် အခုအထိတော့ သရုပ်ဆောင်ဖို့ မသေချာသေးပေမယ့် သူဟာ မကြာမီ ရုံတင်တော့ မယ့် “Mission: Impossible” ရုပ်ရှင်အသစ်မှာ စီအိုင်အေ အေးဂျင့် August Walker အဖြစ် သရုပ်ဆောင်ထားပြီး ရုပ်ရှင် အမြည်းဗီဒီယိုမှာ ပါဝင်တဲ့သူ့ရဲ့ပုံစံကိုလည်း လူပြော များလျက်ရှိနေပါတယ်။

လက်ရှိမှာတော့ မင်းသား Daniel Craig ဟာ ဂျိမ်းစ်ဘွန်းအဖြစ် ပြန်လည်သရုပ်ဆောင်မှာဖြစ်ပေမယ့် လာမယ့် ၂၆ ခု မြောက် “Bond” ရုပ်ရှင်ဖြန့်ချိပြီးရင်တော့ ဂျိမ်းစ်ဘွန်းအဖြစ်သရုပ်ဆောင်မှုကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးရုပ်ရှင် “Bond 25” ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်မှာ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

Ref: etcanada

The post ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ချင်နေတဲ့ မင်းသား Henry Cavill appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343