Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အလှမယ်ပြိုင်ပွဲက အကျိုးမပေးဘူးလားမသိဘူး” လို့ ပြောလာသူ ရွှေအိမ်စည်

$
0
0

Miss Golden Land Myanmar 2018 ပြိုင်ပွဲကြီးမှာ ရခိုင်ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ်ရွှေအိမ်စည်ကတော့ Accident တခုကြောင့် ခြေထောက်ဒဏ်ရာရရှိခဲ့တာကြောင့် ပြိုင်ပွဲအတွက် စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

“အရေးကြီးတဲ့ အချိန်တခုရောက်ရင် ကံဆိုးတတ်တာက အစဉ်အလာတခုလိုဖြစ်နေပါတယ်။ မနေ့ညက Accident တခုဖြစ်သွားတယ်။ အိမ်စည်နဲ့ Pageant နဲ့အကျိုးမပေးဘူးလားမသိဘူး။ ဘာပဲဖြစ်ဖြစ် လုပ်နိုင်သလောက်တော့ ဆက်လုပ်ရမှာပဲ။ အတတ်နိုင်ဆုံးပေါ့”လို့ ရွှေအိမ်စည်က သူရဲ့ Facebook စာမျက်နှာမှာရေးသားထားပါတယ်။

ပြိုင်ပွဲမတိုင်ခင်ကြားထဲမှာ လက်ခံထားတဲ့ အလုပ်တွေကို မလုပ်ဖြစ်တော့တာအတွက်ကိုလည်း သူမရဲ့ ပရိသတ်များကို အသိပေးထားတာဖြစ်ပြီး ပြိုင်ပွဲမှာလည်း အကောင်းဆုံးကြိုးစားသွားမှာဖြစ်ပြီးတော့ ဒဏ်ရာအခြေအနေကြောင့် အဆင်မပြေခဲ့ရင်လည်း နားလည်ပေးပါလို့ ဆိုပါတယ်။

မတော်တဆကြောင့် ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တဲ့ ရွှေအိမ်စည်/ Shwe Eain Si’s Facebook

“ကြားထဲမှာ လက်ခံထားတဲ့ အလုပ်တွေမလုပ်နိုင်ဖြစ်တော့တာလည်း စိတ်မကောင်းပါဘူး။ ပြီးတော့ အိမ်စည့်ကို မျှော်လင့်ထားတဲ့ ပရိသတ်တွေကို ကြိုတင်အသိပေးထားတဲ့ သဘောပါ။ ဒီပြိုင်ပွဲမှာ အိမ်စည်အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်။ ဒါပေမယ့် ဒဏ်ရာအခြေအနေကြောင့် အဆင်မပြေဘူးဆိုလည်း အိမ်စည့်ကို နားလည်ပေးပါ” လို့ ရွှေအိမ်စည်က ပြောထားပါတယ်။

ရွှေအိမ်စည်ကတော့ ၂၀၁၇ခုနှစ်က Miss Grand 2017 ပြိုင်ပွဲကြီး သွားရောက်ယှဉ်ပြိုင်ခါနီးအချိန်တွင် Organization က သရဖူပြန်လည်သိမ်းယူခဲ့ပြီးနောက်မှာတော့ အလှမယ်ပြိုင်ပွဲများကို ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြောခဲ့တာတွေ ရှိခဲ့ပေမယ့် ယခုအခါမှာ တကျော့ပြန်ပြန်လည် ယှဉ်ပြိုင်မယ်ဆိုတဲ့ အကြောင်းဟာ ပရိသတ်ကိုအံ့သြသွားစေခဲ့ပါတယ်။

ရွှေအိမ်စည်ကတော့ ဒီပြိုင်ပွဲကို သရဖူပြန်လည်သိမ်းခံထားရဖူးပေမယ့် ပရိသတ်ပေးတဲ့ ခွန်အားနဲ့ ပြိုင်ပွဲကို ထပ်မံ ယှဉ်ပြိုင်ဖြစ်တာဖြစ်တယ်လို့ ပြောပါတယ်။

ရွှေအိမ်စည်က မော်ဒယ်အလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင်လျက်ရှိပြီး သရုပ်ဆောင်အနေနဲ့ ရုပ်ရှင်ကားများကိုလည်း ရိုက်ကူးနေသူတဦးပါ။

The post “အလှမယ်ပြိုင်ပွဲက အကျိုးမပေးဘူးလားမသိဘူး” လို့ ပြောလာသူ ရွှေအိမ်စည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...