Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဆယ်စုနှစ်ကျော် အောင်မြင်မှုနဲ့ ရပ်တည်နေဆဲ ဝတ်မှုံရွှေရည်

$
0
0

ဒီနေ့ဟာ သရုပ်ဆောင် မင်းသမီး ဝတ်မှုံရွှေရည်ရဲ့ အသက် ၃၀ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသမီးတွေထဲမှာ အအောင်မြင်ဆုံး မင်းသမီးတဦးလို့ ပြောရမယ့် ဝတ်မှုံရွှေရည်က သူ့ရဲ့မွေးနေ့ကို ဒီနေ့မှာပဲ မှော်ဘီ အောင်ဇဗ္မူတောရ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ရင်း ကုသိုလ်ယူခဲ့ပါတယ်။

ဝတ်မှုံရွှေရည်က သရုပ်ဆောင်လောကကို ၂၀၀၅ခုနှစ်မှာ Kanebo အလှကုန်ပစ္စည်းကြော်ငြာနဲ့ စတင်ဝင်ရောက်လာခဲ့ပြီး ဂျပန်မလေးနဲ့ တူတယ်ဆိုပြီး အများက သတိထားမိခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက် ကြော်ငြာများကို မင်းသားနေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့ ရိုက်ကူးခဲ့ရပြီး အချိန်တိုအတွင်းမှာ အောင်မြင်လာခဲ့ပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ ကြော်ငြာများ ၊ ကာရာအိုကေ သီချင်းများမှာ အတူတူသရုပ်ဆောင်ရင်း ပရိသတ်အားပေးခြင်းကို ပိုမိုရရှိလာခဲ့သူ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကို အိမ်နာမည် ကစ်ကစ်လို့ ခေါ်တာကြောင့် အနုပညာလောကမှာလည်း ကစ်ကစ်ဆိုတဲ့ နာမည်ကိုလည်း ပရိသတ်များက ခေါ်ဆိုလာခဲ့ကြပါတယ်။

အနုပညာလောကထဲကို နာမည်ကြီး အဆိုတော် မင်းသားနဲ့ကြိုက်ပြီး လူသိများလာတယ်လို့ ဝေဖန်ခံခဲ့ရပေမယ့် ဝတ်မှုံရွှေရည်က နောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းမှာ အကယ်ဒမီထူးချွန်ဆု ၂ဆု ရတဲ့အထိ ကြိုးစားခဲ့တာကြောင့် ပင်ကိုယ်အရည်အချင်းရှိတဲ့ မင်းသမီးတဦးဆိုတာ ပရိသတ်ကို ချပြနိုင်ခဲ့ပါတယ်။

ဝတ်မှုံရွှေရည်က ၂၀၁၃ ခုနှစ်မှာ ဒါရိုက်တာ ဝိုင်းရိုက်ကူးတဲ့ “နင်စေရင်” ရုပ်ရှင်ကားနဲ့ အကောင်းဆုံး ဇာတ်ဆောင်ဆု ၊ ၂၀၁၆ခုနှစ်မှာ “နှလုံးသားဖြင့် ပြုလုပ်သည်” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု တို့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ “ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ဆိုတဲ့ဇာတ်ကားမှာ အတူပြန်သရုပ်ဆောင်ပြီး ရိုက်ကူးမှုများပြုလုပ်ခဲ့လို့ ပရိသတ်များရဲ့ စိတ်ဝင်စားမှုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။

 

“ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်” ရုပ်ရှင် မိတ်ဆက်ပွဲမှာ စိုင်းစိုင်းနဲ့အတူ တွေ့ရတဲ့ ဝတ်မှုံရွှေရည်

 

ဝတ်မှုံရွှေရည်က အနုပညာအစပိုင်းမှာတင် မဂ္ဂဇင်းအလှဓာတ်ပုံများ ၊ ကြော်ငြာအများကိုလည်း လက်ခံရိုက်ကူးခဲ့ရလို့ အလှဓာတ်ပုံ အများဆုံးရိုက်ကူးရတဲ့ မင်းသမီးတဦးဆိုရင်လည်း မမှားပါဘူး။ ဝတ်မှုံရွှေရည်ရဲ့ ဖက်ရှင်များကလည်း လူငယ်မိန်းကလေးတွေကြားမှာ ရေပန်းစားလှပါတယ်။

ဝတ်မှုံရွှေရည်က တခါကပွဲတက် မြန်မာဝတ်စုံနဲ့ ပတ်သက်ပြီးလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ အဝတ်အစားပိုင်းကို ဂရုတစိုက်နဲ့ ဝတ်ဆင်လာတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က သူမရဲ့ပရိသတ်များအတွက် “Kit Kit Collection” ဆိုပြီး Handmade ပစ္စည်းများ၊ ပုဝါများ၊ သူမပုံ ပါတဲ့ ခေါင်းဦးများနဲ့ ဓာတ်ပုံ အယ်ဘမ်များကိုလည်း ထုတ်လုပ်ရောင်းချခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။

ဝတ်မှုံရွှေရည်က မြန်မာနဲ့ထိုင်း ရိုက်ကူးခဲ့တဲ့ “From Bangkok To Mandalay” ဆိုတဲ့ ဇာတ်ကားမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ သရုပ်ဆောင်ခဲ့ရသေးတယ်။ ဒီဇာတ်ကားကလည်း မြန်မာနိုင်ငံမှာရော၊ ထိုင်းနိုင်ငံမှာပါ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က ငယ်ရွယ်ပြီး ချောမောလှပတဲ့ မင်းသမီးတဦးဖြစ်နေတဲ့အတွက် ကုန်ပစ္စည်းတော်တော်များများရဲ့ Brand Ambassador အဖြစ်လည်း ခန့်အပ်ခြင်းခံထားရလည်း ဖြစ်ပါတယ်။

 

သရုပ်ဆောင် ဝတ်မှုံရွှေရည်

 

ဝတ်မှုံရွှေရည်က လက်ရှိမှာ မြန်မာရုပ်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခွင့်ရတဲ့ အအောင်မြင်ဆုံး မင်းသမီး တဦးဖြစ်ပြီး အချစ်ရေးအနေနဲ့ကတော့ ဘာအသံမှ မကြားသေးဘဲ သူမရဲ့ အချစ်ရေးကိုလည်း ပရိသတ်များက စိတ်ဝင်တစားစောင့်ကြည့်ခံနေရတဲ့ မင်းသမီးတဦးလည်း ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်ဟာ ၂၀၀၅ ခုနှစ်ဝန်းကျင်က အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာမလို့ အခုဆိုရင် အချိန် ၁ ၃နှစ်ကြာအောင် အနုပညာလောကမှာ နာမည်ကျော်ကြားအောင်မြင်နေတဲ့ မင်းသမီးဖြစ်ပါတယ်။

The post ဆယ်စုနှစ်ကျော် အောင်မြင်မှုနဲ့ ရပ်တည်နေဆဲ ဝတ်မှုံရွှေရည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...