Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ခန္ဓာကိုယ် ဝဝကြီးကြောင့် ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ အဆိုတော် CL

$
0
0

အဆိုတော် CL လို့ ပြောတာနဲ့ ယခင်က 2NE1 အဖွဲ့မှာ အမိုက်စား Rap တွေကို ဆိုခဲ့တဲ့ အမျိုးသမီး Rapper အဆိုတော် တယောက်လို့ သိကြပါတယ်။ 2NE1 အဖွဲ့ ပျက်သွားပြီးနောက်မှာလည်း CL ကတော့ အနုပညာအလုပ်တွေကို ရပ်တန့်လိုက်ခြင်း မရှိပါဘူး။

သိပ်မကြာခင်ကမှ အမေရိကန် Mumble Rapper တယောက်ဖြစ်တဲ့ Little Yachty နဲ့ Surrender ဆိုတဲ့ သီချင်းထွက်ထားပြီး Music Video ထဲမှာလည်း သူမရဲ့ ခန္ဓာကိုယ် အလှတွေကို ထုံးစံအတိုင်း လှစ်ဟ ခဲ့ပါသေးတယ်။

ဒါ့အပြင် သူမဟာ အမေရိကန် အဆိုတော်များနဲ့လည်း စုံတွဲသီချင်းများ တွဲဆိုပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့အောင်မြင်မှု ဆက်လက် ထိန်းသိမ်းထားသူပါ။ သူမဟာ ၂၀၁၆ ခုနှစ်မှာလည်း အမေရိကန်နိုင်ငံက ကျင်းပတဲ့ Music awards မှာ Best Music Debut ကို ရရှိခဲ့ပါသေးတယ်။

သူမဟာ အသံကောင်းပြီး အရည်အချင်းရှိတာအပြင် သူမရဲ့ ခန္ဓာကိုယ် အလှကြောင့်လည်း အမျိုးသား ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက် ရရှိထားသူ ဖြစ်ပါတယ်။

 

 

ဒါပေမယ့် ယနေ့၊ သြဂုတ်လ ၃ ရက်နေ့မှာ လေဆိပ်ကို ထွက်လာတဲ့ သူမရဲ့ပုံတွေ အွန်လိုင်းမှာ့်ပျံ့နှံ့ပြီးတဲ့နောက်မှာတော့ ပရိသတ်တော်တော်များများ အံ့အားသင့်ခဲ့ရပါတယ်။ သူမဟာ စင်ကာပူမှာ ပြုလုပ်မယ့် ပွဲတခုအတွက် ခရီးသွားဖို့ လေဆိပ်ရောက်လာတာ ဖြစ်ပါတယ်။

CL ကို ချစ်တဲ့ ပရိသတ်တွေကတော့ CL ဝလာတာ ဘာမှ မဖြစ်ကြောင်း၊ အနုပညာ အလုပ်တွေ နားနေချိန်မှာ ဝလာတာဟာ လက်ခံပေးလို့ရကြောင်း၊ ဝိတ်အနည်း ငယ်တက်လာတာဟာ ကိစ္စ မရှိကြောင်းနဲ့ သူမနေထိုင်ရတာ အဆင်မပြေ ဖြစ်လာပါက သူမ ဝိတ်ပြန်လျော့နိုင်တယ်ဆိုတာ ယုံကြည်ကြောင်း စသည်ဖြင့် မှတ်ချက် ဝင်ရောက်ပေးထားတာကို တွေ့ရပါတယ်။

ပရိသတ်အချို့ကတော့ သူမဟာ စိတ်ဖိစီးမှု အရမ်းများတာကြောင့် ဖြစ်နိုင်တယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။ သူမဟာ အသစ်ထွက်ရှိမယ့် အခွေအတွက် အလွန်စိတ်ဖိစီးမှု များနေတာဖြစ်ပြီး အမေရိကားမှာ တယောက်တည်း နေနေရတာကြောင့် အထီးကျန်မှုကို ခံစားနေရတယ်လို့ဆိုပါတယ်။

ပရိသတ်တွေကတော့ သူမဟာ မော်ဒယ် မဟုတ်တဲ့အတွက် ဝလာလည်း ကိစ္စမရှိသလို ဆက်လက် ထွက်ရှိလာမယ့် သီချင်းတွေ အရင်ထက် ပိုမိုကောင်းမယ်ဆိုတာ ယုံကြည်နေကြပါတယ်။ CL က 2NE1 အဖွဲ့နဲ့အတူတူ ၂၀၁၄ခုနှစ်တုန်းကလည်း မြန်မာနိုင်ငံကို လာရောက်ပြီး ဖျော်ဖြေ ခဲ့ပါသေးတယ်။

Ref; koreaboo.com

The post ခန္ဓာကိုယ် ဝဝကြီးကြောင့် ပရိသတ်ကို အံ့အားသင့်စေခဲ့တဲ့ အဆိုတော် CL appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...