Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျိုလီနဲ့ကလေးတွေကို ထောက်ပံ့ငွေ ဒေါ်လာ ၁ သန်းကျော် ပေးခဲ့ကြောင်း ဘရက်ပစ် ပြန်လည် ချေပ

$
0
0

မင်းသား ဘရက်ပစ်ဟာ သူ့ရဲ့ ကလေးတွေကို ထောက်ပံ့ခဲ့ခြင်း မရှိခဲ့ဘူးလို့ဆိုတဲ့ စွပ်စွဲချက်တွေကို ပြန်လည် ချေပလိုက်ပြီး ကာလကြာရှည်နေပြီဖြစ်တဲ့ ကွာရှင်းရေး အစီအစဉ်မှာ ဂျိုလီက မီဒီယာကို လွှမ်းမိုးဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ ဇနီးဟောင်း အန်ဂျလီနာဂျိုလီကို စွပ်စွဲပြောဆိုလိုက်ပါတယ်။

“Brangelina” လို့ တခါက လူသိများခဲ့တဲ့ နာမည်ကျော် ဟောလိဝုဒ် စုံတွဲနှစ်ဦးကြား ခါးသီးတဲ့ စွပ်စွဲချက်တွေ ဖြစ်ပေါ်လာ ခဲ့ချိန်မှာတော့ မင်းသားဟာ ၂၀၁၆ ခုနှစ်တုန်းက သူတို့နှစ်ဦး လမ်းခွဲပြီးချိန်က စလို့ ဂျိုလီနဲ့ ကလေး ၆ ယောက်အတွက် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၃ သန်း ပေးခဲ့တယ်လို့ မင်းသားရဲ့ ရှေ့နေတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ် အထူးတရားရုံးမှာ တင်သွင်းခဲ့တဲ့ အချက်အလက်တွေ အရဆိုရင် ရှေ့နေတွေက မင်းသားဟာ ဂျိုလီရဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ အိမ်ကို ဝယ်ဖို့ ကန်ဒေါ်လာ ၈ သန်း ချေးပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဂျိုလီရဲ့ ရှေ့နေတွေကတော့ မင်းသားဟာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ကွာရှင်းဖို့ မင်းသမီး ဘက်ကနေ တောင်းခံခဲ့ချိန်ကစလို့ ကလေးစရိတ် ထောက်ပံ့ခဲ့တာ မရှိဘူးဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့မှာ ပြောဆိုထားခဲ့တာပါ။

မင်းသားရဲ့ ရှေ့နေတွေကတော့ ဂျိုလီရဲ့ ပြောဆိုချက်တွေဟာ မီဒီယာရဲ့ လွှမ်းမိုးမှုကို သိမ်းပိုက်ဖို့ သေးငယ်တဲ့ ကြိုးပမ်းမှု တခုဖြစ်တဲ့အကြောင်း ပြောကြားထားတာပါ။ မင်းသမီးရဲ့ ကိုယ်စားလှယ် တွေကတော့ သြဂုတ်လ ၈ ရက်နေ့မှာ မှတ်ချက် ပေးဖို့ တောင်းဆိုထားတာကို ပြန်လည် ဖြေဆိုတာ မရှိသေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့မှာတော့ မင်းသမီးရဲ့ ပြောခွင့်ရအမျိုးသမီးက သူ့ရဲ့ တရားရုံးကို ဦးတိုက် လျှောက်ထားမှုဟာ လက်ထပ်မှုကို ရုပ်သိမ်းဖို့အတွက်သာ ဖြစ်ပြီး သူတို့ရဲ့ ကလေးတွေအတွက် ပူးတွဲမိဘတွေအဖြစ် သူရဲ့ ဘရက်ပစ်ကို ခွင့်ပြုပေးဖို့သာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မင်းသားနဲ့မင်းသမီးတို့ဟာ ဟောလိဝုဒ်ရဲ့ စံအထားရဆုံး စုံတွဲအဖြစ် ၁၀ နှစ်ကြာ ချစ်သက်တမ်းရှိခဲ့ပြီး အိမ်ထောင်သက်တမ်း ၂ နှစ်ရှိခဲ့တာပါ။ သူတို့ နှစ်ဦးမှာ ကလေး ၆ ဦးရှိပြီး ဂျိုလီဘက်ကနေ ထိန်းသိမ်း စောင့်ရှောက်ခွင့် တောင်းခံထားတာလည်း ဖြစ်ပါတယ်။

“Maleficent” ရုပ်ရှင်မင်းသမီး ဂျိုလီကတော့ ကွာရှင်းမှုကို ၂၀၁၈ ခုနှစ်အကုန်မှာ အပြီးသတ်ချင်တယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် မင်းသားရဲ့ တရားရုံးအချက်အလက်တွေ ထဲမှာတော့ ကွာရှင်းခွင့်ကို အရှိန်မြှင့်ဖို့ ပထမဆုံး တောင်းဆိုထားတာ ဂျိုလီ မဟုတ်ဘဲ မင်းသား ဘရက်ပစ်သာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

မင်းသားဟာ ကလေးတွေအပေါ် နှိပ်စက်ညှင်းပန်းမှု မရှိကြောင်း စုံစမ်းစစ်ဆေး ခံနေရချိန်အတွင်းမှာ ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်ခွင့်ရရေး နှစ်ဦးနှစ်ဖက်က ကြိုးပမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောင့်ခွင့် နောက်ဆုံး စီစဉ်မှုကိုတော့ အခုထိ သဘောမတူရသေးပါဘူး။

ဆက်စပ် သတင်းလင့်ခ်ကလေးစရိတ် လုံလုံလောက်လောက် မပေးခဲ့ကြောင်း ဘရက်ပစ်ကို ဂျိုလီ စွပ်စွဲ

ဆက်စပ် သတင်းလင့်ခ်ကလေးများကို အုပ်ထိန်းခွင့် သဘောတူညီချက် အသစ် ရခဲ့တဲ့ ဂျိုလီတို့ စုံတွဲ

Ref: asiaone

The post ဂျိုလီနဲ့ကလေးတွေကို ထောက်ပံ့ငွေ ဒေါ်လာ ၁ သန်းကျော် ပေးခဲ့ကြောင်း ဘရက်ပစ် ပြန်လည် ချေပ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...