Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နိုင်ငံတကာ ဂီတဈေးကွက်မှာ အောင်မြင်မှုရခဲ့တဲ့ စူစဲန်နာမင်းရဲ့ “100% Love” သီချင်းခွေ

$
0
0

မြန်မာခရစ်ယာန် အဆိုတော် စူစဲန်နာမင်းရဲ့ “100% Love” လို့ အမည်ရတဲ့ သီချင်းခွေဟာ အခွေ မထွက်ခင် ဇူလိုင်လ တတိယပတ်နဲ့ စတုတ္ထပတ်အတွင်း နိုင်ငံတကာ အွန်လိုင်းအရောင်းစတိုး iTunes ရဲ့ Pre Order ကြိုတင်မှာယူတဲ့ စာရင်းမှာ ပထမ အရောင်းရဆုံး စာရင်းဝင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Grammy ၂ ဆုရှင် Jason Mraz ရဲ့ “Know” ဆိုတဲ့ သီချင်း Album ဝင်ရောက်လာချိန်မှာ စူစဲန်နာမင်းရဲ့ သီချင်းဟာ ဒုတိယနေရာမှာ မှာယူမှုအများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ဒါကျမရဲ့ တတိယမြောက် Solo Album ပါ။ ပထမအခွေတုန်းက ခွေထွက်ပြီးမှာ iTunes ပေါ်မှာ တင်ဖြစ်တာ။ ဒီ 100% Love အခွေကိုတော့ စင်္ကာပူအခြေစိုက် GG Entertainment က မိတ်ဆွေက iTunes ပေါ်မှာ Pre- Order ရောင်းဖို့ အကြံပြုတာကြောင့် အခုလို စီစဉ်ဖြစ်သွားတာပါ” လို့ စူစဲန်နာမင်းက ဧရာဝတီကို ပြောပါတယ်။

အများဆုံး ကြိုတင်မှာယူတဲ့ နိုင်ငံတွေကတော့ အမေရိကား၊ သြစတြေးလျ ၊ စင်ကာပူ၊ နော်ဝေးနဲ့ ထိုင်းနိုင်ငံတွေက ဖြစ်ပြီး အခွေထွက်ပြီး နောက်မှာလည်း iTunes ရဲ့ အရောင်းရဆုံး Album ၁၀၀ ထဲမှာ တတိယအရောင်းရဆုံး စာရင်းဝင် ဖြစ်သွားတယ်လို့ သိရပါတယ်။

 

အဆိုတော် စူစဲန်နာမင်းရဲ့ “100% Love” သီချင်းခွေ

 

“ကျမက ဘယ်ဂီတမဆို အားလုံးကို နှစ်သက်ပါတယ်။ ကျမဆိုတဲ့ သီချင်းတွေက ချီးမွမ်းကိုးကွယ်ခြင်း သီချင်းတွေပဲ ဆိုဖြစ်တာပါ။ 100% Love ခွေထဲမှာတော့ မှတ်မှတ်ရရနဲ့ ထူးထူးခြားခြားဆိုရင် “နောင်တ” ဆိုတဲ့ သီချင်းကို ကိုရီးယား ဂီတပညာရှင် နေသန်ပါတ် က Arrangement လုပ်ပေးပြီး ကိုးရီးယားမှာရှိတဲ့ သူ့ရဲ့ Band နဲ့ တီးတာကို မြန်မာပြည်ကို လှမ်းပို့ပေးပြီ ဒီမှာ အဆိုပိုင်းကို ပြန်သွင်းခဲ့တာ။ တခါမှ မဆိုဘူးတဲ့ Kpop ပုံစံလေးပါ။ ဒါလေးကတော့ ထူးထူးခြားခြားပေါ့” လို့ စူစဲန်နာမင်းက ဆိုပါတယ်။

“100% Love” အခွေမှာ တေးရေးဆရာ ၈ ဦး ရေးထားတဲ့ သီချင်း ၁၂ ပုဒ် ပါဝင်ပြီး စူစဲန်နာမင်း အပါအဝင် အမျိုးသမီး တေးရေး ၂ ဦး ပါဝင်ရေးဖွဲ့ထားတယ်လို့ သိရပါတယ်။

“ကျမ နိုင်ငံခြားခရီးစဉ်တွေ သွားတဲ့အခါ အဲဒီနိုင်ငံက ကားတွေမှာ CD, DVD Drive တေ ွမပါတော့ဘူး။ နောက် ၅ နှစ် လောက်ဆို မြန်မာပြည်မှာလည်း CD တို့ DVD တို့ ခွေတွေ သုံးကြမယ် မထင်တော့ဘူး။ အဲဒါကြောင့် Digital Platform ကို မပြောင်းလို့ မရတော့ဘူး။ နောက်ပြီး YouTube မှာ ကိုယ့်ရဲ့ Official အကောင့်လုပ်ထားခြင်းအားဖြင့်လည်း ဝင်ငွေ ရနိုင်သလို့ ကြိုက်တဲ့လူ ကြိုက်သလောက် ခိုးကူးပြီး ပြန်တင် အဲဒီမှာဝင်တဲ့ ကြော်ငြာခတွေ အားလုံးဟာ ကိုယ့်ရဲ့ Official အကောင့်ထဲကိုပဲ ပြန်ဝင်မှာဖြစ်လို့ ဒီလမ်းကြောင်းကိုလည်း အသုံးပြုစေချင်ပါတယ်” စူစဲန်နာမင်းက ပြောပါတယ်။

စူစဲန်နာမင်းရဲ့ “100% Love” အခွေကို မြန်မာပြည်တွင်းမှာတော့ Audio CD အနေနဲ့ သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ The Sun Music Production ကနေ တနိုင်ငံလုံးကို ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။ အဆိုတော် စူစဲန်နာမင်းဟာ ယခု လက်ရှိ “100% Love” သီချင်းခွေ အပါအဝင် ၂၀၁၄ ခုနှစ်က “သန့်ရှင်းသောမီး” နဲ့ ၂၀၁၆ ခုနှစ်မှာ “100% Worship” အခွေတို့ ထွက်ရှိ ထားပါတယ်။

The post နိုင်ငံတကာ ဂီတဈေးကွက်မှာ အောင်မြင်မှုရခဲ့တဲ့ စူစဲန်နာမင်းရဲ့ “100% Love” သီချင်းခွေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...