Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အခုချိန်မှာ ဘုရားတရားလုပ်ပြီး ပဋ္ဌာန်းပဲ ရွတ်နေပါတယ်”

$
0
0

ပရိသတ်တွေကို အမြဲတမ်း ပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့ လူရွှင်တော် ကြာစိက လက်ရှိမှာ စိတ်ညစ်စရာ ကိစ္စတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ကို အောက်လမ်း နည်းတွေနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ကြာစိက ဧရာဝတီကို ေ့ပြာပါတယ်။

“အခုလက်ရှိ ကျနော့် ဇနီးက ဘာမှမစားနိုင်ဘူး။ စားသမျှ ပြန်အန်နေတယ်။ အားမရှိဘူး။ ဆေးသွင်း နေရတယ်။ ဒီလိုတွေဖြစ်တော့ ခံစားရတာပေ့ါ။ အသက် ၂ ချောင်းလေ။ လုပ်တာက ကျနော့်ကိုလည်း လုပ်တယ်။ ကျနော်တို့ လင်မယား နှစ်ယောက်စလုံးကို အောက်လမ်းနဲ့ လုပ်ခဲ့တာ။ ဒါပေမယ့် ကျနော်က ဘာမှမဖြစ်ဘဲ ဇနီးကိုပဲ ထိတာ။ ဒီလိုလုပ်ဖို့ ရန်ငြိုးရန်စတော့ မရှိဘူး။ အခုချိန်ထိတော့ မပြီးသေးပါဘူး။ ကြိတ်ခံနေတာ’’လို့ လူရွှင်တော် ကြာစိက ပြောပါတယ်။

ကြာစိရဲ့ အမျိုးသမီးက အခုလက်ရှိမှာ ကိုယ်ဝန်ဆောင်ထားရတာ ဖြစ်ပြီး မကြာခင် လပိုင်းအတွင်း ခွဲမွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ကလေးက ကျနော့်တို့ အတွက် အရမ်းကို အရေးကြီးတယ်။ ကံကောင်းတဲ့ ကလေးမှန်းသိလို့ ကလေးပျက်ကျအောင်ကို လုပ်တာတွေလည်း ရှိတယ်။ ဒီကလေးက တော်တော်လေးကို ကုသိုလ်ကံကောင်းတဲ့ ကလေးမို့လို့ ဒီအချိန်ထိ ရှိနေတာ။ သေချာတာက ကျနော်တို့ ဒီကလေးကို ရိုးရိုးမွေးလို့ မရဘဲ ခွဲမွေးရမယ်။ သူ့မှာလည်း အား မရှိဘူးလေ။ ၉ လပိုင်းကျော် ၁၀ လပိုင်း လောက်မှာ မွေးဖြစ်မယ်ထင်တယ်။ ကလေးကိုလည်း ခွဲမွေးရမယ်ပေါ့။ ခွဲမွေးမယ်။ သမီးလေး မွေးမှာပါ” လို့ ကြာစိက ဆိုပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သိပ်မပြောချင်တော့ဘူးလို့လည်း ကြာစိက ဆိုပါတယ်။ “ကိုယ်တွေက ပြောရင် မီဒီယာတွေကလည်း ရေးချင်တာရေးနဲ့ ဆိုတော့ ကိုယ်ထမင်းကိုယ်စားပြီး ဆဲခံနေရတယ်”လို့ ကြာစိက ပြောပါတယ်။

“မယုံကြည်ကြတဲ့သူတွေကများတော့ ပြောလို့မကောင်းဘူးလေ။ အဲ့လိုအကြောင်းတွေ လိုင်းပေါ်မှာ ဆဲကြတော့ ကိုယ်တွေပဲ ခံစားရတာ ကိုယ်တွေပဲသိတယ်။ ကျနော့် အမျိုးသမီးကတော့ အားငယ်နေတာပေါ့။ ကျနော်ဘာမှ မပြောတော့ပါဘူး။ ယုံကြည်ကြသူတွေရှိသလို မယုံကြည်ကြသူတွေလည်းရှိတော့ ဒါကြီးက အင်တာဗျူးလည်း ဖြေလို့ မကောင်းဘူး”

“အခုချိန်မှာ ကိုယ့်ဟာကိုယ် ဘုရားတရားလုပ်ပြီး ပဋ္ဌာန်းပဲ ရွတ်နေပါတယ်။ ကျနော်တို့ Facebook ပေါ်တင်တာတွေ မီဒီယာတွေက ယူယူသွားပြီး ခေါင်းစဉ်တွေပေးကြတော့ မီဒီယာတွေကိုတော့ စိတ်အနှောင့်အယှက်တော့ မဖြစ်ပါဘူး။ ကိုယ်တွေပဲ ကံဆိုးနေတာပါ။ မနေ့တနေ့ကလည်း Page တွေက တင်လိုက်တာ မိန်းမက Facebook ကြည့်လိုက်တာနဲ့ ပိုဆိုးသွားတယ်။ နဂိုမှ လဲနေတဲ့ သူဆိုတော့” လို့ ကြာစိက ဆိုပါတယ်။

5 Star လူရွှင်တော် အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန်အကြောင်းကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား ပေါက်သွားခဲ့ပါသေးတယ်။

The post “အခုချိန်မှာ ဘုရားတရားလုပ်ပြီး ပဋ္ဌာန်းပဲ ရွတ်နေပါတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...