Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“များသောအားဖြင့် နတ်ကတော်ဆိုတာ ခပ်နွဲ့နွဲ့တွေလို့ ထင်ကြတယ်”

$
0
0

ဒါရိုက်တာနေပိုင်က မကြာမီမှာ နတ်ကတော်များအကြောင်းကို ရိုက်ကူးထားတဲ့ “အထက်တန်းစား” ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ နေပိုင်က အခုလိုဆိုပါတယ်။

“တရားကို နတ်စောင့်တယ်။ ဘယ်သူပျက်ပျက် ကိုယ်မပျက်ဘူး။ သူဌေးကြီးပဲ ဖြစ်နေပါစေ။ အတွင်း သဏ္ဍာန်စိတ်က ကွေးကောက်နေရင် အဲဒီလူက ဘယ်တော့မှ အထက်တန်းစားဖြစ်မှာ မဟုတ်ဘူး။ အောက်တန်းစားပဲဖြစ်မယ်လို့ ပြချင်လို့ အထက်တန်းစားဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်မှာပါ”လို့ ဒါရိုက်တာနေပိုင်က ဧရာဝတီကို ပြောပါတယ်။

ဒီရုပ်ရှင်က စာရေးဆရာမ ရွှန်းမြအိမ်ရဲ့ “ပထမတန်းစား”ဆိုတဲ့ ဝတ္ထုကို မိုးနီလွင်က ဇာတ်ညွှန်း ရေးဖွဲ့ပြီး ဒါရိုက်တာနေပိုင်က”အထက်တန်းစား”ဆိုတဲ့ အမည်နဲ့ ရိုက်ကူးမှာပါ။ ဒီရုပ်ရှင်ကားကြီးမှာ နေတိုးကို ကန္နားစီးအဖြစ် ပုံဖော်မယ်လို့ သိရပါတယ်။

“ဒီဇာတ်လမ်းက ဘာသာရေးဘက်ကို ဦးတည်တာပါ။ များသောအားဖြင့် နတ်ကတော်ဆိုတာ ခပ်နွဲ့နွဲ့တွေလို့ ထင်ကြတယ်။ ဒီဇာတ်ကားထဲက နေတိုးရဲ့ “အောင်စည်” ဆိုတဲ့ဇာတ်ရုပ်က ဘယ်သူလာလာ မမှုဘူး။ တရားကို နတ်စောင့်တယ်ဆိုတဲ့ စကားနဲ့ပဲ သူဟာ ငါးပါးသီလကို လုံခြုံတယ်။ ဘာသာရေးကို ကိုင်းရှိုင်းတယ်။ ပြီးတော့ ဟိုဘက်က အခြောက်တွေနဲ့ ကန္နားစီး အောင်စည် ဆိုတာကို ကွဲပြားအောင် နှစ်ခုရောပြီး ထည့်ပြထားမယ်” လို့ ဒါရိုက်တာ နေပိုင်က ပြောပါတယ်။

“နေတိုးကတော့ ကျွမ်းပါတယ်။ တချို့ဆို အခြောက်တွေပါတဲ့ ကြားထဲမှာ ကိုယ်ပါ တခါတလေ ရောနွဲ့ သွားတတ်တယ်။ အဲဒါကိုပဲ ကျနော်အဓိကထားပြီး ကြည့်ရမှာပါ။ ဒီဇာတ်ကားက Traditional (ရိုးရာ) တွေလည်း ပါသလို ဇာတ်အိမ်ကလည်း ခိုင်မာတယ်”လို့ ဒါရိုက်တာ နေပိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိရိုးဖလာ နတ်ကိုးကွယ် ယုံကြည်မှုတွေ ရှိတဲ့အတွက် ရိုက်ကူး ပုံဖော်ရာမှာ အတိမ်းအစောင်း ဖြစ်မှာကိုလည်း ဒါရိုက်တာနေပိုင်က စိုးရိမ်တယ်လို့ ပြောပါတယ်။

“စိုးရိမ်လို့လည်း ဆရာကြီး ကန္နားစီး ဦးဝင်းနိုင်ကို အကူအညီတောင်းတာပါ။ ဒီလို နတ်ကတော်ကား ဆိုတာ ကျနော် ပထမဆုံး ရိုက်ဖူးတဲ့ကားလည်း ဖြစ်တယ်။ ဒီကားက ကတာကအစ ကန္နားစီး တယောက် ကပြီဆို ဘယ်လိုကလဲ။ လက် အနေအထားကအစ အမှားခံလို့ မရဘူး။ ပြီးတော့ နတ်ရုပ်တွေကို စင်ပေါ်တင်တာကအစ အပေါ်တန်းမှာ တင်ရတဲ့ နတ်ရုပ် ရှိတယ်။ အောက်တန်းမှာ ထားရတဲ့ နတ်ရုပ်ရှိတယ်။ ကျနော် အဲဒါတွေ နားမလည်ဘူး။ ဒါကို ဆရာကြီးဦးဝင်းလှိုင်က ကူညီ ပံ့ပိုးပေးပါတယ်”လို့ ဒါရိုက်တာ နေပိုင်က ဆိုပါတယ်။

ရုပ်ရှင်လောကမှာလည်း ရှားပါးတဲ့ ဇာတ်တခုဖြစ်တဲ့အတွက် ဒီဇာတ်လမ်းကို ဒါရိုက်တာနေပိုင်က အတိုက်အခံ လုပ်ပြီး ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မိရိုးဖလာ ကိုးကွယ်မှု၊ ယုံကြည်မှုများထဲမှာ ယုံကြည်စိတ်တခု ရှိထားရှိတာနဲ့ ပတ်သက်ပြီး ဒါရိုက်တာနေပိုင်က အခုလို ပြောပြပါတယ်။

“ယုံကြည်သင့်တာကိုတော့ ယုံသင့်တယ်။ ကျနော်ဆို အဘဘိုးမင်းခေါင်ကို ကိုးကွယ်တယ်။ အခု ဒီဇာတ်လမ်းတွဲမှာဆို တောင်ပြုံးပွဲအကြောင်း ပါတယ်။ အဲဒီမှာ ရိုက်ချင်တယ်။ ဒါပေမယ့် အဲဒီမှာ ရိုက်ဖို့ ဘယ်လိုမှ အဆင်မပြေဘူးလို့ ဆရာကြီးကပြောတော့ အဲဒီမှာ မရရင် အဘထွက်ပွဲမှာ သွားရိုက်မယ်လို့။ ကျနော်တကယ်လည်း သွားရိုက်မှာ။ အဘထွက်ပွဲမှာ ဆရာကြီးတို့ကတဲ့ နတ်ကွန်းရှိတယ်။ အဲဒီမှာ သွားရိုက်မယ်”လို့ ဆိုပါတယ်။

နေတိုးအတွက် ကိုကြီးကျော်ဝတ်စုံနဲ့ ပုပ္ပါးမယ်တော်ဝတ်စုံကို တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာပြင်ဆင် ဖန်တီးပြီးပြီလို့လည်း ဒါရိုက်တာနေပိုင်က ဧရာဝတီကို ပြောပါတယ်။ ဒါရိုက်တာ နေပိုင်အနေနဲ့ နတ်ဇာတ်လမ်းကို ဖန်တီးရိုက်ကူးတာ ပထမဆုံးဖြစ်ပြီး နေတိုးနဲ့လည်း တွေ့ဆုံ ရိုက်ကူးမှုကလည်း ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

The post “များသောအားဖြင့် နတ်ကတော်ဆိုတာ ခပ်နွဲ့နွဲ့တွေလို့ ထင်ကြတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...