Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Winner ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဒီလမ်းကြောင်းပေါ် ဆက်လျှောက်သွားမယ်”

$
0
0

Myanmar idol Season 3 သီချင်းဆိုပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုက သူ့ရဲ့ ပရိသတ်တွေ Fan Meeting တွေ့ဆုံပွဲကို သြဂုတ်လ၅ရက်နေ့ကရန်ကုန်မြို့ Gandamar Grand Ballroom မှာကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ ချမ်းမြေ့မောင်ချိုက အမှားတွေရှိခဲ့ပေမယ့် အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားကာ မှားခဲ့တာတွေကိုလည်း စိတ်မကောင်းဘူးလို့ မီဒီယာ တွေကိုပြောပါတယ်။

“Finalist ၂ယောက်က ကိုယ့်ဒေသကိုယ်ပြန်ပြီး ကိုယ့်Fan တွေနဲ့ ကိုယ်တွေ့ကြတယ်။ ပြိုင်ပွဲကလည်း လုပ်လာတာ ကြာပြီဆိုတော့ အိမ်ကိုလည်း လွမ်းတယ်။ အမေတို့ကိုလာတွေ့ရင်း Fan Meeting လေးလုပ်ဖြစ်တာပါ။ ဘယ်လောက်လဲ မှားခဲ့မှားခဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ တင်ဆက်ပါ့မယ်။ ဒီလိုမျိုးဖြစ်သွားတဲ့ အတွက်လည်း စိတ်မကောင်းပါဘူး”

“သမီးအရင်တုန်းက အင်္ဂလိပ်သီချင်းနားထောင်တာ များတယ်။ ခုတော့ မြန်မာသီချင်းတွေဆိုရတယ်။ အရမ်းစိတ်လှုပ်ရှား လို့ စာသားလေးတွေမေ့တာပါ။ ပွဲထဲမှာလူအရမ်းများတော့ စိတ်လဲလောသွားတယ်။ Mood လည်း အရမ်းဝင်သွားတော့ မဆိုရမယ့် အပိုင်းတွေလည်း ဆိုဖြစ်သွားတယ်။ အဲ့တာ အရမ်းစိတ်လှုပ်ရှားတာကြောင့်ပါ” လို့ ပြောပါတယ်။

ချမ်းမြေ့မောင်ချိုကို ပရိသတ်တွေကအားပေးမှုတွေရှိတာကြောင့် ဘယ်လောက်ပဲဝေဖန်ပါစေ စိတ်ဓာတ်မကျဘူးလို့ ဆိုပါတယ်။

“ပရိသတ်တွေက အားမငယ်နဲ့ သူတို့ရှိတယ်။ သူတို့ကြောင့်လည်း မောင်ချိုဆိုတာဖြစ်လာတဲ့အတွက် သူတို့စကား နားထောင်တယ်။ သူတို့ကတောင်အားမငယ်ပဲ ဆက်ပြီးအားပေးနေသေးတာ ကိုယ်ကဘာလို့ စိတ်ဓာတ်ကျရမှာလဲ။ သူတို့ကိုလည်း သမီးကျေးဇူးဆပ်ချင်တဲ့အတွက် စိတ်ကို ပြန်အားတင်းတယ်။ မရရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ ပြန်အားတင်း နေပါတယ်။ Winner ရသည်ဖြစ်စေမရသည်ဖြစ်စေ၊ သမီးကတော့ အနုပညာလမ်းကြောင်းမှာ သီချင်းတွေ လုပ်သွားမယ်။ ပရိသတ်တွေ ဘယ်လိုပုံစံတွေကြိုက်လဲ။ သမီးပြန်စဉ်းစားပြီးစီစစ်ပြီးသမီးလုပ်သွားမှာပါ”လို့ ချမ်းမြေ့မောင်ချိုက ပြောပါတယ်။

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံးယှဉ်ပြိုင်မှုကို လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Myanmar idol Season 3 winner ဆုအတွက် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို တို့ကို အားပေးတဲ့ ပရိသတ်တွေကတော့ အင်တိုက်အားတိုက်ကို အားပေးနေကြပြီး Winner ဖြစ်ဦးစလုံးက ရေပန်းစား နေကြပါတယ်။

The post “Winner ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဒီလမ်းကြောင်းပေါ် ဆက်လျှောက်သွားမယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...