Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သန်းကြွယ်သူဌေးတွေ အများဆုံးရှိတဲ့ နိုင်ငံ (၅) ခု

$
0
0

စစ်တမ်းတွေအရ ကမ္ဘာတဝှမ်းလုံးမှာ သန်းကြွယ်သူဌေးပေါင်း ၂၂၀၈ ဦးခန့်ရှိပြီး အခုဖော်ပြထားတာတွေကတော့ ၂၀၁၈ ခုနှစ်ရဲ့ သန်းကြွယ်သူဌေးတွေ အများဆုံးရှိတဲ့ နိုင်ငံ (၅) ခုပဲ ဖြစ်ပါတယ်။

(၁) တရုတ်

တရုတ်

 

Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းကောက်ယူချက်အရ အာရှနိုင်ငံတွေထဲမှာရော ကမ္ဘာတဝှမ်းမှာပါ သန်းကြွယ်သူဌေး အများဆုံး ရှိတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဘီလျံနာဦးရေ ၆၀၉ ယောက်ရှိပြီး စစ်တမ်းတွေအရဆိုရင်တော့ တရုတ်နိုင်ငံဟာ ရက်သတ္တပတ် တပတ်ကြာတိုင်းမှာ ဘီလျံနာ ၂ ဦးကို မွေးထုတ်နိုင်တယ်လို့ သိရပါတယ်။

(၂) အမေရိကန်ပြည်ထောင်စု

အမေရိကန်ပြည်ထောင်စု

 

ကမ္ဘာ့အချမ်းသာဆုံး လူဆယ်ယောက်စာရင်းမှာ ရှစ်ယောက်လောက်ဟာ အမေရိကန်နိုင်ငံသားတွေပဲ ဖြစ်ပြီး တရုတ်နိုင်ငံပြီးရင် ဘီလျံနာအများဆုံးရှိတဲ့ ဒုတိယနိုင်ငံပဲ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ သန်းကြွယ်သူဌေးပေါင်း ၅၅၂ ယောက်ရှိပြီး သူတို့တွေဟာ Stock ဈေးကွက်မှာ အများဆုံး ရင်းနှီးမြှုပ်နှံကြသူတွေပဲ ဖြစ်ပါတယ်။

(၃) ဂျာမနီ

ဂျာမနီ

ဂျာမနီနိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်နိုင်ငံ တခုဖြစ်ပြီး Forbe မဂ္ဂဇင်းရဲ့ စစ်တမ်းတွေအရ ဂျာမနီနိုင်ငံမှာ ဘီလံျနာ အချမ်းသာဆုံးသူတွေကတော့ Beate Heister နဲ့ Karl Albrecht Jr တို့ပဲ ဖြစ်ပါတယ်။

(၄) အိန္ဒိယ

အိန္ဒိယ

အိန္ဒိယနိုင်ငံမှာဆိုရင်တော့ သန်းကြွယ်သူဌေးပေါင်း အယောက် ၁၀၀ ခန့်ရှိတယ်လို့သိရပြီး ဒီအယောက် ၁၀၀ ထဲက ၄ ဦး ကတော့ အမျိုးသမီးဘီလျံနာတွေပဲ ဖြစ်ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Mukesh Ambani ဆိုသူပဲ ဖြစ်ပါတယ်။

(၅) ဗြိတိန်

ဗြိတိန်

ဗြိတိန်နိုင်ငံဟာဆိုရင် ဘီလျံနာပေါင်း ၈၉ ယောက်ခန့်ကို ပိုင်ဆိုင်ထားပြီး အဲလိဇဘက်ဘုရင်မကြီးဟာ ဗြိတိန်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းထဲမှာ မပါဝင်ပေမယ့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံခေါင်းဆောင်တွေ စာရင်းမှာတော့ ပါဝင်ပါတယ်။

Ref. https://www.gobankingrates.com

The post သန်းကြွယ်သူဌေးတွေ အများဆုံးရှိတဲ့ နိုင်ငံ (၅) ခု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...