Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်နှစ်ခု ရိုက်ကူးရေးကြားမှာ နှုတ်ခမ်းမွှေး ဖြုတ်ရေး၊ တပ်ရေးကိစ္စ ကြုံခဲ့ရတဲ့ Henry Cavill

$
0
0

ဒါရိုက်တာ Christopher McQuarrie က Justice League ရုပ်ရှင် ပြန်လည် ရိုက်ကူးရေးအတွက် အဓိက ကျတဲ့ မင်းသား Henry Cavill ရဲ့နှုတ်ခမ်းမွှေးနဲ့ ပတ်သက်လို့ Paramount Pictures နဲ့ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးတို့ကြားမှာ ညှိနှိုင်းခဲ့ရတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

“Mission: Impossible – Fallout” ရုပ်ရှင်မှာ ပါဝင်မယ့် ဇာတ်ရုပ်အတွက် အရှည်ထားထားတဲ့ မင်းသား Cavill ရဲ့ နှုတ်ခမ်းမွှေးဟာ Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက Justice League ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးမှာ ဖြစ်တဲ့အတွက် မျက်နှာပေါ်က အမွှေးအမျှင်တွေကို ဖယ်ရှားရမယ့် အချိန်မှာတော့ ကမ္ဘာ့သတင်းတခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် Paramount Pictures နဲ့ မင်းသားရဲ့ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီချက်ဟာလည်း အဓိက အဟန့်အတား ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် Warner Bros က မလျှော့မတင်းလမ်းကို ရွေးခဲ့ပြီး Cavill ရဲ့ နှုတ်ခမ်းမွှေးကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ ဖျောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ထဲမှာ မပီမပြင် ဖျက်ထားတဲ့ ပုံစံကို ပရိသတ်တချို့က တွေ့မြင်ခဲ့ကြ ရပါတယ်။

Empire podcast နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာတော့ ဒါရိုက်တာ McQuarrie က Justice League ထုတ်လုပ်ရေးမှူး Charles Roven ဟာ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးရမယ့် အခြေအနေတွေ အကြောင်းကို ရှင်းပြဖို့ သူ့ဆီဖုန်းခေါ်ခဲ့ပြီး နှုတ်ခမ်းမွှေးကို ဖယ်ရှားပေးစေချင်တဲ့ အကြောင်း ပြောလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ McQuarrie က “ကျနော်ခင်ဗျားတို့ကို လုပ်ပေးနိုင်တဲ့ အလုပ်အားလုံးကို လုပ်ပေးမှာပါ။ ဒါပေမယ့် ကျနော်တို့ရဲ့ ထုတ်လုပ်ရေးအကြောင်း စဉ်းစားရပါဦးမယ်။ ရိုက်ကူးရေးအချိန်ဇယား ဘာဖြစ်မယ်ဆိုတာ လူတိုင်းကို ပြောရပါဦးမယ်”

“ပြီးတော့ Fallout ထုတ်လုပ်သူ Jake Myers နဲ့ စကားပြောရပြီး နှုတ်ခမ်းမွှေးကို ကျနော်တို့ ရိတ်လိုက်မယ်ဆိုရင် မင်းသား Cavill က အရှည်ပြန်ထားဖို့ အချိန်ဘယ်လောက် စောင့်ရမလဲ ဆိုတာကိုလည်း ပြောကြဆိုကြရဦးမှာပါလို့ ကျနော်က ပြန်ပြောလိုက်တယ်။ သူတို့ကရဲ့ မင်းသားရဲ့ နှုတ်ခမ်းမွှေးကို ဒစ်ဂျယ်တယ်နဲ့ ပြန်ဖြည့်ပေးဖို့ ငွေကြေးအရင်းအမြစ် ပေးမယ်လို့ ပြောခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

Fallout ရုပ်ရှင်ထုတ်လုပ်သူ Myers က နှုတ်ခမ်းမွှေးအထူးပြုလုပ်ချက်အတွက် ကန်ဒေါ်လာ ၃ သန်း ထပ်ဆောင်း ကျသင့်မယ့်အကြောင်း စတူဒီယိုကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Paramount ကုမ္ပဏီ ပိုင်ရှင်တွေကတော့ အဲဒီအစီအစဉ်နဲ့ ပတ်သက်လို့ သဘောမတူဘဲ ရပ်ခိုင်းခဲ့ပါတယ်။

သူတို့ဆီ ဒေါ်လာ ၃ သန်းပေးပြီး မင်းသားရဲ့ နှုတ်ခမ်းမွှေးပြန်ရှည်လာတာကို စောင့်ဖို့ ရုပ်ရှင်ကို ခေတ္တနားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Paramount ရဲ့ ကုမ္ပဏီ အကြီးအကဲတဦးကတော့ ရုပ်ရှင်ကို ဆက်ရိုက်မှာ ဖြစ်ကြောင်း ပြောခဲ့ပြီးတဲ့ နောက် အစီအစဉ်အတိုင်း ဆက်လုပ်ဖြစ်ခဲ့တဲ့ အကြောင်း ဒါရိုက်တာက ပြောဆိုထားပါတယ်။

Ref:indiaexpress

The post ရုပ်ရှင်နှစ်ခု ရိုက်ကူးရေးကြားမှာ နှုတ်ခမ်းမွှေး ဖြုတ်ရေး၊ တပ်ရေးကိစ္စ ကြုံခဲ့ရတဲ့ Henry Cavill appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343