Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပိတ်ရက်မှာ အနားယူရင်း ကြည့်သင့်တဲ့ ရုပ်ရှင်ကား ၃ ကား

$
0
0

မိုးရာသီမှာ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဟာ အပြင်သွားဖို့ သိပ်အဆင်မပြေလှပါဘူး။ မိုးအေးအေးနဲ့ အပြင်မသွားဘဲ အိမ်မှာ အနားယူရင်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ကားတွေကို ညွှန်းပေးချင်ပါတယ်။ ဒီဇာတ်ကားတွေဟာ ရုပ်ရှင်ချစ်သူတွေကြားမှာ ကြည့်ကိုကြည့်သင့်တယ်ဆိုပြီး အများက ညွှန်းထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပိတ်ရက်မှာ အနားယူရင်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) The Pianist

 

 

၂၀၀၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဒီဇာတ်ကားဟာ IMDB Rating (8.5) ရရှိထားပြီး Rotten Tomato မှာ Rating ၉၅ ရာခိုင်နှုန်း ရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပိုလန်နိုင်ငံ ဝါးဆောမြို့မှာရှိတဲ့ ပိုလန်-ဂျူး ပီယာနိုသမားတယောက်ရဲ့ ဘဝကို ရိုက်ကူးထားတာပါ။

၁၉၄၀ ခုနှစ် ဝန်းကျင်မှာ ဟစ်တလာရဲ့ နာဇီတပ်တွေဟာ ဂျူးတွေကို အမြစ်ပြတ် သုတ်သင်တဲ့ အကြောင်းတွေ ဒုတိယ ကမ္ဘာစစ်ရဲ့ အနိဌာရုံများနဲ့ သမိုင်းများကို ထည့်သွင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။

(၂) Raazi

 

 

ဒီဇာတ်ကားကတော့ Raazi ဆိုတဲ့ အိန္ဒိယဇာတ်ကားပါ။ ပုံမှန်ရိုက်နေကျ အိန္ဒိယကားတွေနဲ့ မတူတာက ကတာတို့ သီချင်းဆိုတာတို့ မပါတာပါပဲ။ ဒီရုပ်ရှင်ဟာ ၁၉၇၁ ခုနှစ်မှာ ဖြစ်ပွားဖို့ အစပျိုးနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံ အရေးတွေအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဧရာဝတီမှာလည်း တခါ ညွှန်းဆိုဖူးပါတယ်။ ဇာတ်လမ်းအကျဉ်းကတော အိန္ဒိယမှာ နေထိုင်တဲ့ သာမန် တက္ကသိုလ်ကောလိပ်ကျောင်းသူ တဦးဟာ ကောလိပ်ပြီးခါစမှာ ဖခင် သဘောတူ ထားတဲ့ ပါကစ္စတန်နိုင်ငံမှ အမျိုးသားနဲ့ လက်ထပ်ပြီး ပါကစ္စတန်အရေးကို သူလျှိုလုပ်ကာ အိန္ဒိယနိုင်ငံကို ပြန်လည် ပို့ပေးရတာပါ။

သူမဟာ ပါကစ္စတန်ကိုရောက်ရှိသွားပြီးတဲ့နောက် တာဝန်ကို ကျေအောင် ထမ်းဆောင်နိုင်ပါ့မလား ဆိုတာ ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာ ကြည့်ရတဲ့ စုံထောက်အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ Rotten Tamato မှာ ၁၀၀ ရာခိုင်နှုန်းအပြည့် ရရှိထားတာဖြစ်လို့ တကယ် ကောင်းမွန်တဲ့ ဇာတ်ကားလို့ ညွှန်းချင်ပါတယ်။

ဆက်စပ် ဖတ်ရှုရန် လင့်ခ်အိန္ဒိယအမျိုးသမီး စပိုင်တဦးရဲ့ ဇာတ်ကြောင်းကို သရုပ်ဖော်ထားတဲ့ “Raazi” ရုပ်ရှင်

(၃) Isle Of Dogs

 

 

ဒီကာတွန်းကာဟာ ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိထားပြီး ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၆၃ ဒဿမ ၆ သန်း ရရှိထားတာပါ။ ကာတွန်းကားအမျိုးအစားပေါင်းများစွာ ရှိထဲအထဲက “Stop Motion” လို့ ခေါ်တဲ့ ဓာတ်ပုံများကို စုစည်းပြီး ရုပ်အရှင်အဖြစ် ပေါင်းစပ်ထားတဲ့ ဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ အိမ်မွေးခွေးလေးတွေမှာ ရောဂါတွေ စတင်ဖြစ်ပွားလာပြီး အိမ်မွေး ခွေးတွေကို ကျွန်းတကျွန်းမှာ သွားရောက် စွန့်ပစ်ထားရင်း ခွေးလေးတွေဟာ စိတ်ကျရောဂါကို စတင် ခံစားလာရပါတယ်။ မထင်မှတ်ဘဲ ခွေးလေးတွေ နားကို လေယာဉ်မောင်းသင်စ ကောင်လေး တယောက် ရောက်ရှိသွားပြီး ကောင်လေးနဲ့ ခွေးလေးတွေရဲ့ ဆက်နွယ်မှုတွေကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref; Box Office , Movie.com

The post ပိတ်ရက်မှာ အနားယူရင်း ကြည့်သင့်တဲ့ ရုပ်ရှင်ကား ၃ ကား appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...