Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“American Idol” အကြောင်း သိကောင်းစရာများ

$
0
0

အမေရိကန်ရဲ့ အဆိုပြိုင်ပွဲ ရုပ်သံရှိုးတခုဖြစ်တဲ့ American Idol ကို ၂၀၀၂ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံကို ယခင်က အင်္ဂလန်နိုင်မှာ Simon Fullerက Pop Idol ဆိုတဲ့ နာမည်နဲ့ ကျင်းပခဲ့ပေမယ့် အမေရိကန်မှာ စတင်ထုတ်လွှင့်တဲ့ အချိန်ရောက်မှ အောင်မြင်မှုကို ရရှိခဲ့တာပါ။

ဒီအစီအစဉ်ကိုကြည့်ရှုသူများပြားလာပြီးတဲ့ နောက်ပိုင်းမှာ ပရိုဂျူဆာဖြစ်တဲ့ Nigel Lythgoe ဟာ အစီအစဉ် အသစ်တွေဖြစ်တဲ့ ဖုန်းနဲ့ Vote ပေးခြင်း၊ ငယ်ဘဝဇာတ်လမ်းရိုက်ကူးပေးခြင်း၊ စတာတွေကို ထပ်မံပေါင်းထည့်ခဲ့ပါတယ်။

အမေရိကန် Idol ရဲ့ ဒိုင်တွေအဖြစ် ထုတ်လုပ်သူ Randy Jackson၊ အကပညာရှင်နဲ့ အဆိုတော်ဖြစ်သူ Paula abdul၊ အင်္ဂလန်နိုင်ငံ အဆိုပြိုင်ပွဲများရဲ့ ခေါင်းဆောင်ထုတ်လုပ်သူဖြစ်တဲ့ Simon cowell စတဲ့ သူတွေနဲ့ စတင်ခဲ့ပါတယ်။

ဒီဒိုင်လူကြီးတွေဟာ အဆိုပြိုင်ပွဲတွေမှာ အားနာခြင်းမရှိ ဘက်လိုက်ခြင်းမရှိဘူးဆိုတဲ့ နာမည်တွေနဲ့ကျော်ကြားသူတွေလည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ ရုပ်သံဝေဖန်သူတွေက ယှဉ်ပြိုင်သူတွေအတွက် အကျိုးအရှိဆုံး ပြိုင်ပွဲတခုအဖြစ် သတ်မှတ်ထားကြပါတယ်။

Vote ပေးတဲ့ ပုံစံတွေကတော့ အစပိုင်း Season တွေမှာ ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ် ပေးထားတဲ့ ဖုန်းနံပါတ်ကို မဲပေးရတာဖြစ်ပြီး အွန်လိုင်း Voting ကိုတော့ Season 10 မှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ ဆိုရင်တော့ American Idol Apps ကနေ တဆင့် vote ပေးနိုင်နေပြီဖြစ်ပါတယ်။ ဒီ apps မှာ voting ပေးတာအပြင် ပွဲစဉ်တလျောက် တိုက်ရိုက် ကြည့်ရှုနိုင်ခြင်း၊ ပြိုင်ပွဲဝင်တွေရဲ့ ပုံတွေကို စတေကာလုပ်ထားပေးခြင်း၊ ပွဲစဉ်တလျှောက် တိုက်ရိုက်မေးခွန်းမေးမြန်းနိုင်ခြင်း စတာတွေပါရှိပါတယ်။

American Idol မှာ အနိုင်ရရှိသူတွေရဲ့ သီချင်းတွေဟာလည်း ကမ္ဘာ့အဆင့် နာမည်ကျော် သီချင်းများ ဖြစ်လာကြပြီး အနိုင်ရရှိထားသူများဟာလည်း အောင်မြင်တဲ့ အဆိုတော်တွေအဖြစ် ရပ်တည်နေကြပါတယ်။

ယခုအချိန်မှာ Idol Show များကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံမှာ ကျင်းပနေပြီး အောင်မြင်မှု အမြောက် အများရရှိနေပါတယ်။

Ref;abcgo.com

The post “American Idol” အကြောင်း သိကောင်းစရာများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...