Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိုးတွင်းအကုန်မှာ အချစ်ဟာသကား ရိုက်သွားဖို့ရှိတဲ့ သရုပ်ဆောင် ခါရာ

$
0
0

မိုးကုတ်သားတယောက်ဖြစ်တဲ့ သရုပ်ဆောင်ခါရာကတော့ ယခုနှစ်မိုးတွင်း ကာလ ပြီးဆုံးသွားတဲ့ အချိန်မှာ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ မိုးကုတ်မြို့မှာ အချစ်ဟာသကားရိုက်ကူးဖို့ရှိတယ်လို့ ပြောပါတယ်။

“၁၀လပိုင်းမှာ ရိုက်မှာပါ။ ရိုက်မှာကလည်း ကျနော်တို့မိုးကုတ်မြို့မှာ ရိုက်မှာပါ။ ၁၀လပိုင်းဆိုရင် အရမ်းကိုလှပြီးတော့ တောင်တွေမှာလည်း ပန်းရိုင်းတွေလည်း ပွင့်မယ့်အချိန်ဆိုတော့ အဲဒီအချိန်က အချစ်ကားရိုက်ဖို့အတွက် အကောင်း ဆုံးအချိန်လို့ထင်ပါတယ်။ နေရာတွေကတော့ အကုန် ကြည့်ပြီးပါပြီ” လို့ ခါရာက ပြောပါတယ်။

လတ်တလောမှာတော့ မိုးတွင်းပိုင်းဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ကူးမှုများကို နားထားပြီး ခန္ဓာကိုယ် ထိန်းသိမ်းမှုများ ပြုလုပ်ဖြစ်တယ်လို့ သိရပါတယ်။

“ပရိုဂရမ်လေးတွေ ရိုက်ဖြစ်တယ်။ ကြော်ငြာလေးတွေ ၊ ဓာတ်ပုံလေးတွေရိုက်ဖြစ်တယ်။ အဓိကက ဒီအချိန်မှာ ဘာကိုဦးစားပေးလုပ်ဖြစ်လဲဆိုရင် Boxing ထိုးတယ်။ တိုက်ကွမ်ဒို လေ့ကျင့်တယ်။ အဓိကကတော့ အက်ရှင်နဲ့ ပတ်သက်ပြီးတော့ လေ့လာဖြစ်တယ်။ Gym ဆော့ပြီးတာနဲ့ Boxing ထိုးတယ်။ အဓိကက ခန္ဓာကိုယ်ကို ပြုပြင် ဖြစ်တယ်။ ဒီမိုးတွင်းက အလုပ်တွေ ခဏနားထားတော့ မိုးရွာတော့ ရိုက်လို့မရဘူး။ ပြုပြင်တာ၊ ထိန်းသိမ်းတာတွေ လုပ်တယ်” လို့ ခါရာက ပြောပါတယ်။

၁၀ လပိုင်းမှာ ရိုက်ကူးမယ့် အချစ်ဟာသကားကိုလည်း မတူညီတဲ့ အချစ်ဟာသကား ပုံစံမျိုး ရိုက်ကူး သွားမှာ ဖြစ်ပြီး သူလုပ်နိုင်တဲ့ဟာသကားကို ချပြသွားမှာပါလို့ ခါရာကပြောပါတယ်။

“မိုးကုန်တာနဲ့ အချစ်ဟာသကားလေးရိုက်ဖို့ရှိတယ်။ မတူညီတဲ့ အချစ်ဟာသကားလေးဖြစ်မှာပါ။ ဟာသကားကို ကျနော်လုပ်နိုင်တဲ့ ၊ ချပြချင်တဲ့ဟာသကားကို ချပြသွားမှာပါ” လို့ ခါရာက ပြောပါတယ်။

ဇာတ်ကားများကို ကိုယ်တိုင်ပရိုဂျူဆာပြုလုပ်ပြီး ရိုက်ကူးလျက်ရှိတဲ့ ခါရာကတော့ ပရိသတ်တွေ ဝေဖန်လျက်ရှိတဲ့ “ပေါကား” ဆိုတဲ့ အသုံးအနှုန်းပေါ်သူ့ရဲ့အမြင်ကို အခုလိုပဲပြောပြထားပါတယ်။

“ပရိသတ်တွေပြောနေကြတဲ့ ပေါကား ဆိုတာက ကျနော့်အထင် ဇာတ်လမ်း၊ ဇာတ်အိမ် မခိုင်လုံတဲ့ ကားတွေကို ပြောတယ်လို့ထင်ပါတယ်။ ဘယ်လောက်ပိုက်ဆံတွေ သုံးထားတယ်။ ဘယ်လောက် ကုန်ကျတယ်ဆိုတာကို ပြောတာမဟုတ်ဘဲနဲ့ အဓိကက ဇာတ်လမ်း၊ ဇာတ်အိမ် မခိုင်လုံတဲ့ အဖြစ် ရိုက်တဲ့ ကားတွေကို ပေါကားလို့ သတ်မှတ်ပါတယ်” လို့ ခါရာက ပြောပါတယ်။

ခါရာရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးဖြစ်တဲ့ “Dimensions” (မျက်နှာပြင်များ) ရုပ်ရှင် ဇာတ်ကားကြီး ကလည်း သြဂုတ်လ ၉ရက်နေ့မှာတော့ စင်ကာပူနိုင်ငံမှာ သွားရောက် ပြသတော့မှာ ဖြစ်ပြီး ယခုနှစ်အတွင်းမှာလည်း သူပါဝင်သရုပ်ဆောင် ထားတဲ့ “မနေ့ကဖြစ်သည် ၂”၊ “ချစ်ခြင်းစတုဂံ” ဆိုတဲ့ ဇာတ်လမ်းတွဲများကို ပြသသွားဖို့ရှိတယ်လို့ သိရပါတယ်။

The post မိုးတွင်းအကုန်မှာ အချစ်ဟာသကား ရိုက်သွားဖို့ရှိတဲ့ သရုပ်ဆောင် ခါရာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...