ယနေ့ သြဂုတ်လ ၇ရက်နေ့မှာ ကျရောက်တဲ့ အကယ်ဒမီမြင့်မြတ်ရဲ့ မွေးနေ့မှာတော့ ထူးထူးခြားခြား သူ့ရဲ့ ရင်သွေးလေးကိုပါ ဇနီးဖြစ်သူက မွေးဖွားပေးခဲ့ပါတယ်။
မြင့်မြတ်အတွက် သရုပ်ဆောင်ခင်လှိုင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှတဆင့် အခုလို ဆုတောင်း စကားကို တင်ထားခဲ့ပါတယ်။
“ချစ်ညီလေးရဲ့ ဇနီးချောပေးတဲ့ မွေးနေ့လက်ဆောင်က သားဦးရတနာ ဖေဖေနဲ့ မွေးနေ့ထပ်တူကျတဲ့ သားကောင်း ရတနာလေးဖြစ်မှာ သေချာပါတယ်။ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးစရာ မလိုအောင် ပျော်ရွှင်နေမှာပါ။ ဒီလိုပျော်ရွှင်မှုမျိုး တဘဝလုံး ပိုင်ဆိုင်နိုင်ပါစေ ချစ်ညီလေးရေ” လို့ ခင်လှိုင်က ဆုတောင်း ထားပါတယ်။
ဇာတ်လိုက်လို့ ရုပ်ရှင်လောကသားများက ခေါ်ကြတဲ့ မြင့်မြတ်ရဲ့ ယနေ့မှာ ကျရောက်တဲ့ မွေးနေ့ကတော့ သူ့ရဲ့ မွေးနေ့ပေါင်းများစွာထဲမှာမှ ပျော်စရာ အကောင်းဆုံးနှင့် ဘယ်တော့မှ မေ့မရနိုင်တဲ့ အမှတ်တရနေ့ကြီးတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဇာတ်လိုက်လို့ ချစ်စနိုးနဲ့ ရုပ်ရှင်လောကသားများခေါ်ကြတဲ့ ချစ်ညီလေးမြင့်မြတ် ဒီနေ့မှာ ကျရောက်သော မွေးနေ့ကတော့ ချစ်ညီလေးဘဝမှာ တွေ့ကြုံခဲ့ရတဲ့ မွေးနေ့ပေါင်းများစွာထဲမှာ ပျော်စရာအကောင်းဆုံးနဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရနေ့ကြီးပါ” လို့ ခင်လှိုင်က ပြောပါတယ်။
မြင့်မြတ်ကတော့ ယနေ့မှာ ကျရောက်တဲ့သူ့ရဲ့မွေးနေ့မှာ သူ့ရဲ့အမျိုးသမီးဖြစ်သူက မွေးနေ့လက်ဆောင်အဖြစ် သားဦးရတနာလေးကို ဝိတိုရိယဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
မြင့်မြတ်နဲ့ ခင်လှိုင်တို့ကတော့ ဇာတ်ကားတော်တော်များများမှာ အတွဲညီစွာဖြင့် သရုပ်ဆောင်ခဲ့ကြပြီး “ခိုးဆိုးလုနှိုက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း ပရိသတ်ရဲ့ အကယ်ဒမီ တစ် ကြိုပေးခြင်း ခံခဲ့ရတဲ့သူတွေလည်း ဖြစ်ပါတယ်။
The post မြင့်မြတ်ရဲ့ သားဦးလေးအတွက် ခင်လှိုင်ရဲ့ဆုတောင်းစကား appeared first on ဧရာဝတီ.