Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် ဖော်ကာရဲ့ ဇနီးဖြစ်သူ သားဦးလေး မွေးဖွား

$
0
0

အဆိုတော် ဖော်ကာနဲ့ ဇနီးဖြစ်သူ မပွင့်ဖြူအောင်တို့ရဲ့ သားလေးကို ဒီနေ့ သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းက Grand Hantha ဆေးရုံမှာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ မိခင်ကော ကလေးကော ကျန်းမာစွာ ရှိနေတယ်လို့ သိရပြီး ကလေးအဖေ ဖြစ်သွားတဲ့ ဖော်ကာအတွက် သူငယ်ချင်းများနဲ့ ပရိသတ်များက ဂုဏ်ယူနေကြပါတယ်။

 

 

အဆိုတော် ဖော်ကာကတော့ မွေးခန်းထဲက ထွက်လာတဲ့ သားလေးကို တစိမ့်စိမ့်ကြည့်လို့ မဝ ဖြစ်နေတယ်လို့ ဆိုထားပြီး ပရိသတ်တွေနဲ့ သူငယ်ချင်းတွေအတွက် သားဖြစ်သူရဲ့ ဓာတ်ပုံတွေကို သူရဲ့ Facebook ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။

အဆိုတော် ဖော်ကာနဲ့ အခုမွေးဖွားတဲ့ သားဖြစ်သူမှာ မွေးလချင်း တူတာလည်း တွေ့ရပါတယ်။ ဖော်ကာက သြဂုတ်လ ၂ ရက်နေ့မှာ အသက် ၃၂ နှစ်ပြည့်ခဲ့တာ ဖြစ်ပြီး သားလေးက သြဂုတ်လ ၃ ရက်နေ့မှာ မွေးခဲ့တာပါ။

 

 

အဆိုတော် ဖော်ကာနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ ပွင့်ဖြူအောင်တို့ရဲ့ မင်္ဂလာမော်ကွန်းတင် လက်မှတ် ရေးထိုးပွဲကိုတော့ အောက်တိုဘာ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဖော်ကာနဲ့ သူ့ဇနီး မပွင့်ဖြူအောင်က ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ ချစ်သူနဲ့ စတွေ့ခဲ့တာ ဖြစ်ပြီး ချစ်သူသက်တမ်း ၄ နှစ်ခွဲ အကြာမှာ လက်ထပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့၊ Melia ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုတော်ဖော်ကာ Wanted Band ရဲ့ အဖွဲ့ဝင်အဆိုရှင်တဦးဖြစ်ပြီး တေးသီချင်းများကို ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုကာ ပရိသတ်လက်ခံ အားပေးမှု ရရှိထားတဲ့ Rock အဆိုရှင်တဦးလည်း ဖြစ်ပါတယ်။ အရင်က SIR အဖွဲ့မှာ ပါဝင်ခဲ့ပြီး အခုအခါမှာတော့ Wanted Band အနေနဲ့ပဲ သီဆိုဖျော်ဖြေနေတာ ဖြစ်ပါတယ်။

The post အဆိုတော် ဖော်ကာရဲ့ ဇနီးဖြစ်သူ သားဦးလေး မွေးဖွား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles