Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်ရိုက်ကွင်းမှာ အကြီးအကျယ် မြေပြိုမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ တရုတ်မင်းသား ဂျက်ကီချန်း

$
0
0

တရုတ်မင်းသား ဂျက်ကီချန်းနဲ့ သူ့ရဲ့ “Project X” ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေး အဖွဲ့ဟာ တရုတ် နိုင်ငံမှာရှိတဲ့ ဒေသတခုမှာ ရာသီဥတုဆိုးရွားမှု ဒဏ်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကိုယ်ပိုင်ဘလော့မှာ ဂန္တဝင် အက်ရှင်မင်းသားကြီးက ရိုက်ကူးရေးစတင်ချိန်မှာပဲ ရာသီဥတုက ရုတ်တရက် ပြောင်းလဲ သွားခဲ့ပြီး သူ့ရဲ့ အဖွဲ့သားတွေဟာ ကြီးမားတဲ့ မြေပြိုမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ အကြောင်း ရေးသားဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ရွံ့နွံတွေထဲမှာ နစ်မြုပ်နေတဲ့ ထုတ်လုပ်ရေးထရပ်ကားတွေနဲ့ ဘေးကင်းလုံခြုံစေဖို့ ကြိုးစားနေကြတဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို မြင်တွေ့ရတဲ့ အခင်းဖြစ်ပွားရာနေရာက ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။

 

 

ဂျက်ကီချန်းက “လိမ့်ကျလာတဲ့ ရွံ့နွံမြစ်ထဲမှာ ကျနော်တို့ရဲ့ ထုတ်လုပ်ရေး ထရပ်ကားတွေ ပါသွားခဲ့ပါတယ်။ ရုတ်တရက် ဖြစ်တာဆိုတော့ ထုတ်လုပ်ရေးအဖွဲ့သားတော်တော်များများက ကြောက်လန့်ခဲ့ ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ် မင်းသားကြီးက သူ့တို့ကို ကယ်ဆယ်ဖို့ လာခဲ့တဲ့ လူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး သူတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ ထရပ်ကားတွေကို အန္တရာယ်ကင်းစေဖို့ ကြီးမားတဲ့ ချိတ်ကားကြီးတွေနဲ့ ဆွဲခဲ့ရတဲ့ အကြောင်း လည်း ရှင်းပြခဲ့ပါတယ်။ ပြီးတော့ အခုလိုမျိုး ကြုံတွေ့စေခဲ့ရတဲ့အတွက် ထုတ်လုပ်ရေးအဖွဲ့သားတွေကို တောင်းပန်ခဲ့ပါတယ်။

သူက “ကျနော်တို့ိကို လာရောက်ကူညီပေးခဲ့တဲ့ လူတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ မြေပြိုမှုကြောင့် ထိတ်လန့် ကြောက်ရွံ့ခဲ့ ကြတဲ့ ရိုက်ကူးရေး အဖွဲ့သားတွေအားလုံးကိုလည်း တောင်းပန်လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်ပြီးသူက “ကျနော်တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဟာ ဒီအတွေ့အကြုံကနေ သင်ယူမှာဖြစ်ပြီး ရာသီဥတု အခြေအနေ အပေါ် ပိုသတိရှိဖို့၊ ကျနော်တို့ရဲ့ ရိုက်ကူးရေးအဖွဲ့သားတွေကို ကာကွယ်ရေး အကောင်းဆုံး လုပ်ဆောင်ဖို့နဲ့ လုပ်ငန်းခွင် အခြေအနေတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့ လုပ်ဆောင် သွားမှာပါ။ ကြိုးစားလုပ်ဆောင်ပေးခဲ့ကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

 

 

ဒါပေမယ့် အဲဒီဘလော့မှာတော့ ရိုက်ကူးရေးလုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံမှာရှိတဲ့ နေရာ အတိအကျကိုတော့ ဖော်ပြမထားခဲ့ဘဲ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အန္တရာယ်ကြီးမားတဲ့ ရေကြီးမှုနဲ့ မြေပြိုမှုတို့ အထိ ဖြစ်စေတဲ့ မုန်တိုင်းတွေရဲ့ဒဏ်ကို ယူနန် ပြည်နယ်မှာ ခံစားခဲ့ရပါတယ်။

“Project X” ရုပ်ရှင်ဟာ မင်းသား ဂျက်ကီချန်းရဲ့ ဟောင်ကောင်-တရုတ် ပူးတွဲထုတ်လုပ်တဲ့ ရုပ်ရှင်လည်း ဖြစ်ပြီး တရုတ်နိုင်ငံသားအများစု ပါဝင်ထားတာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်မှာ မင်းသားဟာ တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့ ရေနံချက်စက်ရုံကို တိုက်ခိုက်ဖို့ ကူညီမယ့် အမေရိကန် မရိန်း တပ်သားဟောင်းအဖြစ်သရုပ်ဆောင်မယ့် မင်းသား John Cena နဲ့အတူ ပါဝင်မှာ ဖြစ်ပါတယ်။

Ref: etcanada

The post ရုပ်ရှင်ရိုက်ကွင်းမှာ အကြီးအကျယ် မြေပြိုမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ တရုတ်မင်းသား ဂျက်ကီချန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...