Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Tom and Jerry ကာတွန်းကား နောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာများ

$
0
0

ကလေးဘဝအရွယ်ကတည်းက နှစ်သက်စွာကြည့်ရှုခဲ့ကြတဲ့ ကြောင်နဲ့ကြွက်ကာတွန်းကားရယ်လို့ လူသိများခဲ့ကြတဲ့ Tom and Jerry ကာတွန်းကားရဲ့ နောက်ကွယ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေရှိပါတယ်။

အဲဒီအကြောင်းအရာတွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) ကလေးဘဝတည်းကနေ “Tom and Jerry” ကို စွဲစွဲလမ်းလမ်း ကြည့်ရှုခဲ့ကြဖူးပေမယ့် Tom and Jerry ကာတွန်းကား ဖန်တီးသူတွေကိုတော့ မသိခဲ့ကြပါဘူး။ William Hanna နဲ့ Joseph Barbera တို့နှစ်ဦးဟာ Tom and Jerry ကာတွန်းကားကို ရေးဆွဲဖန်တီးခဲ့တာဖြစ်ပြီး Top Cat, Scooby doo နဲ့ The Smurfs စတဲ့ နာမည်ကျော်ကာတွန်းကားတွေကိုလည်း ဖန်တီးခဲ့သူတွေလည်း ဖြစ်ပါတယ်။

(၂) Tom and Jerry ကာတွန်းကားရဲ့ ပရိသတ်အများစုဟာ ကလေးတွေဖြစ်တာကြောင့် ဇာတ်ဝင်ခန်း အများစုမှာ သွေးထွက်သံယိုအခန်းတွေ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဒါ့အပြင် Tom နဲ့ Jerry တို့ဟာ ၁၉၇၅ ခုနှစ်မှာထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာတော့ အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။

(၃) ၁၉၄၀ အစောပိုင်းကာလတွေရဲ့ ဇာတ်ဝင်ခန်းတွေမှာတော့ Tom ရဲ့နာမည်ဟာ Jasper ဖြစ်ပြီး Jerry မှာတော့ နာမည်မရှိသေးပါဘူး။ ဒီလိုနာမည်တွေပေးနိုင်ဖို့ကိုပဲ အပြိုင်အဆိုင်ဖြစ်ခဲ့ကြတဲ့ သမိုင်းတွေရှိခဲ့ပြီး လေလံစနစ်မှာ Animator ဖြစ်တဲ့ John Carr က အနိုင်ရရှိခဲ့တာကြောင့် Tom နဲ့ Jerry ရယ်လို့ နာမည်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

(၃) Tom and Jerry ကာတွန်းကားဟာ အော်စကာဆု ၁၃ ဆိုရရှိခဲ့ပြီး ပထမဦးဆုံး အော်စကာဆု ရတဲ့ ဇာတ်လမ်းကတော့ ၁၉၄၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Yankee Doodle House နဲ့ပဲ ဖြစ်ပါတယ်။ အာကာသအေဂျင်စီတခုဖြစ်တဲ့ NASA ဟာ ၎င်းတို့ရဲ့ ဂြိုလ်တုနှစ်ခုကို Tom and Jerry လို့တောင် နာမည်ပေးခဲ့ပါသေးတယ်။

(၄) Tom and Jerry ကာတွန်းကားကို အများစုကြိုက်နှစ်သက်ကြတဲ့ အကြောင်းက စကားပြောတဲ့ ဇာတ်ဝင်ခန်းတွေ မပါဝင်ဘဲ ရယ်မောရတာကြောင့်ပဲ ဖြစ်ပါတယ်။ Tom and Jerry ကာတွန်းကား တွေရဲ့သက်တမ်းတလျှောက်မှာ စကားပြောပါဝင်မှု အများဆုံး အခန်းကတော့ Tom က သူကြိုက်တဲ့ ကြောင်မလေးကို လူပျိုလှည့်တဲ့ ဇာတ်ဝင်ခန်းမှာပဲ စကားပြောတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

(၅) အမေရိကန်နိုင်ငံရဲ့ ခရစ်စမတ်ပွဲတော်ကာလတွေမှာ သောက်သုံးတဲ့ ကော့တေးလ်တမျိုးကို Tom and Jerry လို့နာမည်ပေးထားပြီး ဒီကော့တေးလ်မှာတော့ ကွေကာအုပ်နဲ့ ရမ်တို့ကို ထည့်သွင်း ဖျော်စပ်ထားတာပါ။ ဒီကော့တေးလ်ကို တီထွင်ခဲ့သူကတော့ Tom and Jerry ကာတွန်းကားရဲ့ မူလအစ Story book ကိုရေးသားခဲ့သူ စာရေးဆရာက တီထွင်ခဲ့တာဖြစ်ပါတယ်။

Ref ; www.gkfacts.in

The post Tom and Jerry ကာတွန်းကား နောက်ကွယ်က စိတ်ဝင်စားဖွယ် အကြောင်းအရာများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles