Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အတိတ်ဆိုးတွေနဲ့ စိတ်ရောဂါကု ဆရာဝန်အကြောင်း ကြည့်ရှုရမယ့် “BackTrack”ရုပ်ရှင်

$
0
0

ဒီတခါမှာတော့ IMDB Rating (5.9) ရရှိထားတဲ့ “Drama ,Horror , Mystery” ရုပ်ရှင် အမျိုးအစား ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Michael Petroni ရိုက်ကူးထားတာ ဖြစ်ပြီး The Pianist မင်းသား Adrien Brody , Jenni Baird , Sam Neil နဲ့ အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ စိတ်ရောဂါကု ဆရာဝန်တယောက် Peter Bower ဟာ သူ့ရဲ့ လူနာတွေ ကနေ တဆင့် သိရှိလာခဲ့ရတဲ့ လျှို့ဝှက်ချက်တွေ၊ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေနဲ့ စတင်ထားပြီး သူကိုယ်တိုင်လည်း ရောဂါ ခံစားနေရကြောင်း သိရှိလာပြီးနောက်မှာ သူ့ကိုယ်သူ ကုသကယ်တင်ဖို့ ကြိုးစားလာရတဲ့ အခြေအနေနဲ့ စတင်ထားပါတယ်။

သူ့ရဲ့ အတိတ်ကာလမှာ သူကိုယ်တိုင် ကြောက်ရွံ့ခဲ့ရတဲ့ အရာတခု နောက်ပြီး သူ့ကိုယ်သူ ဖုံးကွယ် ထိမ်ချန်ထားတဲ့ လျှို့ဝှက်ချက်တခုနဲ့အတူ အရွယ်ရောက်လာခဲ့ရသူ စိတ်ရောဂါကု ဆရာဝန်တဦး အနေနဲ့ ဇာတ်လမ်းကို ဘယ်လို ဆွဲခေါ်သွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

သူ့ရဲ့သမီးဖြစ်သူဟာ ရထား အတိုက်ခံခဲ့ရတာကြောင့် အသက် ဆုံးရှုံးသွားခဲ့ရတာဖြစ်ပြီး ဒီအပေါ်မှာ ဖခင်တယောက် အနေနဲ့ရော ဆရာဝန် တယောက်အနေနဲ့ပါ ဘာမှ မတတ်နိုင်ခဲ့တဲ့အတွက်လည်း နောင်တ တစုံတရာ ရှိနေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ဝမ်းနည်းစရာ အဖြစ်အပျက်တွေအပြီးမှာ သူနဲ့သူ့ဇနီးဟာ ဆစ်ဒနီမြို့ကို အတူတကွ ပြောင်းရွှေ့ နေထိုင်ခဲ့ကြပါတယ်။ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ Dr.Duncan Stewart ဟာ သူ့အတွက် ထူးဆန်းတဲ့ လူနာတယောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒေါက်တာ Stewart နဲ့ သူ့ရဲ့လူနာတွေကြား လျှို့ဝှက်ချက်ကို သိရှိပြီးချိန်မှာတော့ Peter ဟာ သူ့ရဲ့ အတိတ်ဆိုးတွေရှိရာ၊ ဆုံးရှုံးမှုတွေရှိရာဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေ False Creek ကိုပဲ ပြန်လည် ခြေဦး လှည့်လာခဲ့ပါတော့တယ်။

အတိတ်ဆိုးတွေ နောက်က လိုက်လာနေတဲ့ စိတ်ရောဂါကု ဆရာဝန် တယောက်ဟာ ရှေ့ဆက်ပြီး ဘယ်လို ရုန်းကန် ရင်ဆိုင်ရဦးမလဲဆိုတာ ဇာတ်လမ်းကို ဆက်လက် ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းအကျဉ်းဟာ ဇာတ်လမ်းရဲ့ ၃ ပုံ ၁ ပုံခန့်သာ ရှိတာကြောင့် ဇာတ်လမ်းရဲ့ အထိတ်လန့်ရဆုံး အပိုင်းတွေတော့ မပါဝင်သေးပါဘူး။

“Horror, Drama” ရုပ်ရှင်ဇာတ်ကားပီပီ လှည့်ကွက် မြှုပ်ကွက်ပေါင်းများစွာနဲ့ ဝုန်းခနဲ ဒိုင်းခနဲ တုန်လှုပ်သွားစေမယ့် ဇာတ်ဝင်ခန်းတွေက ကြည့်ရှုသူကို ဆွဲဆောင်နိုင်မှာ jဖစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆို ပေးလိုက်ပါတယ်။

The post အတိတ်ဆိုးတွေနဲ့ စိတ်ရောဂါကု ဆရာဝန်အကြောင်း ကြည့်ရှုရမယ့် “BackTrack” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...