Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အများကြီး ပေးဆပ်ထားတဲ့ ရုပ်ရှင်ကားတွေကို လက်လွတ်စပယ် မလုပ်သင့်ဘူး”

$
0
0

ရုပ်ရှင်ကားများ ရုံမတင်မီ လူမှုကွန်ရက် စာမျက်နှာများပေါ်မှာ ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး ရုပ်ရှင် ဇာတ်ကား တကား ဖြစ်လာဖို့အတွက် အများကြီး ပေးဆပ်ထားရတာကြောင့် လက်လွတ်စပယ် မလုပ်သင့်ဘူးလို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

“ရုပ်ရှင်ကားတွေ ရုံမတင်ခင် ပျံ့နှံ့တာက လူတွေရဲ့ စိတ်ဓာတ်နဲ့ဆိုင်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါတခုက ကိုယ်ချင်းစာ ကြည့်ပေါ့နော်။ ပိုက်ဆံတွေ အများကြီး သိန်းကိုထောင်ချီပြီး ကုန်ကျရတယ်။ ရုံတင်ပြီးသွားရင် နောက်လာမယ့် အကျိုးအမြတ်တွေ ရှိသေးတယ်။ အချိန်တွေ၊ အနုပညာတွေ အများကြီးပဲ။ အများကြီး ပေးဆပ်ထားတာတွေကို လက်လွတ်စပယ် လုပ်လိုက် တာတွေက ဘယ်ဘာသာပဲဖြစ်ဖြစ် လူတယောက်အနေရဲ့ အခြေခံစိတ်နဲ့ပဲ ဆိုင်တယ်လို့ ထင်ပါတယ်” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

အဲဒီကိစ္စရပ်များကို ပြုလုပ်တဲ့ သူများမှာ ကိုယ်ချင်းစာ စိတ်မရှိကြဘဲ ပြုလုပ်ကြပြီး သူတို့အတွက် ရည်ရွယ်ချက် မရှိဘဲ ပြုလုပ်ခဲ့ခြင်းဟာ တပါးသူအတွက် စီးပွားပျက်၊ ဘဝပျက်စေတဲ့အတွက် မလုပ်သင့်တဲ့ ကိစ္စရပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ်ချင်းစာစိတ် ရှိမယ်ဆိုရင် ဘယ်သူမှ မလုပ်ကြဘူး။ ကိုယ်ချင်းစာစိတ် မရှိကြလို့။ တချို့ဆို ပြောကြတယ်။ ဒီတိုင်းပဲ တင်လိုက်တာပါ။ ရည်ရွယ်ချက် မရှိပါဘူး။ အဲဒါမျိုးက ပိုဆိုးတယ်။ Like တွေ လိုချင်လို့ ဘာလိုချင်လို့ ညာလိုချင်လို့ ဆိုတာက ထားပါ။ ကိုယ်က အပျော်လုပ်ပြီး တဖက်လူ စီးပွားပျက် ဘဝပျက်တာ မလုပ်သင့်တဲ့ ကိစ္စပါ” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ “ဘော်ဘော်ကထှော်” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုပ်ရှင်ရုံအတွင်း ဖုန်းနဲ့ ဗီဒီယို ရိုက်ကူးနေခြင်းကို ပရိသတ်တဦးက တွေ့ရှိခဲ့ပြီး လာရောက် ေ့ပြာဆိုမှုများ ရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီလို ကိစ္စရပ်များအတွက် ဘယ်လို ကာကွယ်မှုများ ပြုလုပ်သွားရင် ဘယ်လို အဆင်ပြေမလဲ ဆိုတာကို ကိုပေါက်က အခုလို ဆိုပါတယ်။

“သူများ နိုင်ငံတွေမှာတော့ ရုံတွေမှာ နောက်က CCTV တွေ ရှိတယ်။ ဖုန်းတို့ ကင်မရာတို့က ဒီတိုင်း မီးပိတ်ပြီး ရိုက်လို့ ရတာမှ မဟုတ်တာ။ နောက်ကနေ CCTV နဲ့ ထောက်ထားလိုက်ရင် မီးလေး ကွက်ပြီး လင်းသွားတာနဲ့ ဘယ်ခုံက ရိုက်နေလဲ ဘာလဲဆိုတာကို လုပ်လို့ရတာပေါ့” လို့ ကိုပေါက်က ပြောပါတယ်။

မသမာသူများကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေကတော့ “ကျွန်မက နှင်းဆီပါမောင်” ၊ “ဥပါယ်တံမျဉ်” ၊ “My Country My Home (ဇာတိမြေ)” တို့ဖြစ်ပြီး ယခုလက်ရှိ အချိန်ထိ ဖြန့်ဝေခဲ့သူကို မသိရှိနိုင်သေးပါဘူး။

The post “အများကြီး ပေးဆပ်ထားတဲ့ ရုပ်ရှင်ကားတွေကို လက်လွတ်စပယ် မလုပ်သင့်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles