Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ငါ့ရဲ့ အရာရာ” နဲ့ ပရိသတ်ထံ ပြန်လာတဲ့ အဆိုတော် ဖြိုးကြီး

$
0
0

ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေတဲ့ အဆိုတော် ဖြိုးကြီးက သူရဲ့ သီချင်းအခွေအသစ် ဖြစ်တဲ့ “ငါ့ရဲ့ အရာရာ” သီချင်းခွေကို သြဂုတ်လ ၅ ရက်နေ့မှာ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

အဲဒီအခွေမှာ တေးရေးဆရာတွေ များစွာပါဝင်ထားသလို အဆိုတော် ဖြိုးကြီးကိုယ်တိုင် ရေးသား ထားတဲ့ သီချင်းများလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

ဖြိုးကြီးဟာ “င့ါရဲ့အရာရာ” ဆိုတဲ့ သီချင်းခွေ မထွက်ခင်မှာ အွန်လိုင်းကနေ Single Song တွေနဲ့ မိတ်ဆက် ပေးခဲ့ပါသေးတယ်။ သီချင်းနာမည်က “ရက်စက်လိုက်တာ”လို့ နာမည်ပေးထားပါတယ်။

“ရက်စက်လိုက်တာ” သီချင်းကို အွန်လိုင်းမှာ တင်ပြီး နောက် ဒုတိယတပုဒ်ဖြစ်တဲ့ “ဆရာကြီးကို” ပရိသတ်တွေ အတွက် အွန်လိုင်းမှာ ထပ်တင်ခဲ့ပြီး အဲဒီသီချင်း ၂ ပုဒ်ကလည်း ပရိသတ်များ အကြိုက်တွေ့ခဲ့ ကြပါတယ်။

အခုထွက်ရှိမယ့် “င့ါရဲ့အရာရာ” အခွေထဲမှာ အွန်လိုင်းမှာ ထွက်ရှိထားတဲ့ သီချင်းတွေလည်း ပြန်လည်ပါဝင်မယ်လို့ သိရပါတယ်။ အဆိုတော် ဖြိုးကြီးက “ငါ့ရဲ့အရာရာ” အခွေထွက်မယ့်နေ့မှာပဲ အခွေပရိုမိုးရှင်း ပြုလုပ်ရင်း ပရိသတ်တွေနဲ့ တွေ့ဆုံဖို့လည်း ရှိတယ်လို့လည်း ဆိုပါတယ်။

ဖြိုးကြီးနဲ့အတူ တခြား အဆိုတော်များဖြစ်ကြတဲ့ ဖြူဖြူကျော်သိန်း၊ ခင်စုစုနိုင်၊ ပန်းရောင်ခြယ်၊ ပိုပိုဟေသာ၊ ငဲငယ်လေး၊ လမင်းခ၊ ဖူးဖူးသစ်၊ ဂရေဟမ်၊ ဖိုးကာ၊ အောင်ထက်တို့နဲ့အတူ သီချင်းများနဲ့ ဖျေ်ာဖြေသွားမယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဖြိုးကြီးက သူရဲ့ Facebook ပေါ်မှာ အခုလို ရေးသားထားပါတယ်။

“ဩဂုတ်လ ၅ ရက်နေ့ မှာ MEBC နှင့် Hledan Center တို့ ပူးပေါင်း စီစဉ်တဲ့ “မိုးရာသီ ဂီတဈေးပွဲတော်” နဲ့ အတူ လှည်း တန်းစင်တာ Promotion Area မှာ ညနေ ၃နာရီ မှ ၆နာရီ အတွင်း ပူးပေါင်း ဖျော်ဖြေသွားမှာပါ။ မိုးရာသီ ဂီတဈေးပွဲတော်ကတော့ မနက် ၁၀နာရီ မှ ည ၉ နာရီ အထိ ဖြစ်ပါတယ်” လို့ ဖြိုးကြီးက ရေးသားထားပါတယ်။

ဖြိုးကြီးဟာ ဂီတလောကမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော် တဦးဖြစ်ခဲ့ပြီး “အသင်္ချေ” ဆိုတဲ့ တကိုယ်တော် အခွေနဲ့ ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိထားတဲ့ သူဟာ နောက်ပိုင်းမှာ အတွဲခွေများစွာ ပါဝင်သီဆိုခဲ့သူတဦးလည်း ဖြစ်ပါတယ်။

The post “ငါ့ရဲ့ အရာရာ” နဲ့ ပရိသတ်ထံ ပြန်လာတဲ့ အဆိုတော် ဖြိုးကြီး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...